ယာဉ် ပိုင်ရှင်များနှင့် ကားဝယ်မည့်သူများအတွက် နောက်ဆုံးပေါ်လိမ်နည်းနဲ့ အလုံးစုံ ယူသွားတာပါ…

မှား ပြီးမဝယ်မိစေရန် အသိပေးအပ်ပါသည်… 3K/2054 YGN Toyota Alphard အဖြူရောင် မော်တော်ယာဉ်အား ခိုးယူမောင်းနှင် ထွက်ပြေးတိမ်းရှောင်သွားသူမှ ကားလိုက်ရောင်းနေပါတယ်…

ဖြစ်စဉ်ကဒီလိုပါ ကျနော့်ရဲ့မိတ်ဆွေဖြစ်သူကားအား နိုင်ငံခြားသားထံဌားရမ်းရန် ယာဉ်မောင်း၏ပြောဆိုမှုအရ ၁လ ၁၀သိန်းဖြင့်ဌားမည်ဆိုပါက ချိတ်ဆက်ပေးမည် ယာဉ်ပိုင်ရှင်ကိုယ်တိုင် စာချုပ်ချုပ်ရမည် ယာဉ်ပိုင်ဆိုင်မှုအထောက်အထားအားလုံးပြရမည် စီစစ်မည် ပိုင်ရှင်မှန်လျင်ဌားမည် ပြောဆိုသဖြင့် ယာဉ်ပိုင်ရှင်မှ ဌားရန်သဘောတူခဲ့ပြီး ၁၉.၁.၂၀၂၀ နေ့တွင် ဆီဒိုးနားဟိုတယ်သို့သွားရန်စီစဉ်ကြပြီး စမ်းချောင်းမှဟိုတယ်သို့မသွားမီ ယာဉ်မောင်းမှနေ့လည်စာစားရန်တောင်းဆိုသဖြင့် ဒဂုံမြို့နယ်ရှိ Feel စားသောက်ဆိုင်သို့ သွားကြစဉ် ယာဉ်မောင်းမှမေးပါတယ် Owner book အရောင်းအဝယ်စာချုပ်ပါလားလို့မေးပါတယ်… အားလုံးပါလာကြောင်းဖြေလိုက်ပါတယ်…

ဒါနဲ့စားသောက်ဆိုင်ရှေ့ရောက်တော့ ကားပါကင်မထိုးမီ ယာဉ်ပိုင်ရှင်ကို အရင်ဆင်းခိုင်းလိုက်ပါတယ်။ ယာဉ်ပိုင်ရှင်ဆိုင်ထဲဝင်သွားပြီးစောင့်ဆိုင်းနေပေမယ့် ယာဉ်မောင်းရောက်မလာလို့ထွက်ကြည့်တော့ လူလည်းမတွေ့ ကားလည်းမတွေ့ ဖုန်းဆက်တော့ စက်ပိတ်လိုက်ရာ နီးရာရဲစခန်းကိုအကြောင်းကြားပြီး အမှုဖွင့်လိုက်ပါပြီး…

အဆိုပါကားကိုမဝယ်မိစေရန် အသိပေးခြင်းဖြစ်ပါတယ်…

Soe Lin