မြန် မာနိုင်ငံနှ င့် ၀ူဟန်မြို့အကြားလေကြောင်းလိုင်းကို ယနေ့(ဇန်န၀ါရီလ ၂၄ ရက်)မှစတင်ကာ ရပ်နားထားပြီဖြစ်ကြောင်း လေကြောင်းပို့ဆောင်ရေးညွန်ကြားမှုဦးစီးဌာနမှ သိရသည်။China Eastern လေကြောင်းလိုင်းသည် မြန်မာနိုင်ငံမှ တရုတ်နိုင်ငံ၊ ဝူဟန်မြို့အကြား တိုက်ရိုက်ပျံသန်းသည့် လေကြောင်းလိုင်းဖြစ်ကြောင်း သိရသည်။

“ ဝူဟန်နဲ့ပျံသန်းတဲ့ဘယ်လေကြောင်းလိုင်းမဆို အကုန်ရပ်နားထားပါတယ်။ ပျံသန်းလို့မရပါဘူး။ တရုတ်အာဏာပိုင်တွေကိုယ်တိုင်ကပိတ်ထားတာဖြစ်တဲ့အတွက်ဆင်းလို့မရပါဘူး။ မန္တလေးမှမဟုတ်ပါဘူး။ ရန်ကုန်လည်းအတူတူပါပဲ။ ဝူဟန်နဲ့တိုက်ရိုက်ပျံသန်းတဲ့လေကြောင်းလိုင်းမှန်သမျှဆင်းလို့မရပါဘူး” ဟု လေကြောင်းပို့ဆောင်ရေးညွန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက အကုန်သိသတင်းဌာနသို့ ပြောသည်။

အဆိုပါကူးစက်ရောဂါကို တရုတ်နိုင်ငံ၊ ဝူဟန်မြို့တွင်စတင်တွေ့ရှိခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင်လည်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနအောက်ရှိ QARNTE အဖွဲ့သည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ဝင်ပေါက်၌ စစ်ဆေးမှုများပြုလုပ်နေကြောင်း သိရသည်။

တရုတ်နိုင်ငံအလယ်ပိုင်း၊ ဝူဟန်မြို့တွင်စတင်တွေ့ရှိခဲ့သည့် Corona Virus ကြောင့်သေဆုံးသူအရေအတွက်မှာ တဖြည်းဖြည်းမြင့်တက်လာပြီး အဆိုပါရောဂါမှာ လူတစ်ဦးမှတစ်ဦးသို့လျင်မြန်စွာကူးစက်နိုင်ကြောင်း သိရသည်။တရုတ်အာဏာပိုင်အဖွဲ့သည် ဝူဟန်မြို့မှထွက်ခွာမည့် လေယာဉ်ပျံသန်းမှုခရီးစဉ်၊ ရထားခရီးစဉ်အားလုံးကို ဇန်နဝါရီလ ၂၃ ရက်မှစတင်ကာ ပိတ်ထားခဲ့ခြင်းဖြစ်သည်။

အကုန်သိ