သ ရုပ်ဆောင်တစ်ဦးဖြစ်တဲ့ နေဒွေးနဲ့ မော်ဒယ်လ်တစ်ဦးဖြစ်တဲ့ သံစဉ်မောင်တို့ရဲ့ ပြဿနာကို ပရိသတ်ကြီးတို့လည်း သိကြမှာပါ….လူမှုကွန်ရက်ပေါ်မှာ ထွက်ပေါ်နေတဲ့ ဓာတ်ပုံတွေဟာ သူနဲ့လည်းမဟုတ်သလို သူတင်တာလည်းမဟုတ်ကြောင်းနဲ့ ဘယ်သူ့ကိုမှ ကိုယ်ထိလက်ရောက် မကျူးလွန်ခဲ့ဘူးလို့ မီဒီယာတွေကနေတစ်ဆင့် ဖြေရှင်းခဲ့တဲ့ နေဒွေးရဲ့ အင်တာဗျူးလေးကိုလည်း ကြည့်ပြီးကြမယ်ထင်ပါတယ်…

လတ်တလောမှာတော့ သံစဉ်မောင်ဟာ နေဒွေးကို သက်သေအထောက်အထားနဲ့ တကွ တရားစွဲဖို့ ဆုံးဖြတ်လိုက်ပြီလို့ အကုန်သိသတင်းဌာနမှ တင်ဆက်တဲ့ သတင်းတစ်ပုဒ်အရ သိရပါတယ်…

ခုလိုတရားစွဲဖို့ ဆုံးဖြတ်ရတာနဲ့ ပတ်သက်ပြီး သံစဉ်မောင် ပြောခဲ့ရာမှာတော့ ဒီလိုတရားစွဲရတာဟာ ဂုဏ်သိက္ခာအရရော ခုလိုမျိုးနေဒွေးကနေ သေချာပြင်ဆင်ပြီးမှ သူမကို စွပ်စွဲပြောဆိုတဲ့အတွက်ကြောင့် ရှေ့နေတွေနဲ့ တိုင်ပင်ပြီး သက်သေအထားအထားတွေနဲ့ တရားရင်ဆိုင်ဖို့ ပြင်ဆင်နေပြီလို့ သံစဉ်မောင်က ဆိုခဲ့တာပါ…….ဒါ့အပြင် ဒီကိစ္စကြောင့် မိသားစုပတ်ဝန်းကျင်မှာပါ ဂုဏ်သိက္ခာကျရတဲ့အတွက် တရားစွဲဖို့ ဆုံးဖြတ်လိုက်တာဖြစ်တယ်လို့ သံစဉ်မောင်က ဆိုခဲ့ပါတယ်….

ဒီလိုတရားစွဲဖို့ စီစဉ်လာရခြင်းဟာ သရုပ်ဆောင်နေဒွေးတစ်ယောက် လူမှုကွန်ရက်မှာဖြစ်ပျက်နေတဲ့ ဖြစ်စဉ်တွေဟာ သူနဲ့ မပတ်သက်ဘဲ ဖြစ်စဉ်မမှန်ကြောင်း အင်တာဗျူးဖြေဆိုခဲ့ပြီးတဲ့နောက်မှာ ဖြစ်ပေါ်လာတာပဲ ဖြစ်ပါတယ်…

Writer – HW (Shwe Yaung Lan)
Source : အကုန်သိ