မြန် မာ လူမျိုးတော်တော်များများဟာ စိတ်နှလုံးသား နူးညံ့ပြီးတော့ အိမ်မွေးတိရိစ္ဆာန်တွေကို ချစ်ခင်တတ်ကြသူတွေဖြစ်ပါတယ်။ သတ္တဝါအချင်းချင်း မွေးမြူတတ်ကြသလို ၊အချို့က ရင်ဝယ်သားသဖွယ် မွေးမြူတတ်ကြသူတွေလည်း ရှိပါတယ်နော်။

ဒီအခါတော့ အဲ့လို တိရိစ္ဆာန်ချစ်သူတွေ အတွက် သတင်းဆိုး တစ်ခုပါပဲ။ ဒါကတော့ အိမ်မွေးတိရိစ္ဆာန်တွေကို မှတ်ပုံမတင် အခွန်မဆောင်ပဲ မွေးမယ်ဆိုရင် ပထမအကြိမ်ငွေဒဏ် ၁- ၅ သိန်း အထိ ဒဏ်ရိုက်နိုင်ပြီးတော့ ၊ နောက်ထပ် ကျူးလွန်ရင်တော့ ထောင် ၆ လအထိ ချမှတ်နိုင်တယ်လို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးဌာနကနေ ထုတ်ပြန်ကြေငြာလိုက်ပြီဖြစ်ပါတယ်။

ဒါကြောင့် အိမ်မွေးတိရိစ္ဆာန်ရှိသူတွေ အထူးသတိထားသင့်ပါတယ်။ ကိုယ်က ခွေးလေးကြောင်လေး ချစ်လို့မွေးပေမယ့် မှတ်ပုံတင်မထားမိဘူးဆိုရင်တော့ ထောင်ပါကျနိုင်လို့အသိပေးလိုက်ပါတယ်နော်။

Writer – SMT ( Shwe Yaung Lan )