







Pray for wuhan!

Pray for us!!



Unicode

ဝူဟန်မြို့မှာပိတ်မိနေတဲ့ မြန်မာကျောင်းသားတစ်ယောက် ဖွင့်ဟလာတဲ့ လက်ရှိဝူဟန်မြို့အခြေအနေ

လက်ရှိမှာ ကမ္ဘာ့ရေပန်းအစားဆုံးသတင်းတစ်ခုဖြစ်တဲ့ ဝူဟန်ဗိုင်းရပ်စ်ကတော့ လူလူချင်းကို လျင်မြန်စွာကူးစက်နိုင်တာကြောင့် ကမ္ဘာကပင်ကြောက်ရွံ့နေကြပါတယ်။

ဒီဗိုင်းရပ်ကို ဘယ်ကစ ပြန့်မှန်းမသိသလို ကုသရမယ့် နည်းလမ်းကိုလည်း ဆေးပညာရှင်တွေက ရှာမနေနိုင်သေးပါဘူး ။ ဝူဟန်မြို့မှာလည်း စုစုပေါင်း ကူးစက်သူ ၅၀၀ ကျော်ရှိပြီးတော့ သေဆုံးသူက ၁၇ ဦးရှိခဲ့ပြီလို့ သိရပါတယ်။

ဝူဟန်မြို့မှာ ပညာသင်ကြားနေတဲ့ မြန်မာနိုင်ငံသား ၁၀၀ ကျော် ရှိပြီးတော့ လက်ရှိမှာတော့ မြို့ဟာ ကြောက်လန့်စရာဖြစ်နေတဲ့အကြောင်းကို စည်သူဆိုတဲ့ လူမှုကွန်ရက်အကောင့်ပိုင်ရှင်က အခုလိုပဲ ပြောပြလာပါတယ်။

ယခုလက်ရှိ ဝူဟန့် မြို့ အခြေအနေ

ဝူဟန့်မှာ ကျနော်အပါအဝင် မြန်မာကျောင်းသား တစ်ရာကျော်ရှိပါတယ် ။ ကျောင်းပိတ်ရက်မို့ မြန်မာပြည်ပြန်သွားတာက တစ်ဝက်လောက်ရှိမယ်ထင်ပါတယ် ။

Zombie ကားတွေ ကြည့်ဖူးတယ်မှတ်လား ။အဲ့လိုပဲ ၊ မြို့က video file တွေအရတော့ အတော်ခြောက်ခြားသွားပြီ ။ပုံမှန် မုန်လာထုပ် ၁၀ ယွမ်လောက်က ယွမ် ၃၀ လောက် ဖြစ်သွားတယ် ။ ( ပုံတွေအရ)ဒါပေမယ့် အဆောင်အပြင်မထွက်ဖို့ သတိပေးထါးလို့ ဘာမှ ဝယ်ချိန်မရလိုက်ဘူးရယ် ။

ဆန်ရှိနေသေးတဲ့အတွက်တော့ အသက်ဆက်လို့ ရသေးတယ် ​ပြောရမှာပဲ ။မြို့ကို ပိတ်လိုက်တာ ဘယ်လောက်ကြာမှ ပြန်ဖွင့်မယ် မသိသေးတော့ အခန်းအောင်းနေဖို့ပဲရှိတော့တယ် ။အိမ်ပြန်ဖို့ကတော့ ဘယ်နည်းနဲ့မှ မဖြစ်နိုင်တော့ပါဘူး ။

ဒီနေ့ မြို့ပေါ်ကို လေယာဉ်နဲ့ ဆေးဖြန်းမယ်လို့ ပြောပါတယ် ။အခြေအနေ ဒီထက်ဆိုးမလာဖို့ပဲ မျှော်လင့်ပါတယ် ။

Pray for wuhan!

Pray for us!!

(၇) ရက်သားသမီးများ ဘေးကင်းကြစေဖို့ ဆုတောင်းပေးကြပါဦးနော

Writer – SMT ( Shwe Yaung Lan )