အိမ်မွေး တိရိစ္ဆာန်တွေထဲမှာ ခွေးလေးတွေဟာ လူတွေနဲ့ရော အခြား သတ္တာဝါလေးတွေနဲ့ပါ အဆင်ပြေဆုံး သတ္တဝါလို့ ဆိုရမှာပါပဲ။ သူတို့ရဲ့ စိတ်ထဲမှာ နူးညံ့မှုလေးတွေက အရမ်းကို များပါတယ်။ ဒီလို နွေးထွေးမှုလေးတွေ ခွေးလေးတွေက ပိုပေးနိုင်ကြောင်းကို တိုနီဆိုတဲ့ ခွေးလေးက သက်သေပြခဲ့ပါတယ်။ ဟင်နရီဆိုတဲ့ သြစတေးလျ နိုင်ငံသား တစ်ဦးက တိုနီကိုပိုင်ဆိုင်ပါတယ်။ ယခုရက်ပိုင်းတွင်းမှာ တောမီးကြောင့် တိရိစ္တာန်လေးတွေ သေကြေပျက်စီးကြသလို၊ မိသားစုနဲ့လည်း ကွဲကွာသွားကြပါတယ်။

တစ်နေ့မှာတော့ တောမီးကြောင့် ခိုကိုးရာမဲ့ဖြစ်နေတဲ့ ခိုအားလားပေါက်စလေး တစ်ကောင်ဟာ တိုနီလေးကို သူ့မိခင်အမှတ်နဲ့ကျောပေါ်မှာ ဖက်တွယ်ထားပါတယ်။ တိုနီလေးကလည်း ခိုအားလားလေးကို ရန်မမူ အန္တရာယ်မပြုဘဲ နွေးထွေးမှုလေးတွေပေးခဲ့ပါတယ်။

ယခုလို တိုနီးလေးရဲ့ အပြုအမှုနဲ့ သနားစရာ ခိုအားလားလေးတို့ရဲ့ပုံရိပ်တွေကိုတော့ တိုနီရဲ့ ပိုင်ရှင်က ဗီဒီယို ရိုက်ပြီး လူမှုကွန်ယက်မှာ မျှဝေခဲ့ပါတယ်။ ဒ့ါအပြင် သူ့ရဲ့ တိုနီလေးဟာ အရမ်းကို ဖော်ရွေတတ်တယ်လို့ ဆိုပါတယ်။ ခိုအားလားလေးကို လုံးဝအန္တရာယ်ပေးမှာ မဟုတ်ဘူးဆိုတာကို သူက သေချာ သိထားတယ်လို့ ဆိုပါတယ်။ ခိုအားလားလေးကလည်း တိုနီလေးပေါ်ကို သူ့ဘာသာသူ တတ်သွားတာဖြစ်တယ်လို့ ဆိုပါတယ်။

ပရိတ်သတ်ကြီးရေ ခိုအားလားလေးနဲ့ တိုနီလေးတို့ရဲ့ ဗီဒီယိုဖိုင်လေးကို မျှဝေလိုက်ပါတယ်နော်။ တိုနီးလေး ဘယ်လောက်တောင် ချစ်ဖို့ကောင်းနေလဲဆိုတာ ဗီဒီယိုဖိုင်လေးကို ကြည့်ရှုအားပေးကြပါဦးနော်……..။

Writer- ME(Shwe Yaung Lan)
Video Source : LADbible