အမြန် ဆုံး ဝိုင်းဝန်း ကူညီပေးကြပါရန်)

၁၆ နှစ်အရွယ် သမီးလေး မုန့်စားဖို့ မုန့်ထွက်ဝယ်ရာမှ ပျောက်သွားလို့ ကူညီပေးကြပါရန် မိခင်ဖြစ်သူတောင်းဆို

ဇန်နဝါရီ(၂၃) AlinnMyay(အလင်းမြေ)

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ ပုသိမ်လမ်းမကြီး မ/၁၀၁ (ကျူး) တွင်နေထိုင်သူ ဖခင်အမည် ဦးမျိုးဇော်ထွန်း ၏သမီး မလင်းလက်ဇော်(ခ) မဖွေးဖွေး (၁၆) နှစ်သည် (22-1-2020) ရက်နေ့ ညနေ (၅) နာရီခန့်အချိန်တွင် မိခင်ဖြစ်သူ ဈေးရောင်းရာ တိုးချဲ့မှတ်တိုင် Denko ရှေ့ကွမ်းယာဆိုင်တွင် မိခင်နှင့်အတူ ဈေးရောင်းနေရာမှ မုန့်စားဖို့ မုန့်ဝယ်သွားဦးမည်ဟုဆိုကာ ပြန်မလာပဲ ပျောက်ဆုံးနေကြောင်း မိခင်ဖြစ်သူပြောပြချက်အရ သိရပါသည်။

ထို့ကြောင့် သမီးဖြစ်သူ ပျောက်ဆုံးနေမှုနှင့် ပတ်သက်ပြီး မိခင်ဖြစ်သူမှ သက်ဆိုင်ရာ နယ်မြေရဲစခန်းတွင် (23-1-2020) နေ့တွင် လူပျောက်အမှတ်စဉ်(၁၀/၂၀၂၀) ဖြင့် လူပျောက်တိုင်းထားပြီးဖြစ်ကြောင်းသိရသည်။ အဆိုပါလူပျောက်တိုင်ထားသော အထောက်အထားများ၊ ဓာတ်ပုံများကို AlinnMyay(အလင်းမြေ)မီဒီယာသို့ပေးပို့ကာ အလွန်စိတ်ပူနေသောကြောင့် လူမှုကွန်ယက်တွင် တင်ပြပေးပါရန် မိခင်ဖြစ်သူကိုယ်တိုင် အကူအညီတောင်းခံလာခဲ့ပါသည်။

“မနေ့က ညနေက ပျောက်သွားတာပါ။ အမြန်ဆုံးဝိုင်းဝန်းကူညီပေးကြပါဦး။ ကျွန်မသမီးလေးအတွက် အရမ်းစိတ်ပူနေလို့ပါ၊ သူသွားလာတတ်တဲ့နေရာတွေကို လိုက်စုံစမ်းတာလည်း မတွေ့လို့ပါ။ အဲ့ဒါကြောင့်မို့လို့ အခုလိုအကူအညီတောင်းရတာပါ” ဟု မိခင်ဖြစ်သူ ဒေါ်အေးမြင့်မြတ် မှ AlinnMyay(အလင်းမြေ)မီဒီယာသို့ ပြောသည်။

ထို့ကြောင့် ပျောက်ဆုံးနေသူ သမီးလေး မလင်းလက်ဇော်(ခ) မဖွေးဖွေး (၁၆) နှစ် အား တွေ့ရှိပါက ဖော်ပြပါ ဖုန်းနံပါတ်များသို့ ဆက်သွယ် အကြောင်းကြားပေးကြပါရန်နှင့် လက်ဆင့်ကမ်း မျှဝေပေးကြပါရန် AlinnMyay(အလင်းမြေ)မီဒီယာမှ ထပ်ဆင့်အကူအညီတောင်းခံပေးလိုက်ပါသည်။

ပျောက်ဆုံးနေသူ သမီးလေး မလင်းလက်ဇော်(ခ) မဖွေးဖွေး (၁၆) နှစ် အား တွေ့ရှိပါက ဆက်သွယ်ရန်….

ဖုန်း – 09442630505 ။ 09799747944 ။ 09799955921။

Credit to AlinnMyay