ဘယ် သူ့ကိုမှ အသိမပေးဘူးလို့ ဆုံဖြတ်ထားပေမယ့် နောက်လူတွေကျနော့်လိုခံရမှာစိုးလို့ပါ…
” အသိမပေးဘူးလို့ ဆုံဖြတ်ထားပေမယ့် နောက်လူတွေကျနော့်လိုခံရမှာစိုးလို့ပါ ”

လူ့အသက်ရော / ကားရော အမြန်လမ်းပေါ်မှာ မြန်မာငွေ ၃၀၀၀၀ ကျပ်ပဲတန်ပါတယ်

ကိုယ်တိုင် အသက်နဲ့ရင်းပြီးရခဲ့တဲ့သင်ခန်းစာ ….

ကားတစ်စီး လုံးဆုံးရှုံးပြီးမှ ရခဲ့တဲ့ သင်ခန်းစာမို့ နောက်လူတွေ ကျနော့်လို မဖြစ်အောင် အသိပေးရခြင်းဖြစ်ပါတယ် ။

ဘယ်သူ့ကိုမှ အသိမပေးဘူးလို့ ဆုံဖြတ်ထားပေမယ့် နောက်လူတွေကျနော့်လိုခံရမှာစိုးလို့ပါ ။

ကားတစ်စီးလုံးစုတ်ပြတ်သတ်သွားအောင် အတိုက်ခံရတယ် ဘာလျှော်ကြေးမှမရဘူး …..ကျနော်အပါဝင် လူသုံးယောက်အသက် အသက်မသေရုံတမယ် အတိုက်ခံရတာ….

တရားခံကို အမိန့်ချတော့ ဒဏ်ငွေ ၃၀၀၀၀ တဲ့….ဒါကြောင့် လူကြီးမင်းတို့ရဲ့ အသက်တွေနဲ့ တန်ဖိုးရှိတဲ့ကားတွေက အမြန်လမ်းမှာ ၃၀၀၀၀ ကျပ်သာ တန်ကြေးရှိပါတယ်….အမြန်လမ်းသွားရင် အထူးသတိထားကြပါ….

– Without တွေ အမြန်လမ်းပေါ်မှာရှိပါတယ်….တစ်စီးချင်းသွားနေသလို Group လိုက်သွားနေတဲ့အဖွဲတွေ ရှိပါတယ် ….အထူးသတိတားပါ….. တကယ်ခံရရင်လိုင်စင်ကားမောင်းတဲ့လူပဲ နစ်နာမှာပါ….

– အမြန်လမ်းမှာ ဆေးကြောင်ပြီးမောင်းနေတဲ့ကောင်တချို့ရှိတယ်သတိထားပါ…..

– တချို့ကားတွေကျော်ရင် ဟွန်းတီးတာမကြိုက်ပါဘူး….ကျနော်ဆို ကျော်နေတုန်း ခေါင်းထိုးထည့်တာခံရပါတယ်….

– အမြန်လမ်းသွားရင် ကား black box တပ်ပါ….

မကျေနပ်ရင် နောက်ကနေ အသေတိုက်သတ်ပြီး အိပ်ငိုက်ပြီး တိုက်မိတာလို့ ထွက်ဆိုတဲ့ကောင်တွေရှိပါတယ် ….

( မိမိကို လုပ်ကြံမှန်းသိရင်တောင် သက်သေခံ ပစ္စည်း ( black box) လို ဟာမျိုးနဲ့ ပြန်တင်မပြနိုင်ရင် အရေးယူလို့မရပါဘူး….

အမြန်လမ်းမှာ အဆင်ပြေချောမွေ့စွာ သွားလာနိုင်ကြပါစေ ……။

Crd: ‘Zayya Aung Zayya’ Facebook အကောင့်