“ICJ မှာ မြန်မာအမှု ကို ဆက်စစ်ပါမယ်”

မြန် မာ က ဂျီနိုဆိုက် မဟုတ်ပါဘူး အမှုပိတ်ပေးပါ လို့ ငြင်းတယ်။ ICJ ကတော့ မြန်မာနိုင်ငံကို ဂျီနိုဆိုက်အတွက် အမှု ဆက်စစ်ဆေးမယ် လို့ လက်ခံလိုက်ပါပြီ။ တရားရုံးက အမှုအတွင်း အထောက်အထားတွေမဖျောက်ဖို့ ပြဿနာဆက်မဖြစ်ဖို့ ဘယ်လိုလုပ်ထားတယ်ဆိုတာ လေးလအတွင်း တင်ဖို့ အမိန့်ပေးပါတယ်။

အခု အမှု ကိုလက်ခံလိုက်ပြီဆိုတော့ နှစ်ပေါက်အောင် ငြင်းရတော့မယ်။ ကိုယ့်နိုင်ငံ ဂုဏ်သိက္ခာမကျအောင်ကြိုးစားရတော့မယ်။ စီးပွားရေး လူမှုရေး ဂုဏ်သိက္ခာထိခိုက်ပါ့မယ်။ ဒီလိုဖြစ်လာမယ်လို့ လည်း ထင်ပြီးသားပါ။ အမှုစ စစ်တဲ့အချိန်အထိ လူ သိန်းချီ ပြီး ဟိုဘက်မှာ ဒုက္ခသည်အနေနဲ့ ထိုင်နေဆဲ ဆိုတော့ အမှုတော့ အနည်းဆုံးဖြစ်မှာပဲ လို့ တွက်ထားပါတယ်။

ကျွန်တော် တို့ကမ္ဘာကိုလိုက်မှီချင်ရင် အမျိုးသားရေးမူဝါဒ နဲ့ အမြင်တွေ ရွှေ့ရပါဦးမယ်။ မဟုတ်ရင် တက်သမျှ နိုင်ငံခေါင်းဆောင်၊ သမ္မတ၊ ကာကွယ်ရေးဦးစီးချုပ်အကုန် ဒုက္ခတွေ့မှာပါပဲ။

တိုင်းပြည်မှာ နှစ်လေးဆယ်ကျော်ဖြစ်ခဲ့တဲ့ တချို့ကိစ္စတွေ တချို့အတွေးအခေါ်တွေ ချက်ချင်း ပြောင်းလဲလာဖို့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်လည်း မတတ်နိုင်ဘူး ဆိုတာ ပေါ်လာပါလိမ့်မယ်။

စီးပွါးရေး လူမှုရေး နိုင်ငံရေး တိုင်းရင်းသားရေး ကိစ္စတွေ ကမ္ဘာနဲ့ အမှီလိုက်နိုင်ဖို့ တဦးချင်း တယောက်ချင်းရဲ့ အတွေးအမြင်တွေ ပြောင်းလဲဖို့ တိုက်တွန်းပါတယ်။

Kyaw Swa Min
လေးစားစွာဖြင့် Blacker