ယနေ့ခေတ် ဟာ တိုးတက်လာတာနဲ့ အညီ တချို့သော မြန်မာ့ယဉ်ကျေးမှုအလှအပတွေဟာ ခေတ်သစ်ရေစီးကြောင်းနဲ့ အတူ တိုက်စားခံလိုက်ရပါတယ်…ဥပမာ သနပ်ခါးနေရာ မိတ်ကပ်တွေ အစားထိုးဝင်လာတာ…မြန်မာဆန်ဆန်ရင်ဖုံးထမီတွေနေရာမှာ လည်ဟိုက် စကပ်တိုတွေ ဝင်လာတာ… စသဖြင့်ပေါ့…..

ဒါဟာလည်း ခေတ်နဲ့ အညီပြောင်းလဲလာတာဖြစ်လို့ အပြစ်လို့လည်း ဆိုရခက်ပါတယ်…

ဒါပေမဲ့ ခုလိုခေတ်ပြောင်းပေမဲ့ မိမိတို့မြန်မာလူမျိုးတွေရဲ့ ဆံကေသာအပေါ်တန်ဖိုးထားတဲ့ စိတ်လေးကို ထိန်းသိမ်းပြီး ဆံပင်ရှည်ထားတဲ့ ဆရာမလေးတစ်ဦးကတော့ လူမှုကွန်ရက်စာမျက်နှာတွေမှာ နာမည်ကြီးနေပါတယ်…

ဆရာမလေးရဲ့ နာမည်ကတော့ မေသူဇာလင်းလို့ ခေါ်ပြီး မိုးကုတ်မြို့ ရွာသာယာက ကျောင်းတစ်ကျောင်းမှာ ကလေးတွေကို စာသင်နေတာပဲ ဖြစ်ပါတယ်…

ရုပ်ရည်ချောမောလှပသလို မိန်းမတို့ရဲ့ ကျက်သရေဖြစ်တဲ့ ဆံကေသာကလည်း လူတစ်ရပ်ကျော်အထိ ရှည်လျားတာပါ…

ယနေ့ခေတ် အတိုလေးတွေသာညှပ်ကြတော့တဲ့အချိန်မှာ ဒီလောက်ထိ ရှည်လျားတဲ့ ဆံကေသာကို ထိန်းသိမ်းထားနိုင်တာ တကယ့်ကို ချီးကျူးလေးစားရမဲ့ ဆရာမလေးပါ…

ဆရာမလေးရဲ့ ကျက်သရေရှိတဲ့ ဆံကေသာအလှနဲ့ ဓာတ်ပုံလေးတွေကို ပရိသတ်ကြီးတို့ ကြည့်နိုင်အောင် ပြန်လည်မျှဝေလိုက်ရပါတယ်နော်…ဆရာမလေးကိုချစ်ရင် ချီးကျူးစကားလေးတွေ ဆိုခဲ့ကြပါအုံးနော်…

Source : May Thuzar Linn