


Source : Ya Min Oo

Unicode

ပရိ သတ်ကြီးအချစ်တော် ပန်ကိတ်ဒါဒါ ရဲ့ အချစ်ရေးကတော့ ပရိသတ်တွေစိတ်ဝင်အစားဆုံးအချက်လို့ ပြောရမှာပါ။ ချစ်သူဟောင်း နိုင်ငံကျော်အဆိုတော် ရွှေထူးနဲ့ လမ်းခွဲပြတ်ဆဲပြီးတဲ့အချိန်ကတည်းက ပန်ကိတ်ကတော့ တစ်ကိုယ်တည်း အေးဆေးစွာ နေထိုင်လာခဲ့တာပဲ ဖြစ်ပါတယ်။

ဒီနေ့မှာတော့ သူမရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ သူမအချစ်ရေးနဲ့ပတ်သက်ဆက်နွယ်တဲ့ အကြောင်းအရာလေးတစ်ခုကို တင်ခဲ့တာပဲ ဖြစ်ပါတယ်။ စကားသံဝဲဝဲလေးနဲ့ အရုပ်မလေးလို ချစ်စရာကောင်းတဲ့ ပန်ကိတ်လေးကို ချစ်တဲ့ပရိသတ်တွေကတော့ အချစ်သစ်နဲ့ အေးချမ်းစွာ ဖြတ်သန်းစေချင်နေကြပြီလို့ ဆိုရမှာပါ။

အိမ်ပြန်ချိန်ဆို အတူလျှောက်လည်…..နေဝင်ချိန်ဆို အတူရှိမယ် စာသားလေးနဲ့ အတူ အလှပုံရိပ်လေးတွေ တင်ခဲ့တာပဲ ဖြစ်ပါတယ်။ တင်ခဲ့တဲ့ ပုံရိပ်တွေထဲမှာ လက်တွဲထားတဲ့ ပုံရိပ်လေးလည်း ပါဝင်ခဲ့တာကြောင့် ပန်ကိတ်တစ်ယောက်တော့ Single ဘဝကိုစွန့်လွှတ်လိုက်ပြီလားဆိုတဲ့ မှတ်ချက်တွေအပြင် အခုလိုအချစ်သစ်တွေ့သင့်တာကြာပြီဆိုတဲ့ မှတ်ချက်တွေပေးနေကြတာပဲ ဖြစ်ပါတယ်။ပရိသတ်ကြီးရော ပန်ကိတ်ဒါဒါရဲ့ ဓာတ်ပုံအရ ပန်ကိတ်တစ်ယောက် ချစ်သူရှိနေပြီလားဆိုတာ ထင်မြသ်ချက်လေးပေးခဲ့ပါဦးနော်။

Source : Ya Min Oo
Credit CeleConnections