ဇန္ နဝါရီ ၂၃ – မႏၲေလးၿမိဳ့၊ ရတနာပုံေဈး Sky Walk မီးေလာင္မႈသည္ ဖုန္းအားသြင္းရာမွ အပူလြန္ကဲၿပီး ေလာင္ကၽြမ္းျခင္းျဖစ္ေၾကာင္း မီးေလာင္မႈအေၾကာင္းအရင္း စိစစ္ေဖာ္ထုတ္ေရးေကာ္မတီ ဥကၠဌ ဦးသန္းေဇာ္ဦးက ေျပာသည္။

“တယ္လီဖုန္းအားသြင္းရင္းနဲ႔ အပူလြန္ကဲၿပီး နီးစပ္ရာအ၀တ္အထည္ကို ေလာင္တယ္ဆိုၿပီးေတာ့မွ course of fire ကို ရွာ‌ေတြ႕တာေပါ့” ဟု ဦးသန္းေဇာ္ဦးက ေျပာသည္။

Sky Walk တြင္ ဇန္နဝါရီ ၁၇ ရက္ ညေန ၅း၅၀ ၀န္းက်င္က Timberland အထည္ႏွင့္ဖိနပ္ဆိုင္၏ စတိုခန္းအတြင္းမွ မီးေလာင္မႈျဖစ္ပြားျခင္းျဖစ္ေၾကာင္း မႏၲေလးတိုင္းမီးသတ္ဦးစီးဌာန၊ ညႊန္ၾကားေရးမွဴး ဦးသန္းေဇာ္ဦးက ေျပာသည္။ “အေရာင္းတာ၀န္ခံကလည္း ၀န္ခံတယ္” ဟု မီးေလာင္မႈအေၾကာင္းအရင္း စီစစ္ေဖာ္ထုတ္ေရးေကာ္မတီ၏ ဥကၠဌလည္းျဖစ္သူ ဦးသန္းေဇာ္ဦးက ဆိုသည္။

မီးေလာင္မႈအေၾကာင္းအရင္းစိစစ္ေဖာ္ထုတ္ေရးေကာ္မတီကို တိုင္းအစိုးရအမိန႔္ျဖင့္ ဇန္နဝါရီ(၂၀)ရက္တြင္ စတင္ဖြဲ႕စည္းခဲ့ၿပီး လုံျခဳံေရးတာ၀န္ခံ၊ မီးၿငိမ္းသတ္ေပးသူမ်ားႏွင့္ မီးေလာင္မႈျဖစ္ပြားရာဆိုင္၏ အနီးအနား၀န္းက်င္ရွိသူမ်ား စုစုေပါင္း ၁၆ ဦးကို စစ္ေဆးခဲ့ျခင္းျဖစ္ေၾကာင္း သိရိွရသည္။

“Course of fire (မီးေလာင္ရသည့္အေၾကာင္းအရင္း) ကက်ေတာ့ေလ ေဈးေတြမီးေလာင္ရင္ သူက ဆိုင္ခန္းေတြမ်ားေတာ့ သူက complain ရွိမွာေၾကာက္လို့ေလ။ တိုင္းအစိုးရအဖြဲ႕က အဖြဲ႕ဖြဲ႕ေပးတယ္။ အဲဒီအဖြဲ႕နဲ႔စစ္ေဆးတယ္” ဟု ဦးသန္းေဇာ္ဦးက ေျပာသည္။

မႏၲေလးၿမိဳ့ ခ်မ္းေအးသာစံၿမိဳ့နယ္ ၇၈လမ္းႏွင့္ ၃၄လမ္းေထာင့္ရွိ ရတနာပုံစူပါစင္တာ ပထမထပ္ Sky Walk Shopping Mall မီးေလာင္မႈတြင္ ပ်က္စီးဆုံးရွုံးမႈတန္ဘိုး က်ပ္သိန္း(၁၀၀၁၀)ေက်ာ္ ရွိခဲ့ေၾကာင္း တိုင္းမီးသတ္ဌာနက သတင္းထုတ္ျပန္ထားသည္။ မီးေလာင္ရသည့္ အေၾကာင္းအရင္းကို မီးသတ္ဌာနတစ္ခုတည္း မဟုတ္ဘဲ အျခားဌာနဆိုင္ရာမ်ား ပါဝင္ဖြဲ႕စည္းထားသည့္ မီးေလာင္မႈ အေၾကာင္းအရင္း စိစစ္ေဖာ္ထုတ္ေရးေကာ္မတီက စိစစ္ေဖာ္ထုတ္ျခင္းျဖစ္သည္။

အဆိုပါ ဖိနပ္ဆိုင္ အေရာင္းတာ၀န္ခံ အမ်ိဳးသမီးကို မႏၲေလးၿမိဳ့ ခ်မ္းေအးသာစံၿမိဳ့မ ရဲစခန္းတြင္ ရာဇသတ္ႀကီးဥပေဒ ပုဒ္မ ၂၈၅ (မီးေပါ့ဆမႈ) ျဖင့္ ၿပီးခဲ့သည့္ ဇန္နဝါရီလ၊ ၂၀ ရက္က အမႈဖြင့္ခဲ့ျခင္းျဖစ္သည္။

အဆိုပါမီးေလာင္မႈႏွင့္ပတ္သက္၍ သတင္းစာရွင္းလင္းပြဲကို ဇန္နဝါရီလ ၂၅ ရက္ေန႕တြင္ ရတနာပုံေဈး၌ ‌ျပဳလုပ္မည္ျဖစ္ေၾကာင္း သတင္းျပန္ၾကားေရးႏွင့္ မွတ္တမ္းတင္ေရးေကာ္မတီမွ သိရသည္။

Credit- Blacker

Unicode

ဇန် နဝါရီ ၂၃ – မန္တလေးမြို့၊ ရတနာပုံဈေး Sky Walk မီးလောင်မှုသည် ဖုန်းအားသွင်းရာမှ အပူလွန်ကဲပြီး လောင်ကျွမ်းခြင်းဖြစ်ကြောင်း မီးလောင်မှုအကြောင်းအရင်း စိစစ်ဖော်ထုတ်ရေးကော်မတီ ဥက္ကဌ ဦးသန်းဇော်ဦးက ပြောသည်။

“တယ်လီဖုန်းအားသွင်းရင်းနဲ့ အပူလွန်ကဲပြီး နီးစပ်ရာအဝတ်အထည်ကို လောင်တယ်ဆိုပြီးတော့မှ course of fire ကို ရှာ‌တွေ့တာပေါ့” ဟု ဦးသန်းဇော်ဦးက ပြောသည်။

Sky Walk တွင် ဇန်နဝါရီ ၁၇ ရက် ညနေ ၅း၅၀ ဝန်းကျင်က Timberland အထည်နှင့်ဖိနပ်ဆိုင်၏ စတိုခန်းအတွင်းမှ မီးလောင်မှုဖြစ်ပွားခြင်းဖြစ်ကြောင်း မန္တလေးတိုင်းမီးသတ်ဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးသန်းဇော်ဦးက ပြောသည်။ “အရောင်းတာဝန်ခံကလည်း ဝန်ခံတယ်” ဟု မီးလောင်မှုအကြောင်းအရင်း စီစစ်ဖော်ထုတ်ရေးကော်မတီ၏ ဥက္ကဌလည်းဖြစ်သူ ဦးသန်းဇော်ဦးက ဆိုသည်။

မီးလောင်မှုအကြောင်းအရင်းစိစစ်ဖော်ထုတ်ရေးကော်မတီကို တိုင်းအစိုးရအမိန့်ဖြင့် ဇန်နဝါရီ(၂၀)ရက်တွင် စတင်ဖွဲ့စည်းခဲ့ပြီး လုံခြုံရေးတာဝန်ခံ၊ မီးငြိမ်းသတ်ပေးသူများနှင့် မီးလောင်မှုဖြစ်ပွားရာဆိုင်၏ အနီးအနားဝန်းကျင်ရှိသူများ စုစုပေါင်း ၁၆ ဦးကို စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

“Course of fire (မီးလောင်ရသည့်အကြောင်းအရင်း) ကကျတော့လေ ဈေးတွေမီးလောင်ရင် သူက ဆိုင်ခန်းတွေများတော့ သူက complain ရှိမှာကြောက်လို့လေ။ တိုင်းအစိုးရအဖွဲ့က အဖွဲ့ဖွဲ့ပေးတယ်။ အဲဒီအဖွဲ့နဲ့စစ်ဆေးတယ်” ဟု ဦးသန်းဇော်ဦးက ပြောသည်။

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ၇၈လမ်းနှင့် ၃၄လမ်းထောင့်ရှိ ရတနာပုံစူပါစင်တာ ပထမထပ် Sky Walk Shopping Mall မီးလောင်မှုတွင် ပျက်စီးဆုံးရှုံးမှုတန်ဘိုး ကျပ်သိန်း(၁၀၀၁၀)ကျော် ရှိခဲ့ကြောင်း တိုင်းမီးသတ်ဌာနက သတင်းထုတ်ပြန်ထားသည်။ မီးလောင်ရသည့် အကြောင်းအရင်းကို မီးသတ်ဌာနတစ်ခုတည်း မဟုတ်ဘဲ အခြားဌာနဆိုင်ရာများ ပါဝင်ဖွဲ့စည်းထားသည့် မီးလောင်မှု အကြောင်းအရင်း စိစစ်ဖော်ထုတ်ရေးကော်မတီက စိစစ်ဖော်ထုတ်ခြင်းဖြစ်သည်။

အဆိုပါ ဖိနပ်ဆိုင် အရောင်းတာဝန်ခံ အမျိုးသမီးကို မန္တလေးမြို့ ချမ်းအေးသာစံမြို့မ ရဲစခန်းတွင် ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၂၈၅ (မီးပေါ့ဆမှု) ဖြင့် ပြီးခဲ့သည့် ဇန်နဝါရီလ၊ ၂၀ ရက်က အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။

အဆိုပါမီးလောင်မှုနှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲကို ဇန်နဝါရီလ ၂၅ ရက်နေ့တွင် ရတနာပုံဈေး၌ ‌ပြုလုပ်မည်ဖြစ်ကြောင်း သတင်းပြန်ကြားရေးနှင့် မှတ်တမ်းတင်ရေးကော်မတီမှ သိရသည်။

Credit- Blacker