Unicode
ယခု လက်ရှိ ဝူဟန့် မြို့ အခြေအနေ
ဝူဟန့် မှာ ကျနော်အပါအဝင် မြန်မာကျောင်းသား တစ်ရာကျော်ရှိပါတယ် ။ ကျောင်းပိတ်ရက်မို့ မြန်မာပြည်ပြန်သွားတာက တစ်ဝက်လောက်ရှိမယ်ထင်ပါတယ် ။
Zombie ကားတွေ ကြည့်ဖူးတယ်မှတ်လား ။
အဲ့လိုပဲ ၊ မြို့က video file တွေအရတော့ အတော်ခြောက်ခြားသွားပြီ ။
ပုံမှန် မုန်လာထုပ် ၁၀ ယွမ်လောက်က ယွမ် ၃၀ လောက် ဖြစ်သွားတယ် ။ ( ပုံတွေအရ)
ဒါပေမယ့် အဆောင်အပြင်မထွက်ဖို့ သတိပေးထါးလို့ ဘာမှ ဝယ်ချိန်မရလိုက်ဘူးရယ် ။
ဆန်ရှိနေသေးတဲ့အတွက်တော့ အသက်ဆက်လို့ ရသေးတယ် ပြောရမှာပဲ ။
မြို့ကို ပိတ်လိုက်တာ ဘယ်လောက်ကြာမှ ပြန်ဖွင့်မယ် မသိသေးတော့ အခန်းအောင်းနေဖို့ပဲရှိတော့တယ် ။
အိမ်ပြန်ဖို့ကတော့ ဘယ်နည်းနဲ့မှ မဖြစ်နိုင်တော့ပါဘူး ။
ဒီနေ့ မြို့ပေါ်ကို လေယာဉ်နဲ့ ဆေးဖြန်းမယ်လို့ ပြောပါတယ် ။
အခြေအနေ ဒီထက်ဆိုးမလာဖို့ပဲ မျှော်လင့်ပါတယ် ။