သ ရုပ်ဆောင်သံစဉ်မောင်နဲ့ ရည်းစားဟောင်းဖြစ်သူ သရုပ်ဆောင် နေဒွေးတို့ လတ်တလောဖြစ်နေတဲ့ ပြဿနာကို ပရိသတ်ကြီး သိပြီးသား ဖြစ်မှာပါ။

သံစဉ်မောင်က သူမနဲ့ နေဒွေး တွဲနေစဉ်ကာလမှာ နေဒွေးဘက်က ကိုယ်ထိလက်ရောက် ကျူးလွန်တယ်ဆိုတဲ့ ကိစ္စကနေ စတင်လာရာ ပြဿနာက တဖြည်းဖြည်း ကြီးထွားလာတာပဲ ဖြစ်ပါတယ်။

သံစဉ်မောင်နဲ့ နေဒွေးတို့ နှစ်ယောက်စလုံးက ပြည်သူချစ်တဲ့ အနုပညာရှင်များဖြစ်တဲ့အတွက် ပရိသတ်တွေကလည်း ဒီကိစ္စကို စိတ်ဝင်စားနေကြတာ ဖြစ်ပါတယ်။

မနေ့က ဇန်နဝါရီလ (၂၂) ရက်နေ့မှာတော့ နေဒွေးက သံစဉ်မောင်ရဲ့ ကုတင်ပေါ်က ဝတ်လစ်စလစ်နဲ့ ပုံရိပ်တွေဟာ သူရိုက်ထားတာမဟုတ်သလို၊ သူနဲ့လည်း မဟုတ်ပါဘူးလို့ မီဒီယာတွေကတဆင့် ဖြေရှင်းလာခဲ့တာပဲ ဖြစ်ပါတယ်။

ထိုဖြေရှင်းချက်နဲ့ ပတ်သတ်ပြီး သံစဉ်မောင်က တော်တော်လေး ဒေါသထွက်ခဲ့ရပြီး ” ဗြောင်လိမ်ဗြောင်စား.. လူကခွေးစကားပြောသည်။ ခွေးစကားကိုယုံသောသူများသည် What ?????” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်မှာ ပေါက်ကွဲနေတာပဲ ဖြစ်ပါတယ်။

နေဒွေးရဲ့ ဘက်ကလည်း သူ့အပေါ် မဟုတ်မမှန်တဲ့ စွပ်စွဲချက်တွေပြောသူကို တရားစွဲဆိုသွားမယ်လို့ မနေ့က အင်တာဗျူးတွေမှာ ပြောဆို ထားတာပဲ ဖြစ်ပါတယ်။

သံစဉ်မောင်နဲ့ နေဒွေးတို့ ပြဿနာရဲ့ အမှန်တရားက ကာယကံရှင်တွေသာ အသိဆုံးဖြစ်မှာမို့ ဘယ်သူမှားလဲ ဘယ်သူမှန်လဲဆိုတာ ပြောလို့မရသေးပါဘူး။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

Rowena
Source: Than Sin Maung’s fb