ျမသ င္းခ်ယ္ကေတာ့ ျမန္မာသံသီခ်င္းေလးေတြကိုသီဆိုရင္း ပရိသတ္လက္ခံအားေပးမႈကိုရရွိထားသူတစ္ေယာက္ပါ။ျမန္မာသံ သီဆိုတာရွားပါးလာတဲ့ေခတ္ႀကီးထဲမွာ ျမန္မာမႈျမန္မာ့ဂီတကိုအျမတ္တႏိုးတန္ဖိုးထားကာ ထိန္းသိမ္းလာသူေတြထဲမွာ ျမသင္းခ်ယ္တစ္ေယာက္လည္းအပါအဝင္ပဲျဖစ္ပါတယ္။ဒါ့အျပင္ ဝါသနာတူခင္ပြန္းေလာင္းျဖစ္တဲ့

ေနထူးႏိုင္နဲ႔အေၾကာင္းပါခဲ့ၿပီး အခုဆိုရင္အိမ္ေထာင္သက္တမ္း(၁၀)ႏွစ္ေက်ာ္လာခဲ့ၿပီျဖစ္ပါတယ္။

သူတို႔ႏွစ္ဦးရဲ႕အိမ္ေထာင္သက္တမ္းမွာေတာ့ ခ်စ္စရာသားေလးႏွစ္ေယာက္ထြန္းကားခဲ့ၿပီး ပရိသတ္ခ်စ္ခင္မႈကို ရရွိထားသူေတြျဖစ္ပါတယ္။ျမသင္းခ်ယ္ကေတာ့ မၾကာေသးခင္က လူမႈကြန္ရက္မွာ လူေျပာမ်ားခဲ့တဲ့ကိစၥတစ္ခုျဖစ္တဲ့

စည္ပင္ဝန္ထမ္းေတြက လိေမၼာ္သီးေရာင္းတဲ့အဘရဲ႕ ေရာင္းကုန္ေတြကို ဖ်က္စီးခဲ့တဲ့ဗြီဒီယိုကိုၾကည့္ၿပီး စိတ္မေကာင္းျဖစ္ခဲ့သူတစ္ေယာက္ပါ။သူကေတာ့ ဒီဗြီဒီယိုေလးထဲက အဘရဲ႕လိပ္စာကိုေတာင္းခဲ့တာျဖစ္ၿပီး ဒီေန႔မွာေတာ့

We Love Mar Chal အဖြဲ႕ေတြနဲ႔အတူ အဘအိမ္ကိုသြားၿပီး ေငြက်ပ္(၅)သိန္းသြားေရာက္လႉဒါန္းခဲ့တာပဲျဖစ္ပါတယ္။ဒါ့အျပင္ မသန္စြမ္းသမီးငယ္ေလးအတြက္လည္း မုန႔္ေတြေပးလႉခဲ့ပါေသးတယ္။

လိေမၼာ္သီးေရာင္းတဲ့အဘကိုေတာ့ သူျဖစ္ပြားခဲ့တဲ့ကိစၥနဲ႔ပတ္သက္ၿပီး က႐ုဏာသက္ၾကတဲ့သူေတြအမ်ားႀကီးရွိေနတာျဖစ္ၿပီး အဲ့ဒီထဲမွာမွ ႐ုပ္ရွင္သ႐ုပ္ေဆာင္အခ်ိဳ႕ကေတာ့ ကိုယ္တိုင္ကိုယ္က်သြားေရာက္ကာ လႉဒါန္းခဲ့ၾကတာျဖစ္ပါတယ္။အဲ့ဒီထဲမွာမွ ပရိသတ္ရဲ႕အခ်စ္ေတာ္ေနထူးႏိုင္ရဲ႕ဇနီးျဖစ္သူ

ျမသင္းခ်ယ္လည္းအပါအဝင္ျဖစ္တာမို႔ သူ႔ရဲ႕အလႉေလးကို သာဓုေခၚႏိုင္ေအာင္ ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။

Unicode

မြသ င်းချယ်ကတော့ မြန်မာသံသီချင်းလေးတွေကိုသီဆိုရင်း ပရိသတ်လက်ခံအားပေးမှုကိုရရှိထားသူတစ်ယောက်ပါ။မြန်မာသံ သီဆိုတာရှားပါးလာတဲ့ခေတ်ကြီးထဲမှာ မြန်မာမှုမြန်မာ့ဂီတကိုအမြတ်တနိုးတန်ဖိုးထားကာ ထိန်းသိမ်းလာသူတွေထဲမှာ မြသင်းချယ်တစ်ယောက်လည်းအပါအဝင်ပဲဖြစ်ပါတယ်။ဒါ့အပြင် ဝါသနာတူခင်ပွန်းလောင်းဖြစ်တဲ့

နေထူးနိုင်နဲ့အကြောင်းပါခဲ့ပြီး အခုဆိုရင်အိမ်ထောင်သက်တမ်း(၁၀)နှစ်ကျော်လာခဲ့ပြီဖြစ်ပါတယ်။

သူတို့နှစ်ဦးရဲ့အိမ်ထောင်သက်တမ်းမှာတော့ ချစ်စရာသားလေးနှစ်ယောက်ထွန်းကားခဲ့ပြီး ပရိသတ်ချစ်ခင်မှုကို ရရှိထားသူတွေဖြစ်ပါတယ်။မြသင်းချယ်ကတော့ မကြာသေးခင်က လူမှုကွန်ရက်မှာ လူပြောများခဲ့တဲ့ကိစ္စတစ်ခုဖြစ်တဲ့

စည်ပင်ဝန်ထမ်းတွေက လိမ္မော်သီးရောင်းတဲ့အဘရဲ့ ရောင်းကုန်တွေကို ဖျက်စီးခဲ့တဲ့ဗွီဒီယိုကိုကြည့်ပြီး စိတ်မကောင်းဖြစ်ခဲ့သူတစ်ယောက်ပါ။သူကတော့ ဒီဗွီဒီယိုလေးထဲက အဘရဲ့လိပ်စာကိုတောင်းခဲ့တာဖြစ်ပြီး ဒီနေ့မှာတော့

We Love Mar Chal အဖွဲ့တွေနဲ့အတူ အဘအိမ်ကိုသွားပြီး ငွေကျပ်(၅)သိန်းသွားရောက်လှူဒါန်းခဲ့တာပဲဖြစ်ပါတယ်။ဒါ့အပြင် မသန်စွမ်းသမီးငယ်လေးအတွက်လည်း မုန့်တွေပေးလှူခဲ့ပါသေးတယ်။

လိမ္မော်သီးရောင်းတဲ့အဘကိုတော့ သူဖြစ်ပွားခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီး ကရုဏာသက်ကြတဲ့သူတွေအများကြီးရှိနေတာဖြစ်ပြီး အဲ့ဒီထဲမှာမှ ရုပ်ရှင်သရုပ်ဆောင်အချို့ကတော့ ကိုယ်တိုင်ကိုယ်ကျသွားရောက်ကာ လှူဒါန်းခဲ့ကြတာဖြစ်ပါတယ်။အဲ့ဒီထဲမှာမှ ပရိသတ်ရဲ့အချစ်တော်နေထူးနိုင်ရဲ့ဇနီးဖြစ်သူ

မြသင်းချယ်လည်းအပါအဝင်ဖြစ်တာမို့ သူ့ရဲ့အလှူလေးကို သာဓုခေါ်နိုင်အောင် ဖော်ပြပေးလိုက်ပါတယ်နော်။