တ ႐ုတ္ျပည္၊ ႐ွန္ဟိုင္းၿမိဳ႕က အသက္ ၂၈ အရြယ္အမ်ိဳးသား Lu ဟာ ၂၀၁၈ ခုႏွစ္တုန္းက အြန္လိုင္းေပၚမွာ ဂိမ္းေဆာ့ရင္း ခ်စ္သူျဖစ္ခဲ့တဲ့ ခ်စ္သူေကာင္မေလးကို အျပင္မွာသြားေတြ႕ၿပီးမွ ခ်စ္သူေကာင္မေလးရဲ႕အသက္လိမ္လည္ေျပာဆိုမႈေၾကာင့္ သက္ငယ္မုဒိမ္းမႈ နဲ႔ ေထာင္က်သြားခဲ့တယ္လို႔ South China Morning Post သတင္းရဲ႕ေဖာ္ျပမႈအရသိ႐ွိခဲ့ရပါတယ္။
အြန္လိုင္းခ်စ္သူေကာင္မေလးက သူဟာ အသက္ ၂၂ ႏွစ္အရြယ္႐ွိျပီျဖစ္ေၾကာင္း လိမ္လည္ေျပာဆိုခဲ့တာျဖစ္ၿပီး ဒါကုိ အလြယ္ယံုၾကည္ခဲ့တဲ့ Lu ဟာ ေကာင္မေလးနဲ႔အျပင္ေတြ႕လို႔ အတူေနၿပီးခ်ိန္မွ ေကာင္မေလးရဲ႕အသက္ဟာ ၁၂ နစ္သာ႐ွိေသး ေျကာင္းသိ႐ွိခဲ့ရတယ္လို႔ South China Morning Post ရဲ႕ သတင္းေဖာ္ျပမႈမွာ ေတြ႕ခဲ့ရပါတယ္။
သူတို႔ႏွစ္ဦးဟာ အြန္လိုင္းမွာ တစ္စထက္တစ္စခ်စ္ႀကိဳးသြယ္လို႔ မက္ေဆ့ခ်္ေတြအျပန္အလွန္ပို႔ရင္း အြန္လိုင္းခ်စ္သူေတြျဖစ္ခဲ့ၾကၿပီး Lu ဟာ ေကာင္မေလး႐ွိရာ ေဟာင္ေကာင္ကိုသြားလည္ခဲ့ေၾကာင္း၊ ႏွစ္ရက္ဆက္တိုက္ အတူေနျဖစ္ၿပီးလိင္ဆက္ဆံခဲ့ၾကေၾကာင္း South China Morning Post သတငိးအရသိ႐ွိခဲ့ရၿပီး –
Lu နဲ႔ေတြ႕ဆံုခ်ိန္ အစပိုင္းမွာ ေကာင္မေလးဟာ သူဟာအသက္လိိမ္ၿပီးေျပာခဲ့တာျဖစ္ေၾကာင္း၊ သူ႕ရဲ႕အသက္ဟာ အခုမွသာ ၁၈ ႏွစ္ျပည္ခဲ့တာျဖစ္ေၾကာင္း ထပ္မံလိမ္လည္ေျပာဆိုခဲ့ေၾကာင္း၊ Lu ကို ေလဆိပ္ျပန္လိုက္ပို႔ခ်ိန္မွသာ သူဟာ အသက္ ၁၂ အရြယ္သာ႐ွိေသးတာျဖစ္ေၾကာင္း အကုန္အစင္ဖြင့္ေျပာခဲ့ေၾကာင္း သိ႐ွိရပါတယ္။
Lu ဟာ သူ႕ရဲ႕ျပစ္ဒဏ္ကိုမေ႐ွာင္လႊဲခဲ့ဘဲ ေဟာင္ေကာင္မွာပဲ ဆက္လက္ေနထိုင္လို႔ တရားရင္ဆိုင္ခဲ့ၿပီး ေဟာင္ေကာင္ႏိုင္ငံဥပေဒအရ အသက္ ၁၃ ႏွစ္ေအာက္ မိန္းကေလးနဲ႔ လိင္ဆက္ဆံမႈျပခဲ့တဲ့အမႈနဲ႔ စြဲခ်က္တင္ခံခဲ့ရကာ သူဟာ ေထာင္ဒဏ္ ၁၀ လ က်ခဲ႔ဖို႔ ဆံုးျဖတ္ျခင္းခံခဲ႔ရတယ္လို႔ သိ႐ွိပါတယ္။
တရားသူႀကီးကိုယ္တိုင္က Lu ရဲ႕ ႐ိုးသားမႈကိုလက္ခံခဲ့ၿပီး ေကာင္မေလးဟာ အရြယ္နဲ႔မမ်ွေအာင္ လူႀကီးဆန္ေနခဲ့တာေၾကာင့္ Lu က အလြယ္တကူယံုၾကည္ခဲ့တာျဖစ္သလို ေကာင္မေလးကိုလဲ အမွန္တကယ္ခ်စ္ျမတ္ႏိုးခဲ့တာျဖစ္ေၾကာင္း၊ အသက္မျပည့္သူ ကေလးငယ္မွန္းသိခဲ့ရင္ Lu ဟာ လိင္မႈကိစၥကိုက်ဴးလြန္ခဲ့မွာမဟုတ္ေၾကာင္း ေျဖ႐ွင္းခ်က္ေပးခဲ့ေၾကာင္း ေဖာ္ျပမႈေတြအရသိခဲ့ရပါတယ္။
EFIL-ApannPyay
Unicode
တ ရုတ်ပြည်၊ ရှန်ဟိုင်းမြို့က အသက် ၂၈ အရွယ်အမျိုးသား Lu ဟာ ၂၀၁၈ ခုနှစ်တုန်းက အွန်လိုင်းပေါ်မှာ ဂိမ်းဆော့ရင်း ချစ်သူဖြစ်ခဲ့တဲ့ ချစ်သူကောင်မလေးကို အပြင်မှာသွားတွေ့ပြီးမှ ချစ်သူကောင်မလေးရဲ့အသက်လိမ်လည်ပြောဆိုမှုကြောင့် သက်ငယ်မုဒိမ်းမှု နဲ့ ထောင်ကျသွားခဲ့တယ်လို့ South China Morning Post သတင်းရဲ့ဖော်ပြမှုအရသိရှိခဲ့ရပါတယ်။
အွန်လိုင်းချစ်သူကောင်မလေးက သူဟာ အသက် ၂၂ နှစ်အရွယ်ရှိပြီဖြစ်ကြောင်း လိမ်လည်ပြောဆိုခဲ့တာဖြစ်ပြီး ဒါကို အလွယ်ယုံကြည်ခဲ့တဲ့ Lu ဟာ ကောင်မလေးနဲ့အပြင်တွေ့လို့ အတူနေပြီးချိန်မှ ကောင်မလေးရဲ့အသက်ဟာ ၁၂ နစ်သာရှိသေး ကြောင်းသိရှိခဲ့ရတယ်လို့ South China Morning Post ရဲ့ သတင်းဖော်ပြမှုမှာ တွေ့ခဲ့ရပါတယ်။
သူတို့နှစ်ဦးဟာ အွန်လိုင်းမှာ တစ်စထက်တစ်စချစ်ကြိုးသွယ်လို့ မက်ဆေ့ချ်တွေအပြန်အလှန်ပို့ရင်း အွန်လိုင်းချစ်သူတွေဖြစ်ခဲ့ကြပြီး Lu ဟာ ကောင်မလေးရှိရာ ဟောင်ကောင်ကိုသွားလည်ခဲ့ကြောင်း၊ နှစ်ရက်ဆက်တိုက် အတူနေဖြစ်ပြီးလိင်ဆက်ဆံခဲ့ကြကြောင်း South China Morning Post သတငိးအရသိရှိခဲ့ရပြီး –
Lu နဲ့တွေ့ဆုံချိန် အစပိုင်းမှာ ကောင်မလေးဟာ သူဟာအသက်လိိမ်ပြီးပြောခဲ့တာဖြစ်ကြောင်း၊ သူ့ရဲ့အသက်ဟာ အခုမှသာ ၁၈ နှစ်ပြည်ခဲ့တာဖြစ်ကြောင်း ထပ်မံလိမ်လည်ပြောဆိုခဲ့ကြောင်း၊ Lu ကို လေဆိပ်ပြန်လိုက်ပို့ချိန်မှသာ သူဟာ အသက် ၁၂ အရွယ်သာရှိသေးတာဖြစ်ကြောင်း အကုန်အစင်ဖွင့်ပြောခဲ့ကြောင်း သိရှိရပါတယ်။
Lu ဟာ သူ့ရဲ့ပြစ်ဒဏ်ကိုမရှောင်လွှဲခဲ့ဘဲ ဟောင်ကောင်မှာပဲ ဆက်လက်နေထိုင်လို့ တရားရင်ဆိုင်ခဲ့ပြီး ဟောင်ကောင်နိုင်ငံဥပဒေအရ အသက် ၁၃ နှစ်အောက် မိန်းကလေးနဲ့ လိင်ဆက်ဆံမှုပြခဲ့တဲ့အမှုနဲ့ စွဲချက်တင်ခံခဲ့ရကာ သူဟာ ထောင်ဒဏ် ၁၀ လ ကျခဲ့ဖို့ ဆုံးဖြတ်ခြင်းခံခဲ့ရတယ်လို့ သိရှိပါတယ်။
တရားသူကြီးကိုယ်တိုင်က Lu ရဲ့ ရိုးသားမှုကိုလက်ခံခဲ့ပြီး ကောင်မလေးဟာ အရွယ်နဲ့မမျှအောင် လူကြီးဆန်နေခဲ့တာကြောင့် Lu က အလွယ်တကူယုံကြည်ခဲ့တာဖြစ်သလို ကောင်မလေးကိုလဲ အမှန်တကယ်ချစ်မြတ်နိုးခဲ့တာဖြစ်ကြောင်း၊ အသက်မပြည့်သူ ကလေးငယ်မှန်းသိခဲ့ရင် Lu ဟာ လိင်မှုကိစ္စကိုကျူးလွန်ခဲ့မှာမဟုတ်ကြောင်း ဖြေရှင်းချက်ပေးခဲ့ကြောင်း ဖော်ပြမှုတွေအရသိခဲ့ရပါတယ်။
EFIL-ApannPyay