ကပ္ေ ရာဂါတစ္မ်ိဳးသဖြယ္ ျဖစ္လာနိုင္တဲ့ Coronavirus ကူးစက္ေရာဂါဟာ အခုဆိုရင္၊ ထိုင္း၊ မေလးရွား၊ ဂ်ပန္နဲ႔ နိုင္ငံေတာ္ေတာ္မ်ားမ်ားကို စတင္ပ်ံ႕ႏွံ့ေနၿပီမို႔၊ တ႐ုတ္အာဏာပိုင္ေတြက ဗိုင္းရပ္စ္ပိုး စတင္ပ်ံ႕ႏွံ့ရာ ဝူဟန္ၿမိဳ႕ကို ဝင္ခြင့္ထြက္ခြင့္ ပိတ္ပင္လိုက္ၿပီလို႔ သိရပါတယ္။

ဝူဟန္ၿမိဳ႕မွာ ၿမိဳ႕ေနလူထု (၁၁)သန္းအထိ ရွိၿပီး၊ ၿမိဳ႕ေနလူထုအေနနဲ႔ အျခားေဒသမ်ားသို႔ သြားလာျခင္း ခြင့္ျပဳေတာ့မွာ မဟုတ္သလို၊ အျခားေဒသမွ လူမ်ားလည္း ဝူဟန္ကို ဝင္ခြင့္ျပဳေတာ့မွာ မဟုတ္ပါဘူး။

အခုေတြ႕ရွိတဲ့ Corona ဗိုင္းရပ္စ္ကို ေဆးပညာရွင္ေတြက 2019 Novel Coronavirus (2019-nCoV) လို႔ အမည္ေပးခဲ့ပါတယ္။ ဝူဟန္ၿမိဳ႕က စတင္ခဲ့တာျဖစ္ၿပီး၊ လူေပါင္း (၅၇၀) ကူးစက္ခံခဲ့ရသလို၊ လက္ရွိအခ်ိန္ထိ (၁၇)ဦး ေသဆုံးခဲ့ၿပီျဖစ္ေၾကာင္း သိရပါတယ္။

တ႐ုတ္အာဏာပိုင္ေတြဟာ ေရာဂါလၽွင္ျမန္စြာ ကူးစက္မႈကို ထိန္းခ်ဳပ္ဖို႔အတြက္ ကမၻာ့က်န္းမာေရးဌာန WHO နဲ႔ တိုင္ပင္ၿပီး အခုလို ဆုံးျဖတ္ခဲ့တာပါ။ ေရာဂါကပ္ဆိုေဘးကလည္း စိုးရိမ္ရသလို၊ အလြန္ပမာဏမ်ားျပားတဲ့ ဝူဟန္ၿမိဳ႕ေန ျပည္သူေတြအတြက္လည္း အလြန္ခက္ခဲမယ့္အခ်ိန္ ျဖစ္ပါတယ္။

အေၾကာင္းကေတာ့ ႀကီးမားတဲ့ ကုန္စည္စီးဆင္းမႈေတြလည္း ျပတ္ေတာက္သြားမွာျဖစ္သလို၊ ဒီေဒသရဲ့ စီးပြားေရးလုပ္ငန္းေတြလည္း ဆိုင္းငံ့သြားမယ့္သေဘာပါ။ ဝူဟန္ၿမိဳ႕ကုုိ ဝင္ထြက္ခြင့္ ပိတ္ပင္မႈကို ဇန္နဝါရီ (၂၃)ရက္၊ မနက္(၁၀)နာရီမွာ အာဏာစတည္ခဲ့တာျဖစ္ၿပီး၊ ရထားဘူတာမ်ား၊ ေလဆိပ္မ်ားနဲ႔၊ အမ်ားျပည္သူ သယ္ယူပို႔ေဆာင္ေရး ခရီးစဥ္မ်ား၊ နိုင္ငံျခားသားနဲ႔ ခရီးသြားဧည့္လမ္းညႊန္ လုပ္ငန္းမ်ား အကုန္လုံး ရပ္ဆိုင္းထားဖို႔ အမိန႔္ထုတ္ထားပါတယ္။

တကယ္လို႔ ၿမိဳ႕ေနလူထုအေနနဲ႔လည္း တစ္စုံတစ္ခုေသာ အေရးအခင္းေၾကာင့္ ခရီးသြားဖို႔လိုအပ္ရင္ သက္ဆိုင္ရာကို ခ်က္ခ်င္း အေၾကာင္းၾကားဖို႔နဲ႔ အထူးခြင့္ျပဳခ်က္ ေတာင္းခံဖို႔ ထုတ္ျပန္ထားပါတယ္။ ေလာေလာဆယ္ေတာ့ ကုန္စည္ဝင္တဲ့ လမ္းေၾကာင္းေတြကို ဖြင့္ထားဆဲျဖစ္ေပမယ့္ စစ္ေဆးခံၿပီးမွ ဝင္ရေတာ့မွာပါ။

လင္းေဇာ္ကို (D Nae Khit)

Unicode

ကပ်ေ ရာဂါတစ်မျိုးသဖွယ် ဖြစ်လာနိုင်တဲ့ Coronavirus ကူးစက်ရောဂါဟာ အခုဆိုရင်၊ ထိုင်း၊ မလေးရှား၊ ဂျပန်နဲ့ နိုင်ငံတော်တော်များများကို စတင်ပျံ့နှံ့နေပြီမို့၊ တရုတ်အာဏာပိုင်တွေက ဗိုင်းရပ်စ်ပိုး စတင်ပျံ့နှံ့ရာ ဝူဟန်မြို့ကို ဝင်ခွင့်ထွက်ခွင့် ပိတ်ပင်လိုက်ပြီလို့ သိရပါတယ်။

ဝူဟန်မြို့မှာ မြို့နေလူထု (၁၁)သန်းအထိ ရှိပြီး၊ မြို့နေလူထုအနေနဲ့ အခြားဒေသများသို့ သွားလာခြင်း ခွင့်ပြုတော့မှာ မဟုတ်သလို၊ အခြားဒေသမှ လူများလည်း ဝူဟန်ကို ဝင်ခွင့်ပြုတော့မှာ မဟုတ်ပါဘူး။

အခုတွေ့ရှိတဲ့ Corona ဗိုင်းရပ်စ်ကို ဆေးပညာရှင်တွေက 2019 Novel Coronavirus (2019-nCoV) လို့ အမည်ပေးခဲ့ပါတယ်။ ဝူဟန်မြို့က စတင်ခဲ့တာဖြစ်ပြီး၊ လူပေါင်း (၅၇၀) ကူးစက်ခံခဲ့ရသလို၊ လက်ရှိအချိန်ထိ (၁၇)ဦး သေဆုံးခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။

တရုတ်အာဏာပိုင်တွေဟာ ရောဂါလျှင်မြန်စွာ ကူးစက်မှုကို ထိန်းချုပ်ဖို့အတွက် ကမ္ဘာ့ကျန်းမာရေးဌာန WHO နဲ့ တိုင်ပင်ပြီး အခုလို ဆုံးဖြတ်ခဲ့တာပါ။ ရောဂါကပ်ဆိုဘေးကလည်း စိုးရိမ်ရသလို၊ အလွန်ပမာဏများပြားတဲ့ ဝူဟန်မြို့နေ ပြည်သူတွေအတွက်လည်း အလွန်ခက်ခဲမယ့်အချိန် ဖြစ်ပါတယ်။

အကြောင်းကတော့ ကြီးမားတဲ့ ကုန်စည်စီးဆင်းမှုတွေလည်း ပြတ်တောက်သွားမှာဖြစ်သလို၊ ဒီဒေသရဲ့ စီးပွားရေးလုပ်ငန်းတွေလည်း ဆိုင်းငံ့သွားမယ့်သဘောပါ။ ဝူဟန်မြို့ကုုိ ဝင်ထွက်ခွင့် ပိတ်ပင်မှုကို ဇန်နဝါရီ (၂၃)ရက်၊ မနက်(၁၀)နာရီမှာ အာဏာစတည်ခဲ့တာဖြစ်ပြီး၊ ရထားဘူတာများ၊ လေဆိပ်များနဲ့၊ အများပြည်သူ သယ်ယူပို့ဆောင်ရေး ခရီးစဉ်များ၊ နိုင်ငံခြားသားနဲ့ ခရီးသွားဧည့်လမ်းညွှန် လုပ်ငန်းများ အကုန်လုံး ရပ်ဆိုင်းထားဖို့ အမိန့်ထုတ်ထားပါတယ်။

တကယ်လို့ မြို့နေလူထုအနေနဲ့လည်း တစ်စုံတစ်ခုသော အရေးအခင်းကြောင့် ခရီးသွားဖို့လိုအပ်ရင် သက်ဆိုင်ရာကို ချက်ချင်း အကြောင်းကြားဖို့နဲ့ အထူးခွင့်ပြုချက် တောင်းခံဖို့ ထုတ်ပြန်ထားပါတယ်။ လောလောဆယ်တော့ ကုန်စည်ဝင်တဲ့ လမ်းကြောင်းတွေကို ဖွင့်ထားဆဲဖြစ်ပေမယ့် စစ်ဆေးခံပြီးမှ ဝင်ရတော့မှာပါ။

လင်းဇော်ကို (D Nae Khit)