မြန် မာနိုင်ငံရဲ့ နိုင်ငံကျော် ရုပ်ရှင်သရုပ်ဆောင် တစ်ဦးဖြစ်တဲ့ သရုပ်ဆောင် မိုးအောင်ရင်တစ်ယောက်ကတော့ မူးယစ်ဆေးဝါးအမှုနဲ့ ထောင်ဒဏ်နှစ်ရှည်ကျခံနေရကနေ သမ္မတကြီးရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့အတူ ပြန်လည်လွတ်မြောက်လာခဲ့သူဖြစ်ပါတယ်။ သူဟာထောင်ထဲမှာ တွေ့ကြုံခဲ့ရတာတွေကို သင်ခန်းစာယူပြီးတော့ ဘဝကို အကောင်းဆုံးကြိုးစားရုန်းကန်နေသူလည်းဖြစ်ပါတယ်နော်။

မကြာသေးခင်က သရုပ်ဆောင် မိုးအောင်ရင်တစ်ယောက် သူငယ်ချင်းဖြစ်သူ UnderArmour ဆိုင်ဖွင့်ပွဲကို ဖိတ်ကြားမှုကြောင့် ရောက်ရှိခဲ့ပါတယ်။ အဲ့ဒီအခါမှာတော့ မီဒီယာတွေရဲ့ မေးမြန်းချက်တွေကို ပြန်လည်ဖြေဆိုပေးခဲ့ပြီးတော့ သူ့အနေနဲ့ UA Brand ကိုကြိုက်ပေမယ့် ဝယ်မဝတ်နိုင်ဘူးလို့လည်းဆိုပါတယ်။ မိုးအောင်ရင်က

( ကျွန်တော်ကတော့ ကြိုက်တယ်။ UA က ဈေးနည်းနည်းမြင့်ပေမယ့် အလကားနာမည်ကျော်တာတော့ မဟုတ်ပါဘူး။ ထောင်ထဲမှာ နေစဉ်က ညီမလေး ဝယ်ပေးလို့ ဝတ်ဖူးပြီးကြိုက်သွားတာ။ အခုတော့ မဝယ်နိုင်သေးပေမယ့် နောက်တော့ ဝယ်နိုင်မှာပါ။ တဆက်တည်းဆိုသလို ငွေကြေးက လတ်တလော မပြေလည်ေ သးတာကြောင့် အိမ်မှာ မိုက်ခရိုဝေ့ပျက်နေတာတောင် မပြင်နိုင်တဲ့အခြေအနေဖြစ် နေတယ်၊ )) လို့ သူက ဆိုပါတယ်။

မိုးအောင်ရင်ကတော့ အခုလို ဆိုင်အကြီးကြီးဖွင့်ပွဲမှန်း မသိဘူးလို့ဆိုပါတယ်။ လက်ရှိမှာတော့ မိုးအောင်ရင်ကတော့ ရုပ်ရှင်လောကထဲ ပြန်လည်တိုးဝင်နေပြီးတော့ အခုထိတော့ ထင်သလောက် ခရီးမပေါက်သေးဘူးလို့ဆိုပါတယ်။ သူဟာ အခုလို ကြိုးစားနေပေမယ့်လည်း တစ်ဖက်မှာကတော့ ချစ်သူဟောင်းဖြစ်သူက ကာမလိမ်လည်မှုနဲ့ တရားစွဲဆိုထားခြင်းကြောင့်လည်း တရားရင်ဆိုင်နေရသူဖြစ်ပါတယ်။

ဗီဒီယိုဖိုင်ကို ကြည့်ရန် နှိပ်ပါ

Writer – SMT (Shwe Yaung Lan)
video- Sunday Journal