တ ႐ုတ္နိုင္ငံမွာ ထူးဆန္းတဲ့ ဗိုင္းရပ္စ္တစ္မ်ိဳးျဖစ္ပြားေနပါတယ္…တာဝန္ရွိသူေတြကလည္း အဆိုပါ ဗိုင္းရပ္စ္အေၾကာင္း သုေတသနျပဳလုပ္မႈေတြ အျပင္းအထန္ျပဳလုပ္ခ်က္ရွိပါတယ္……သုေတသနျပဳ စုံစမ္းစစ္ေဆးေနတဲ့ တ႐ုတ္တာဝန္ရွိသူတစ္ဦးကေတာ့ ကိုရိုနာဗိုင္းရပ္စ္ပိုးဆန္းတစ္မ်ိဳးကေန ျဖစ္ပြားတဲ့ အဆိုပါ နမိုးနီးယားေရာဂါသစ္တစ္မ်ိဳးဟာ လူ လူျခင္း ကူးစက္နိုင္တယ္လို႔ အသိေပးခဲ့ပါတယ္…..

ခုလိုေျပာလာရတာကလည္း ဒီ ဗိုင္းရပ္စ္ေၾကာင့္ ေလးဦးေျမာက္လူ ေသဆုံးေၾကာင္း သတင္းထုတ္ျပန္အၿပီးမွာ ဖြင့္ဟလာခဲ့တာျဖစ္ပါတယ္….
ဒါေပမယ့္ အဆိုပါေရာဂါဆန္းဟာ ျပင္းထန္အဆုတ္ေရာင္ေရာဂါ SARS ေရာဂါ တစ္ေက်ာ့ျပန္လာနိုင္မဲ့ အႏၲရာယ္မ်ိဳး မရွိဘူးလို႔ ေက်ာင္နန္ရွန႔္က ဆိုခဲ့ပါတယ္…

ခုလို ေရာဂါဆန္းဗိုင္းရပ္စ္ ျပန႔္ႏွံ့ခဲ့တာဟာလည္း အေစာပိုင္းအေျခအေနကသာျဖစ္ၿပီး လက္ရွိအခ်ိန္မွာေတာ့ တ႐ုတ္နိုင္ငံက ေကာင္းစြာေစာင့္ၾကည့္ေနသလို ေရာဂါကို ထိန္းခ်ဳပ္နိုင္တဲ့ ေရာဂါေျခခ်ဳပ္စနစ္ကိုလည္း က်င့္သုံးေနၿပီျဖစ္ေၾကာင္း ၎က ဆက္လက္ေျပာဆိုခဲ့ပါတယ္…

တ႐ုတ္နိုင္ငံအျပင္ ေတာင္ကိုရီးယား၊ ထိုင္းနဲ႔ ဂ်ပန္တို႔မွာလည္း ကူးစက္ခံရသူ ေလးဦး ရွိထားၿပီ ျဖစ္တာေၾကာင့္ ကမၻာ့ေလဆိပ္ေတြမွာလည္း တ႐ုတ္ ဝူဟန္ၿမိဳ႕ကလာခဲ့တဲ့ တ႐ုတ္ခရီးသည္ေတြကို က်န္းမာေရးစစ္ေဆးမႈေတြ ျပဳလုပ္လ်က္ရွိပါတယ္….

တ႐ုတ္တာဝန္ရွိသူေတြရဲ့ အတည္ျပဳခ်က္အရ ဗိုင္းရပ္စ္ ကူးစက္ခံရသူေပါင္း ၂၁၇ ဦး ရွိရာမွာ ဝူဟန္ၿမိဳ႕မွာတင္ ၁၉၈ ဦး ရွိေၾကာင္း ထုတ္ျပန္ထားပါတယ္။

ဒါေၾကာင့္ လူလူခ်င္း ကူးစက္တတ္တဲ့ ဒီဗိုင္းရပ္စ္ဆန္းႀကီး မိမိတို႔ေဒသဆီ ေရာက္မလာေစဖို႔ သတိထားၾကဖို႔ နဲ႔ စစ္ေဆးမႈေတြ ျပဳလုပ္ဖို႔ လိုပါတယ္ေနာ္…

Writer – HW (Shwe Yaung Lan)
Source : Reuters

Unicode

တ ရုတ်နိုင်ငံမှာ ထူးဆန်းတဲ့ ဗိုင်းရပ်စ်တစ်မျိုးဖြစ်ပွားနေပါတယ်…တာဝန်ရှိသူတွေကလည်း အဆိုပါ ဗိုင်းရပ်စ်အကြောင်း သုတေသနပြုလုပ်မှုတွေ အပြင်းအထန်ပြုလုပ်ချက်ရှိပါတယ်……သုတေသနပြု စုံစမ်းစစ်ဆေးနေတဲ့ တရုတ်တာဝန်ရှိသူတစ်ဦးကတော့ ကိုရိုနာဗိုင်းရပ်စ်ပိုးဆန်းတစ်မျိုးကနေ ဖြစ်ပွားတဲ့ အဆိုပါ နမိုးနီးယားရောဂါသစ်တစ်မျိုးဟာ လူ လူခြင်း ကူးစက်နိုင်တယ်လို့ အသိပေးခဲ့ပါတယ်…..

ခုလိုပြောလာရတာကလည်း ဒီ ဗိုင်းရပ်စ်ကြောင့် လေးဦးမြောက်လူ သေဆုံးကြောင်း သတင်းထုတ်ပြန်အပြီးမှာ ဖွင့်ဟလာခဲ့တာဖြစ်ပါတယ်….
ဒါပေမယ့် အဆိုပါရောဂါဆန်းဟာ ပြင်းထန်အဆုတ်ရောင်ရောဂါ SARS ရောဂါ တစ်ကျော့ပြန်လာနိုင်မဲ့ အန္တရာယ်မျိုး မရှိဘူးလို့ ကျောင်နန်ရှန့်က ဆိုခဲ့ပါတယ်…

ခုလို ရောဂါဆန်းဗိုင်းရပ်စ် ပြန့်နှံ့ခဲ့တာဟာလည်း အစောပိုင်းအခြေအနေကသာဖြစ်ပြီး လက်ရှိအချိန်မှာတော့ တရုတ်နိုင်ငံက ကောင်းစွာစောင့်ကြည့်နေသလို ရောဂါကို ထိန်းချုပ်နိုင်တဲ့ ရောဂါခြေချုပ်စနစ်ကိုလည်း ကျင့်သုံးနေပြီဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုခဲ့ပါတယ်…

တရုတ်နိုင်ငံအပြင် တောင်ကိုရီးယား၊ ထိုင်းနဲ့ ဂျပန်တို့မှာလည်း ကူးစက်ခံရသူ လေးဦး ရှိထားပြီ ဖြစ်တာကြောင့် ကမ္ဘာ့လေဆိပ်တွေမှာလည်း တရုတ် ဝူဟန်မြို့ကလာခဲ့တဲ့ တရုတ်ခရီးသည်တွေကို ကျန်းမာရေးစစ်ဆေးမှုတွေ ပြုလုပ်လျက်ရှိပါတယ်….

တရုတ်တာဝန်ရှိသူတွေရဲ့ အတည်ပြုချက်အရ ဗိုင်းရပ်စ် ကူးစက်ခံရသူပေါင်း ၂၁၇ ဦး ရှိရာမှာ ဝူဟန်မြို့မှာတင် ၁၉၈ ဦး ရှိကြောင်း ထုတ်ပြန်ထားပါတယ်။

ဒါကြောင့် လူလူချင်း ကူးစက်တတ်တဲ့ ဒီဗိုင်းရပ်စ်ဆန်းကြီး မိမိတို့ဒေသဆီ ရောက်မလာစေဖို့ သတိထားကြဖို့ နဲ့ စစ်ဆေးမှုတွေ ပြုလုပ်ဖို့ လိုပါတယ်နော်…

Writer – HW (Shwe Yaung Lan)
Source : Reuters