မ နက္ေစာေစာစီးစီး ေတာ္ေတာ္ေဒါသထြက္စရာေကာင္းတယ္ ။ ဝူဟန္ဗိုင္းရပ္ လို႔ သိတဲ့ Corona virus စျဖစ္တဲ့ တ႐ုတ္ႏိုင္ငံ ဝူဟန္က ေလယာဥ္ ဒီေန႔မနက္ ၁:၃၅ က ရန္ကုန္ကို ဆိုက္တယ္ သိပ္မၾကာဘူး တ႐ုတ္အစိုးရက ဝူဟန္ ကေန ေလေၾကာင္း / ရထားလမ္းေၾကာင္း အကုန္ပိတ္လိုက္ၿပီလို႔ သတင္းထုတ္ျပန္တယ္ ။

တ ႐ုတ္က တိုးရစ္ေတြဆိုတာ ျမန္မာကို တေန႔ တေန႔ ေထာင္ခ်ီ ရာခ်ီ ဝင္ေနတာ ဘယ္သူေတြက ဘယ္လိုနည္းလမ္းေတြနဲ႔ စစ္ေနလဲ ဘာေတြလုပ္ေနလဲ ဆိုတာ ဘယ္သူမွ ေသခ်ာမသိဘူး

ရန္ကုန္ေလဆိပ္မွာ ဒီ virus နဲ႔ပတ္သတ္ၿပီး က်န္းမာေရးစစ္ေဆးမႈ လုပ္ေနတယ္ ေျပာလို႔ ဒါကို သတင္းရယူခြင့္ / ႐ိုက္ကူးခြင့္ရဖို႔ လိုက္စုံစမ္းတယ္ ဖုန္းဆက္တယ္ Scanning လုပ္တယ္ေျပာလို႔ ဘယ္လိုေတြလုပ္လဲ ဘယ္ေလာက္စိတ္ခ်ရမလဲ လတ္တေလာ အေျခအေနဘယ္လိုလဲ ဒါေတြ သိခ်င္လို႔ ေမးဖို႔လည္း ရည္႐ြယ္ပါတယ္ဖုန္း ၅ လုံးေလာက္ အဆင့္ဆင့္ဆက္ၿပီးေတာ့ ေလဆိပ္ကို လုပ္ပိုင္ခြင့္ရတဲ့ ကုမၸဏီက ျပန္ေျဖတယ္ ..။

“ ေလဆိပ္ဆိုက္ေရာက္ဧရိယာ မွာ က်န္းမာေရးစစ္ေဆးမႈ စကင္ဖတ္တာကို သတင္း႐ိုက္ခ်င္ရင္ စာတင္ရပါမယ္ ၿပီးရင္ ႐ိုက္ကူးခ USD 600 ( ျမန္မာေငြ ကိုးသိန္း ) ေပးရပါမယ္တဲ့/ ေသခ်ာသိခ်င္ရင္ ေလဆိပ္က ႐ုံးခန္းကိုလာပါ ရွင္းျပပါမယ္တဲ့ “အဲ့ဒါထားလိုက္ဦး မေက်လည္လို႔ ေလေၾကာင္းပို႔ေဆာင္ေရးဦးစီးဌာန ရဲ႕ အုပ္ခ်ဳပ္ စီမံ ဌာန က အရာရွိကို ဆက္တယ္။

က်ေတာ္တို႔ဆီ စာတင္ရပါမယ္ / က်ေတာ္တို႔က ခြင့္ျပဳရင္ တပတ္ေလာက္ၾကာပါမယ္ / က်ေတာ္တို႔ ဌာနဆိုင္ရာက ခြင့္ျပဳၿပီးရင္ေတာင္ လုပ္ပိုင္ခြင့္ရတဲ့ ကုမၸဏီကို သူတို႔ေတာင္းတဲ့ က်သင့္ေငြ ေပးရပါမယ္ / သူတို႔က ေလဆိပ္မွာ investment ေတြလုပ္ထားလို႔ပါတဲ့ ဆိုေတာ့ အမ်ားျပည္သူ စိုးရိမ္ေနတဲ့ က်န္းမာေရးကိစၥ ကို တရားဝင္သတင္းယူခြင့္ ေတာင္းတာ / အမ်ားျပည္သူသြားလာေနတဲ့ေနရာ ေလဆိပ္မွာ သတင္း႐ိုက္ခြင့္ေပးပါ ဆိုတာေတာင္ ပိုက္ဆံေပးၿပီး ႐ိုက္ရမယ္ ဆိုေတာ့

အစိုးရ က ေလဆိပ္တခုလုံးကို အဲ့ကုမၸဏီလက္ေအာက္ထဲ ထည့္ေပးထားတာလား ျပည္သူ သိသင့္တဲ့ က်န္းမာေရးကိစၥမ်ိဳး မွာ စစ္ေဆးမႈေတြ လုပ္ေနတာကိုေတာင္ ႐ိုက္ကူးခြင့္ မေပးႏိုင္တာလား commercial ေတြမဟုတ္ စီးပြါးေရးကိစၥမဟုတ္ဘဲ သတင္း႐ိုက္ကူးခြင့္ရဖို႔က အဲ့ေလာက္ေတာင္ ခက္တာလား အဲ့ေလာက္ေတာင္ ပိုက္ဆံမက္ေနၾကတာလား ကိုယ္ေတြဌာနရဲ႕ တျခားဗ်ဳ႐ိုက သူေတြ သူတို႔ႏိုင္ငံက ေလဆိပ္ေတြမွာ ႐ိုက္ထားၾကတာ ေအးေအးေဆးေဆးပဲ ေငြေပး႐ိုက္ရတယ္လို႔ လုံးဝကို မရွိဘူး မေန႔ညက ဝူဟန္က ေလယာဥ္ေရာက္တာနဲ႔ ပတ္သတ္ၿပီးလည္း ဘာမွမထုတ္ျပန္ဘူး ေလဆိပ္ page မွာေတာ့ က်န္းမာေရး ဝန္ႀကီးဌာနက ဒီလိုစစ္ေဆးေနပါတယ္ဆိုၿပီး သတင္းထုတ္ျပန္တယ္ ..။

ဒါေပမယ့္ လူ ၁၀၀၀ ေတာင္ ျပည့္ေအာင္ ဖတ္မိၾကမွာ မဟုတ္ဘူး သတင္းထုတ္ျပန္မႈေတြမွာ ဘယ္ေတာ့မွ အသုံးမက်တဲ့ ပူးေပါင္းေဆာင္႐ြက္မႈေတြ ခ်ည္းပဲ တခုခု ျဖစ္လာရင္ေတာင္ သတင္းထုတ္ျပန္ဖို႔ထက္ ဖုံးမယ္ဖိမယ္ သတင္းယူဖို႔ ခက္ေအာင္လုပ္မယ္ဆိုတဲ့ ဌာန ေတြခ်ည္းပဲ သတင္းေထာက္ေတြအတြက္ကေတာ့ ဝန္ႀကီးဌာနကို တရားဝင္စာတင္ပါဆိုတာ အႏုနည္းနဲ႔ ျငင္းတယ္လို႔ပဲ မွတ္ၾကရတာပါ..။

စာတင္ထားၿပီး ဘာမွအေၾကာင္းမျပန္ေတာ့တာမ်ိဳး ခြင့္မျပဳရင္ေတာင္ follow up မလုပ္မခ်င္း ဘာမွမေျပာတာမ်ိဳး အခ်ိန္အၾကာႀကီး ၾကာတာမ်ိဳး ေတြက အၿမဲႀကဳံေနရတာပါ..။

ဒါေတာင္ အခုလို အင္တာနက္ေခတ္မွာ လူကိုယ္တိုင္႐ုံးကို စာလာတင္ပါလို႔ ဆိုေသး ေလးစားစရာ ပူးေပါင္းေဆာင္႐ြက္မႈေတြပါEvery Time Story

Unicode

မ နက်စောစောစီးစီး တော်တော်ဒေါသထွက်စရာကောင်းတယ် ။ ဝူဟန်ဗိုင်းရပ် လို့ သိတဲ့ Corona virus စဖြစ်တဲ့ တရုတ်နိုင်ငံ ဝူဟန်က လေယာဉ် ဒီနေ့မနက် ၁:၃၅ က ရန်ကုန်ကို ဆိုက်တယ် သိပ်မကြာဘူး တရုတ်အစိုးရက ဝူဟန် ကနေ လေကြောင်း / ရထားလမ်းကြောင်း အကုန်ပိတ်လိုက်ပြီလို့ သတင်းထုတ်ပြန်တယ် ။

တ ရုတ်က တိုးရစ်တွေဆိုတာ မြန်မာကို တနေ့ တနေ့ ထောင်ချီ ရာချီ ဝင်နေတာ ဘယ်သူတွေက ဘယ်လိုနည်းလမ်းတွေနဲ့ စစ်နေလဲ ဘာတွေလုပ်နေလဲ ဆိုတာ ဘယ်သူမှ သေချာမသိဘူး

ရန်ကုန်လေဆိပ်မှာ ဒီ virus နဲ့ပတ်သတ်ပြီး ကျန်းမာရေးစစ်ဆေးမှု လုပ်နေတယ် ပြောလို့ ဒါကို သတင်းရယူခွင့် / ရိုက်ကူးခွင့်ရဖို့ လိုက်စုံစမ်းတယ် ဖုန်းဆက်တယ် Scanning လုပ်တယ်ပြောလို့ ဘယ်လိုတွေလုပ်လဲ ဘယ်လောက်စိတ်ချရမလဲ လတ်တလော အခြေအနေဘယ်လိုလဲ ဒါတွေ သိချင်လို့ မေးဖို့လည်း ရည်ရွယ်ပါတယ်ဖုန်း ၅ လုံးလောက် အဆင့်ဆင့်ဆက်ပြီးတော့ လေဆိပ်ကို လုပ်ပိုင်ခွင့်ရတဲ့ ကုမ္ပဏီက ပြန်ဖြေတယ် ..။

“ လေဆိပ်ဆိုက်ရောက်ဧရိယာ မှာ ကျန်းမာရေးစစ်ဆေးမှု စကင်ဖတ်တာကို သတင်းရိုက်ချင်ရင် စာတင်ရပါမယ် ပြီးရင် ရိုက်ကူးခ USD 600 ( မြန်မာငွေ ကိုးသိန်း ) ပေးရပါမယ်တဲ့/ သေချာသိချင်ရင် လေဆိပ်က ရုံးခန်းကိုလာပါ ရှင်းပြပါမယ်တဲ့ “အဲ့ဒါထားလိုက်ဦး မကျေလည်လို့ လေကြောင်းပို့ဆောင်ရေးဦးစီးဌာန ရဲ့ အုပ်ချုပ် စီမံ ဌာန က အရာရှိကို ဆက်တယ်။

ကျတော်တို့ဆီ စာတင်ရပါမယ် / ကျတော်တို့က ခွင့်ပြုရင် တပတ်လောက်ကြာပါမယ် / ကျတော်တို့ ဌာနဆိုင်ရာက ခွင့်ပြုပြီးရင်တောင် လုပ်ပိုင်ခွင့်ရတဲ့ ကုမ္ပဏီကို သူတို့တောင်းတဲ့ ကျသင့်ငွေ ပေးရပါမယ် / သူတို့က လေဆိပ်မှာ investment တွေလုပ်ထားလို့ပါတဲ့ ဆိုတော့ အများပြည်သူ စိုးရိမ်နေတဲ့ ကျန်းမာရေးကိစ္စ ကို တရားဝင်သတင်းယူခွင့် တောင်းတာ / အများပြည်သူသွားလာနေတဲ့နေရာ လေဆိပ်မှာ သတင်းရိုက်ခွင့်ပေးပါ ဆိုတာတောင် ပိုက်ဆံပေးပြီး ရိုက်ရမယ် ဆိုတော့

အစိုးရ က လေဆိပ်တခုလုံးကို အဲ့ကုမ္ပဏီလက်အောက်ထဲ ထည့်ပေးထားတာလား ပြည်သူ သိသင့်တဲ့ ကျန်းမာရေးကိစ္စမျိုး မှာ စစ်ဆေးမှုတွေ လုပ်နေတာကိုတောင် ရိုက်ကူးခွင့် မပေးနိုင်တာလား commercial တွေမဟုတ် စီးပွါးရေးကိစ္စမဟုတ်ဘဲ သတင်းရိုက်ကူးခွင့်ရဖို့က အဲ့လောက်တောင် ခက်တာလား အဲ့လောက်တောင် ပိုက်ဆံမက်နေကြတာလား ကိုယ်တွေဌာနရဲ့ တခြားဗျုရိုက သူတွေ သူတို့နိုင်ငံက လေဆိပ်တွေမှာ ရိုက်ထားကြတာ အေးအေးဆေးဆေးပဲ ငွေပေးရိုက်ရတယ်လို့ လုံးဝကို မရှိဘူး မနေ့ညက ဝူဟန်က လေယာဉ်ရောက်တာနဲ့ ပတ်သတ်ပြီးလည်း ဘာမှမထုတ်ပြန်ဘူး လေဆိပ် page မှာတော့ ကျန်းမာရေး ဝန်ကြီးဌာနက ဒီလိုစစ်ဆေးနေပါတယ်ဆိုပြီး သတင်းထုတ်ပြန်တယ် ..။

ဒါပေမယ့် လူ ၁၀၀၀ တောင် ပြည့်အောင် ဖတ်မိကြမှာ မဟုတ်ဘူး သတင်းထုတ်ပြန်မှုတွေမှာ ဘယ်တော့မှ အသုံးမကျတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ချည်းပဲ တခုခု ဖြစ်လာရင်တောင် သတင်းထုတ်ပြန်ဖို့ထက် ဖုံးမယ်ဖိမယ် သတင်းယူဖို့ ခက်အောင်လုပ်မယ်ဆိုတဲ့ ဌာန တွေချည်းပဲ သတင်းထောက်တွေအတွက်ကတော့ ဝန်ကြီးဌာနကို တရားဝင်စာတင်ပါဆိုတာ အနုနည်းနဲ့ ငြင်းတယ်လို့ပဲ မှတ်ကြရတာပါ..။

စာတင်ထားပြီး ဘာမှအကြောင်းမပြန်တော့တာမျိုး ခွင့်မပြုရင်တောင် follow up မလုပ်မချင်း ဘာမှမပြောတာမျိုး အချိန်အကြာကြီး ကြာတာမျိုး တွေက အမြဲကြုံနေရတာပါ..။

ဒါတောင် အခုလို အင်တာနက်ခေတ်မှာ လူကိုယ်တိုင်ရုံးကို စာလာတင်ပါလို့ ဆိုသေး လေးစားစရာ ပူးပေါင်းဆောင်ရွက်မှုတွေပါEvery Time Story