



Credit Shwe Yaung Lan

Unicode

အ ဆိုတော် စုံတွဲလေးဖြစ်တဲ့ G-Fatt နဲ့ နန်းစုရတီစိုးတို့ အတွဲကတော့ နားလည်မှုတွေမပေးနိုင်တော့တာကြောင့် လမ်းခွဲပြတ်စဲခဲ့ကြတာ အားလုံး အသိပါနော်။ လက်ရှိအချိန်မှာတော့ သူတို့နှစ်ဦးသား ကိုယ့်လမ်းကိုယ်လျှောက်နေကြပြီဖြစ်ပါတယ်။ ဒီအတွက်မီဒီယာတွေက G-Fatt နဲ့ နန်းစုရတီစိုးကို အမြဲတမ်း အချစ်ရေးနဲ့ ပတ်သတ်ပြီး မေးမြန်းလေ့ရှိပါတယ်။

အ ဆိုတော G-Fatt ကတော့ ပြီးခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ နန်းစု တစ်ယောက် ချစ်သူကောင်လေးရနေပြီလို့ ထုတ်ပြောလိုက်ပါတယ်။ ဒီအတွက် ပရိသတ်ကလည်း နန်းစု က အဲ့လိုလားဆိုတာ အမြင်မျိုးတွေ မြင်နေကြပါတယ်။ ဒီအတွက် နန်းစုကတော့ ဒီကိစ္စတွေကို ပြန်မပြောချင်လောက်အောင် ဖြစ်တယ်လို့ ဆိုပါတယ်။

သူနဲ့ လမ်းခွဲပြီးသွားပြီ ဆိုတော့ ဒီအကြောင်းတွေကို ခဏခဏ မပြောချင်တော့ဘူး။သူ ဘယ်လို ရည်ရွယ်ချက်မျိုးနဲ့ နောက်ထပ် ရည်းစားတစ်ယောက် ရှိနေပြီ လို့ ပြောလဲတော့ မသိဘူး။ တစ်ယောက်တည်းလား မေးတော့ ငါတစ်ယောက်တည်းပါ”လို့ ဖြေဆိုထားတာတွေ့ရပါတယ်။လက်ရှိမှာတော့ သူတို့အချစ်ရေးဟာ လုံးဝ အေးခဲပြတ်စဲသွားပြီလို့ သိရပါတယ်။ သူ့အနေနဲ့လည်း G-Fatt ရဲ့ သတင်းတွေကို ကြားပေမယ့် ကောလဟလလား၊ မှန်တာလားဆိုတာ မသိပဲနဲ့ မပြောဘူးလို့လည်းဆိုပါတယ်။

ဗီဒီယိုဖိုင်ကို ကြည့်ရန် နှိပ်ပါ

Credit Shwe Yaung Lan