ဧရာ ဝတီတိုင္းဝန္ႀကီးခ်ဳပ္၊ ရန္ကုန္တိုင္းဝန္ႀကီးခ်ဳပ္၊ ျပည္ထဲေရးဝန္ႀကီး၊ လည္/ဆည္ ဝန္ႀကီး တို႔သိေစရန္အတြက္ပါ ခင္ဗ်ာ။

ျပထားတဲ႔ပုံကေတာ႔ ဧရာဝတီတိုင္း ေညာင္တုန္းျမိဳ႕နယ္ မဲဇလီေက်းရြာအနီးမွ ျမင္ကြင္းျဖစ္ပါတယ္။

က်ေနာ္ ေရယာဥ္အုပ္တစ္ေယာက္ပါ။ ရန္ကုန္မွ အထက္အညာသို႔ ကုန္စည္တင္ေဆာင္ေသာ တြဲတြန္းေရယာဥ္ေမာင္းပါတယ္။ က်ေနာ္တို႔ တြဲတြန္းေရယာဥ္မာင္းႏွင္သူမ်ားႏွင္႔ ပိုက္သမားမ်ားအႀကား ျဖစ္ေနရေသာ ျပႆနာကို ေျဖရွင္းေပးပါရန္ တင္ျပအပ္ပါတယ္။

ပိုက္သမားမ်ားသည္ ပိုက္ကိုစည္းကမ္းတက် မခ်ဘဲ အမ်ားသြားလာသည့္ေရေႀကာင္းတြင္ခ်၍ ၄င္းတို႔ပိုက္ေပၚမွ ျဖတ္ေမာင္းသည့္အခါ အေလ်ာ္ေတာင္းပါသည္။ သေဘၤာမ်ားသြားလာရ ခက္ခဲေအာင္ျပဳလုပ္၍ ပိုက္ကိုထိမိသည့္အခါ အုပ္စုလိုက္ဖြဲ႕၍ လိုက္လာျပီး မတန္တဆ ေငြေႀကးေတာင္းခံပါသည္။ ၄င္းတို႔ပိုက္ကို ေရွာင္၍ သေဘၤာအခ်င္းခ်င္းတိုးမိျခင္း ကမ္းပါးသို႔တိုးမိျခင္း။ ကမ္းကပ္ထားေသာ ေလွမ်ားအား တိုးမိျခင္းတို႔ ျဖစ္ခဲ႔ပါသည္။ ေန႔စဉ္ေန႔တိုင္းလိုလို ျဖစ္ေနသေလာက္ပါ အဆိုးရြားဆုံးေနရာမ်ားမွာ ရန္ကုန္တိုင္းအပိုင္ ဝါးတရာရြာ ေမွာ္ဘီအပိုင္ ေရႊေလွႀကီးရြာ ထန္းတပင္တံတားအနီးဝန္းက်င္ ကုကၠိဳဝရြာ ဧရာဝတီတိုင္းအပိုင္ မဲဇလီရြာ တို႔ျဖစ္ပါသည္။

အဆိုးရြားဆုံးမွာ မဲဇလီရြာျဖစ္ပါသည္။ ၄င္းမဲဇလီရြာအနီးမွ ပိုက္သမားမ်ားသည္ သေဘၤာမ်ားသြားလာရ ခက္ခဲေအာင္ျပဳလုပ္၍ ၄င္းတို႔ပိုက္ကို မထိထိေအာင္ျပဳလုပ္ကာ အုပ္စုဖြဲ႕၍ အဓမၼေငြေတာင္းခံပါသည္ (တခါတရံ လက္နက္မ်ားျဖင္႔ ပစ္ခတ္ပါသည္) ေညာင္တုန္းအေကာက္ခြန္စခန္းသို႔လိုက္ရန္ ေျပာေသာ္လည္း လက္မခံပါ။ ရန္ျပဳမည့္ပုံစံမ်ား ျပဳလုပ္၍ ၄င္းတို႔ေတာင္းေသာေငြေႀကးကို ေပးခဲ႔ရပါသည္။ မေပးလွ်င္ က်ေနာ္တို႔မွာ အသက္အႏၲရာယ္ရွိပါသည္။ ၄င္းမဲဇလီရြာမွ ပိုက္သမားမ်ားမွာ ငါးမဖမ္းဘဲ သေဘၤာဖမ္းေနႀကျခင္းျဖစ္ပါသည္။ အုပ္စုဖြဲ႕၍ လုပ္စားေနျခင္းျဖစ္ပါသည္။ က်ေနာ္႔ကိုယ္ေတြ႕အရ ေလာက္ေလးခြႏွင္႔လည္း အပစ္ခံဘူးပါသည္။ အေလ်ာ္လည္းေပးခဲ႔ရဘူးပါသည္။ သေဘၤာခ်င္းလည္း တိုးဘူးပါသည္။

ယခုတင္ထားေသာပုံကိုႀကည့္ပါ။ လက္ဝဲဘက္မွလမ္းသည္ သေဘၤာသြားရန္ျဖစ္၍ လက္ယာဘက္မွ လမ္းသည္ပိုက္ခ်ရန္ေနရာျဖစ္ပါသည္။ စက္ရွိန္ေလွ်ာ႔၍ ေမာင္းသည္။ သတိေပးမႈတ္သံရွည္ဆြဲသည္။ လမ္းဖယ္မေပးပါ။ ၄င္းတို႔ဖယ္ေပးသည့္ အခ်ိန္ကို ေစာင္႔ရပါသည္ တိုးလွ်င္ေတာ႔ ေလ်ာ္ပါ ဒါပဲရွိသည္ တရားဥပေဒ စိုးမိုးမႈမရွိေသာ အရပ္ေဒသျဖစ္ပါသည္ အေလ်ာ္ေတာင္းလွ်င္ သိန္းခ်ီ၍ ေတာင္းပါသည္။ သူတို႔ေတာင္းသည့္ေငြ မရပါက ေရစမ္းစက္ေလွ (သို႔မဟုတ္) လူ တစ္ခုခုထားခဲ႔၍ ျပန္ေရြးရပါသည္။ ေရစမ္းစက္ေလွ တစ္စီးတန္ဘိုးသည္ ၂၅ သိန္းမွ ၃၅သိန္းအတြင္း ရွိပါသည္ ငါးဖမ္း၍ ျမိဳးျမိဳးမ်က္မ်က္ မရပါ။ သေဘၤာမိပါက ျမိဳးျမိဳးမ်က္မ်က္ရပါသည္။

ဓါးျပဆန္ဆန္ လုပ္ကိုင္စားေသာက္ေနေသာ ရန္ကုန္-ေညာင္တုန္း ေရလမ္းေႀကာင္းမွ ပိုက္သမားမ်ားအတြက္ ျပည္ထဲေရးဝန္ႀကီး တာဝန္ယူမည္လား။ ေမြး/ေရ ဝန္ႀကီး တာဝန္ယူမည္လား။ ရန္ကုန္တိုင္းဝန္ႀကီးႏွင္႔ ဧရာဝတီတိုင္းဝန္ႀကီးတို႔ တာဝန္ယူမည္လား။ ၄င္းေနရာမ်ားသို႔ ေရာက္သည့္အခါ က်ေနာ္တို႔မွာ စိုးထိတ္ေနရပါသည္ က်ေနာ္တို႔ေရယာဥ္မ်ားအတြက္ ဝန္ႀကီးမ်ား မည္သို႔လုပ္ေပးပါမည္နည္း။

တာဝန္ရွိသူမ်ား သိရွိေအာင္ ကူညီေပးပါရန္ ေတာင္းဆိုပါသည္…

ေရယာဥ္အုပ္တစ္ေယာက္

Source : Blacker

Unicode

ဧရာ ဝတီတိုင်းဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းဝန်ကြီးချုပ်၊ ပြည်ထဲရေးဝန်ကြီး၊ လည်/ဆည် ဝန်ကြီး တို့သိစေရန်အတွက်ပါ ခင်ဗျာ။

ပြထားတဲ့ပုံကတော့ ဧရာဝတီတိုင်း ညောင်တုန်းမြို့နယ် မဲဇလီကျေးရွာအနီးမှ မြင်ကွင်းဖြစ်ပါတယ်။

ကျနော် ရေယာဉ်အုပ်တစ်ယောက်ပါ။ ရန်ကုန်မှ အထက်အညာသို့ ကုန်စည်တင်ဆောင်သော တွဲတွန်းရေယာဉ်မောင်းပါတယ်။ ကျနော်တို့ တွဲတွန်းရေယာဉ်မာင်းနှင်သူများနှင့် ပိုက်သမားများအကြား ဖြစ်နေရသော ပြဿနာကို ဖြေရှင်းပေးပါရန် တင်ပြအပ်ပါတယ်။

ပိုက်သမားများသည် ပိုက်ကိုစည်းကမ်းတကျ မချဘဲ အများသွားလာသည့်ရေကြောင်းတွင်ချ၍ ၄င်းတို့ပိုက်ပေါ်မှ ဖြတ်မောင်းသည့်အခါ အလျော်တောင်းပါသည်။ သင်္ဘောများသွားလာရ ခက်ခဲအောင်ပြုလုပ်၍ ပိုက်ကိုထိမိသည့်အခါ အုပ်စုလိုက်ဖွဲ့၍ လိုက်လာပြီး မတန်တဆ ငွေကြေးတောင်းခံပါသည်။ ၄င်းတို့ပိုက်ကို ရှောင်၍ သင်္ဘောအချင်းချင်းတိုးမိခြင်း ကမ်းပါးသို့တိုးမိခြင်း။ ကမ်းကပ်ထားသော လှေများအား တိုးမိခြင်းတို့ ဖြစ်ခဲ့ပါသည်။ နေ့စဉ်နေ့တိုင်းလိုလို ဖြစ်နေသလောက်ပါ အဆိုးရွားဆုံးနေရာများမှာ ရန်ကုန်တိုင်းအပိုင် ဝါးတရာရွာ မှော်ဘီအပိုင် ရွှေလှေကြီးရွာ ထန်းတပင်တံတားအနီးဝန်းကျင် ကုက္ကိုဝရွာ ဧရာဝတီတိုင်းအပိုင် မဲဇလီရွာ တို့ဖြစ်ပါသည်။

အဆိုးရွားဆုံးမှာ မဲဇလီရွာဖြစ်ပါသည်။ ၄င်းမဲဇလီရွာအနီးမှ ပိုက်သမားများသည် သင်္ဘောများသွားလာရ ခက်ခဲအောင်ပြုလုပ်၍ ၄င်းတို့ပိုက်ကို မထိထိအောင်ပြုလုပ်ကာ အုပ်စုဖွဲ့၍ အဓမ္မငွေတောင်းခံပါသည် (တခါတရံ လက်နက်များဖြင့် ပစ်ခတ်ပါသည်) ညောင်တုန်းအကောက်ခွန်စခန်းသို့လိုက်ရန် ပြောသော်လည်း လက်မခံပါ။ ရန်ပြုမည့်ပုံစံများ ပြုလုပ်၍ ၄င်းတို့တောင်းသောငွေကြေးကို ပေးခဲ့ရပါသည်။ မပေးလျှင် ကျနော်တို့မှာ အသက်အန္တရာယ်ရှိပါသည်။ ၄င်းမဲဇလီရွာမှ ပိုက်သမားများမှာ ငါးမဖမ်းဘဲ သင်္ဘောဖမ်းနေကြခြင်းဖြစ်ပါသည်။ အုပ်စုဖွဲ့၍ လုပ်စားနေခြင်းဖြစ်ပါသည်။ ကျနော့်ကိုယ်တွေ့အရ လောက်လေးခွနှင့်လည်း အပစ်ခံဘူးပါသည်။ အလျော်လည်းပေးခဲ့ရဘူးပါသည်။ သင်္ဘောချင်းလည်း တိုးဘူးပါသည်။

ယခုတင်ထားသောပုံကိုကြည့်ပါ။ လက်ဝဲဘက်မှလမ်းသည် သင်္ဘောသွားရန်ဖြစ်၍ လက်ယာဘက်မှ လမ်းသည်ပိုက်ချရန်နေရာဖြစ်ပါသည်။ စက်ရှိန်လျှော့၍ မောင်းသည်။ သတိပေးမှုတ်သံရှည်ဆွဲသည်။ လမ်းဖယ်မပေးပါ။ ၄င်းတို့ဖယ်ပေးသည့် အချိန်ကို စောင့်ရပါသည် တိုးလျှင်တော့ လျော်ပါ ဒါပဲရှိသည် တရားဥပဒေ စိုးမိုးမှုမရှိသော အရပ်ဒေသဖြစ်ပါသည် အလျော်တောင်းလျှင် သိန်းချီ၍ တောင်းပါသည်။ သူတို့တောင်းသည့်ငွေ မရပါက ရေစမ်းစက်လှေ (သို့မဟုတ်) လူ တစ်ခုခုထားခဲ့၍ ပြန်ရွေးရပါသည်။ ရေစမ်းစက်လှေ တစ်စီးတန်ဘိုးသည် ၂၅ သိန်းမှ ၃၅သိန်းအတွင်း ရှိပါသည် ငါးဖမ်း၍ မြိုးမြိုးမျက်မျက် မရပါ။ သင်္ဘောမိပါက မြိုးမြိုးမျက်မျက်ရပါသည်။

ဓါးပြဆန်ဆန် လုပ်ကိုင်စားသောက်နေသော ရန်ကုန်-ညောင်တုန်း ရေလမ်းကြောင်းမှ ပိုက်သမားများအတွက် ပြည်ထဲရေးဝန်ကြီး တာဝန်ယူမည်လား။ မွေး/ရေ ဝန်ကြီး တာဝန်ယူမည်လား။ ရန်ကုန်တိုင်းဝန်ကြီးနှင့် ဧရာဝတီတိုင်းဝန်ကြီးတို့ တာဝန်ယူမည်လား။ ၄င်းနေရာများသို့ ရောက်သည့်အခါ ကျနော်တို့မှာ စိုးထိတ်နေရပါသည် ကျနော်တို့ရေယာဉ်များအတွက် ဝန်ကြီးများ မည်သို့လုပ်ပေးပါမည်နည်း။

တာဝန်ရှိသူများ သိရှိအောင် ကူညီပေးပါရန် တောင်းဆိုပါသည်…

ရေယာဉ်အုပ်တစ်ယောက်

Source : Blacker