တ ခါက.. အင္ဂ်င္နီယာ ရာထူးတစ္ေနရာအတြက္ လူေတြ႕ႏႈတ္ေျဖ အင္တာဗ်ဴးေခၚသတဲ့။ ရန္ကုန္သားအင္ဂ်င္နီယာနဲ႔ မႏၲေလးသားအင္ဂ်င္နီယာတို႔ လာေျဖတယ္။

ပ ထမ… ရန္ကုန္သားကို ဗ်ဴးတယ္… “မင္း ဘယ္ကလဲ” “ရန္ကုန္ကပါ” “ဟုတ္ၿပီ… မင္း ရန္ကုန္ကေန မႏၲေလးကို ရထားစီးၿပီး သြားတယ္ ဆိုပါေတာ့ကြာ၊ ရထားထဲမွာ ပူအိုက္လာရင္ မင္း ဘာလုပ္မလဲ” “ျပတင္းေပါက္ကို ဖြင့္လိုက္ပါမယ္ ဆရာ” ေမးတဲ့ဆရာက သူ႔ဂြင္ထဲ ဝင္လာၿပီဆိုၿပီး ၿပဳံးလိုက္တယ္။ ဆက္ေမးတယ္…

“ဟုတ္ၿပီ… အဲ့ဒီျပဴတင္းေပါက္က 12 sq-ft က်ယ္တယ္ကြာ၊ ရထားတြဲက 4200 cu-ft ရွိတယ္ကြာ၊ ရထားက ရန္ကုန္ကေန မႏၲေလးဘက္ကို 60 mph သြားေနတာမွာ အေနာက္ေတာင္ေလက 35 mph နဲ႔ တိုက္ေနတယ္ဆိုရင္ ရထားတြဲ တစ္တြဲလုံး ေအးသြားဖို႔ အတြက္ အခ်ိန္ဘယ္ေလာက္ ၾကာမလဲ?”

“ဂ်ာ ဟာ ဟာ ဟာ…” ရန္ကုန္သား မေျဖႏိုင္လို႔ အင္တာဗ်ဴး က်ကေရာ။ သူအခန္းထဲက ထြက္လာေတာ့ မႏၲေလးသားကို အဲ့အေၾကာင္း ေျပာျပခဲ့လိုက္တယ္။

ခနေနေတာ့ မႏၲေလးသားေျဖအလွည့္… ဆရာက သူ႔ကို ေမးတယ္… “မင္း ဘယ္ကလဲ” “မႏၲေလးကပါ” “ဟုတ္ၿပီ… မင္း မႏၲေလးကေန ရန္ကုန္ကို ရထားစီးၿပီး သြားတယ္ ဆိုပါေတာ့ကြာ၊ ရထားထဲမွာ ပူအိုက္လာရင္ မင္း ဘာလုပ္မလဲ”

“ျပတင္း တင္း အဲ အဲ ကုတ္အက်ႌကို ခြၽတ္လိုက္ပါမယ္ ဆရာ” “ဘာကြ… ေအး… ဒါလည္း အိုက္ေနတုန္းပဲဆိုရင္ေရာကြာ” “က်ေနာ့္ ရွပ္အက်ႌကို ခြၽတ္လိုက္မယ္ ဆရာ” “ဟာ… ေတာက္၊ ဒါလည္း ပူေနတုန္းပဲကြာ” “ေဘာင္းဘီရွည္ကို ခြၽတ္လိုက္မွာေပါ့ ဆရာ” “ေခြၽးေတြ ထြက္ေနတုန္းကြာ” “အတြင္းခံ ေဘာင္းဘီကို ခြၽတ္လိုက္မယ္ ဗ်ာ”

အဲ့ဒီမွာ ေဒါသထြက္ေနတဲ့ ဆရာက ေအာ္တယ္…

“မင္း… ေ-ြးတန္းလန္းနဲ႔ ရထားစီးရင္ ရဲေတြ ေရာက္လာမွာေပါ့ကြ” ဆိုေတာ့… မႏၲေလးသားက ျပန္ေျပာသတဲ့… … “သူ႔ဟာသူ ရဲမကလို႔ စစ္တပ္ႀကီးပဲ လာလာ၊ က်ဳပ္ကေတာ့ အဲ့ ျပတင္းေပါက္က္ ဖြင့္ဘူးဆို ဖြင့္ဘူးပဲ”

Kyaw Swa Min

Unicode

တ ခါက.. အင်ဂျင်နီယာ ရာထူးတစ်နေရာအတွက် လူတွေ့နှုတ်ဖြေ အင်တာဗျူးခေါ်သတဲ့။ ရန်ကုန်သားအင်ဂျင်နီယာနဲ့ မန္တလေးသားအင်ဂျင်နီယာတို့ လာဖြေတယ်။

ပ ထမ… ရန်ကုန်သားကို ဗျူးတယ်… “မင်း ဘယ်ကလဲ” “ရန်ကုန်ကပါ” “ဟုတ်ပြီ… မင်း ရန်ကုန်ကနေ မန္တလေးကို ရထားစီးပြီး သွားတယ် ဆိုပါတော့ကွာ၊ ရထားထဲမှာ ပူအိုက်လာရင် မင်း ဘာလုပ်မလဲ” “ပြတင်းပေါက်ကို ဖွင့်လိုက်ပါမယ် ဆရာ” မေးတဲ့ဆရာက သူ့ဂွင်ထဲ ဝင်လာပြီဆိုပြီး ပြုံးလိုက်တယ်။ ဆက်မေးတယ်…

“ဟုတ်ပြီ… အဲ့ဒီပြူတင်းပေါက်က 12 sq-ft ကျယ်တယ်ကွာ၊ ရထားတွဲက 4200 cu-ft ရှိတယ်ကွာ၊ ရထားက ရန်ကုန်ကနေ မန္တလေးဘက်ကို 60 mph သွားနေတာမှာ အနောက်တောင်လေက 35 mph နဲ့ တိုက်နေတယ်ဆိုရင် ရထားတွဲ တစ်တွဲလုံး အေးသွားဖို့ အတွက် အချိန်ဘယ်လောက် ကြာမလဲ?”

“ဂျာ ဟာ ဟာ ဟာ…” ရန်ကုန်သား မဖြေနိုင်လို့ အင်တာဗျူး ကျကရော။ သူအခန်းထဲက ထွက်လာတော့ မန္တလေးသားကို အဲ့အကြောင်း ပြောပြခဲ့လိုက်တယ်။

ခနနေတော့ မန္တလေးသားဖြေအလှည့်… ဆရာက သူ့ကို မေးတယ်… “မင်း ဘယ်ကလဲ” “မန္တလေးကပါ” “ဟုတ်ပြီ… မင်း မန္တလေးကနေ ရန်ကုန်ကို ရထားစီးပြီး သွားတယ် ဆိုပါတော့ကွာ၊ ရထားထဲမှာ ပူအိုက်လာရင် မင်း ဘာလုပ်မလဲ”

“ပြတင်း တင်း အဲ အဲ ကုတ်အကျႌကို ချွတ်လိုက်ပါမယ် ဆရာ” “ဘာကွ… အေး… ဒါလည်း အိုက်နေတုန်းပဲဆိုရင်ရောကွာ” “ကျနော့် ရှပ်အကျႌကို ချွတ်လိုက်မယ် ဆရာ” “ဟာ… တောက်၊ ဒါလည်း ပူနေတုန်းပဲကွာ” “ဘောင်းဘီရှည်ကို ချွတ်လိုက်မှာပေါ့ ဆရာ” “ချွေးတွေ ထွက်နေတုန်းကွာ” “အတွင်းခံ ဘောင်းဘီကို ချွတ်လိုက်မယ် ဗျာ”

အဲ့ဒီမှာ ဒေါသထွက်နေတဲ့ ဆရာက အော်တယ်…

“မင်း… ေ-ွးတန်းလန်းနဲ့ ရထားစီးရင် ရဲတွေ ရောက်လာမှာပေါ့ကွ” ဆိုတော့… မန္တလေးသားက ပြန်ပြောသတဲ့… … “သူ့ဟာသူ ရဲမကလို့ စစ်တပ်ကြီးပဲ လာလာ၊ ကျုပ်ကတော့ အဲ့ ပြတင်းပေါက်က် ဖွင့်ဘူးဆို ဖွင့်ဘူးပဲ”

Kyaw Swa Min