ဒ ဂုံၿမိဳ႕သစ္(ေျမာက္ပိုင္း)ၿမိဳ႕နယ္တြင္ ဝက္အူလွည့္ကိုင္ေဆာင္ရမ္းကား ခဲ့သူ အငွားယာဥ္ေမာင္းအား ဖမ္းဆီးရမိ

ရန္ကုန္၊ ဇန္နဝါရီ ၂၂

အမႈမွာ ၁၉-၁-၂၀၂၀ ရက္ေန႔ ၁၅၃၀ အခ်ိန္ခန႔္တြင္ တရားလို ဦး—– သည္ မိသားစုႏွင့္အတူ ေနအိမ္သို႔ Toyota Ractis အမ်ိဳးအစားယာဥ္ျဖင့္ ဒဂုံၿမိဳ႕သစ္(ေျမာက္ပိုင္း)ၿမိဳ႕နယ္၊ (၂၉)ရပ္ကြက္၊ ပင္လုံလမ္းအတိုင္းေမာင္းႏွင္၍ျပန္လာစဥ္

မႏၲေလးေဈးအနီးအေရာက္ YGN 1H/—- Colt အမ်ိဳးအစား ခဲေရာင္အငွားယာဥ္ေမာင္းမွာ ဖုန္းေျပာရင္းေမာင္းႏွင္ေနသျဖင့္ ေက်ာ္တက္ခဲ့ေၾကာင္း၊ ေက်ာင္းလမ္း မီးပြိဳင့္ အနီးသို႔ေရာက္ခ်ိန္တြင္ အဆိုပါအငွားယာဥ္မွာ ေနာက္မွအရွိန္ျပင္းစြာေမာင္းႏွင္လိုက္ပါလာၿပီး တရားလို၏ ယာဥ္ေရွ႕တြင္ပိတ္ရပ္ခဲ့ေၾကာင္း၊

ယာဥ္ေပၚမွ ယာဥ္ေမာင္းျဖစ္သူ အမည္မသိအမ်ိဳးသားမွာ ဝက္အူလွည့္ တစ္ခုအားကိုင္ေဆာင္၍ ဆင္းလာၿပီး တရားလို၏ကားတံခါးအား လက္သီးျဖင့္ထု၍ အတင္းဆြဲဖြင့္ခဲ့ရာ တရားလိုမွ တံခါးအားေလာ့ခ်လိုက္ရာ ဖြင့္မရေသာေၾကာင့္ ျပန္လည္ထြက္ခြာသြားခဲ့ေၾကာင္း၊

ထို႔ေနာက္ တရားလို၏ ယာဥ္ေနာက္သို႔ထပ္မံလိုက္လာခဲ့ၿပီး ဝက္အူလွည့္အားကိုင္ေဆာင္ကာ ဆဲဆိုၿခိမ္းေျခာက္၍ တရားလို၏ယာဥ္ေနာက္ဖုံးသို႔ ဝက္အူလွည့္ျဖင့္ပစ္ေပါက္ခဲ့သျဖင့္ ယာဥ္ေနာက္ဖုံးပ်က္စီးသြားေသာေၾကာင့္ YGN 1H/—- Colt အမ်ိဳးအစား ခဲေရာင္အငွားယာဥ္ေမာင္းႏွင္သူ အမည္မသိအမ်ိဳးသားအား ဥပေဒအရ အေရးယူေပးပါရန္ အမႈဖြင့္တိုင္တန္းမႈျဖစ္ပါသည္။

အမႈႏွင့္ပတ္သက္၍ ဒဂုံၿမိဳ႕သစ္(ေျမာက္ပိုင္း)ၿမိဳ႕မရဲစခန္းမွ တပ္ဖြဲ႕ဝင္မ်ားသည္ ျပစ္မႈက်ဴးလြန္သူအား စုံစမ္းေဖာ္ထုတ္ခဲ့ရာ ျပစ္မႈက်ဴးလြန္သူမွာ တင့္လြင္(ခ)ညမင္းသား ျဖစ္ေၾကာင္း စုံစမ္းသိရွိရသျဖင့္ ရွာေဖြ ဖမ္းဆီးခဲ့ရာ ၂၁-၁-၂၀၂၀ ရက္ေန႔ ၁၇၃၀ အခ်ိန္တြင္ ဒဂုံၿမိဳ႕သစ္(အေရွ႕ပိုင္း)ၿမိဳ႕နယ္ရွိ ၎၏ေနအိမ္တြင္ အမႈျဖင့္ဖမ္းဆီးရမိခဲ့ပါသည္။

ဖမ္းဆီးရမိသူ တင့္လြင္(ခ)ညမင္းသား အား စစ္ေဆးခဲ့ရာ အဆိုပါျပစ္မႈအားက်ဴးလြန္ခဲ့ေၾကာင္း ဝန္ခံထြက္ဆိုသျဖင့္ သက္ေသခံပစၥည္းမ်ားအားသိမ္းဆည္း၍ ျပစ္မႈက်ဴးလြန္သူ တင့္လြင္(ခ)ညမင္းသား ကို ဥပေဒႏွင့္အညီအျမန္တရားစြဲတင္ပို႔နိုင္ေရး ေဆာင္ရြက္လ်က္ရွိေၾကာင္း သတင္းရရွိပါသည္။

Yangon Police

Unicode

ဒ ဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ဝက်အူလှည့်ကိုင်ဆောင်ရမ်းကား ခဲ့သူ အငှားယာဉ်မောင်းအား ဖမ်းဆီးရမိ

ရန်ကုန်၊ ဇန်နဝါရီ ၂၂

အမှုမှာ ၁၉-၁-၂၀၂၀ ရက်နေ့ ၁၅၃၀ အချိန်ခန့်တွင် တရားလို ဦး—– သည် မိသားစုနှင့်အတူ နေအိမ်သို့ Toyota Ractis အမျိုးအစားယာဉ်ဖြင့် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၂၉)ရပ်ကွက်၊ ပင်လုံလမ်းအတိုင်းမောင်းနှင်၍ပြန်လာစဉ်

မန္တလေးဈေးအနီးအရောက် YGN 1H/—- Colt အမျိုးအစား ခဲရောင်အငှားယာဉ်မောင်းမှာ ဖုန်းပြောရင်းမောင်းနှင်နေသဖြင့် ကျော်တက်ခဲ့ကြောင်း၊ ကျောင်းလမ်း မီးပွိုင့် အနီးသို့ရောက်ချိန်တွင် အဆိုပါအငှားယာဉ်မှာ နောက်မှအရှိန်ပြင်းစွာမောင်းနှင်လိုက်ပါလာပြီး တရားလို၏ ယာဉ်ရှေ့တွင်ပိတ်ရပ်ခဲ့ကြောင်း၊

ယာဉ်ပေါ်မှ ယာဉ်မောင်းဖြစ်သူ အမည်မသိအမျိုးသားမှာ ဝက်အူလှည့် တစ်ခုအားကိုင်ဆောင်၍ ဆင်းလာပြီး တရားလို၏ကားတံခါးအား လက်သီးဖြင့်ထု၍ အတင်းဆွဲဖွင့်ခဲ့ရာ တရားလိုမှ တံခါးအားလော့ချလိုက်ရာ ဖွင့်မရသောကြောင့် ပြန်လည်ထွက်ခွာသွားခဲ့ကြောင်း၊

ထို့နောက် တရားလို၏ ယာဉ်နောက်သို့ထပ်မံလိုက်လာခဲ့ပြီး ဝက်အူလှည့်အားကိုင်ဆောင်ကာ ဆဲဆိုခြိမ်းခြောက်၍ တရားလို၏ယာဉ်နောက်ဖုံးသို့ ဝက်အူလှည့်ဖြင့်ပစ်ပေါက်ခဲ့သဖြင့် ယာဉ်နောက်ဖုံးပျက်စီးသွားသောကြောင့် YGN 1H/—- Colt အမျိုးအစား ခဲရောင်အငှားယာဉ်မောင်းနှင်သူ အမည်မသိအမျိုးသားအား ဥပဒေအရ အရေးယူပေးပါရန် အမှုဖွင့်တိုင်တန်းမှုဖြစ်ပါသည်။

အမှုနှင့်ပတ်သက်၍ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ပြစ်မှုကျူးလွန်သူအား စုံစမ်းဖော်ထုတ်ခဲ့ရာ ပြစ်မှုကျူးလွန်သူမှာ တင့်လွင်(ခ)ညမင်းသား ဖြစ်ကြောင်း စုံစမ်းသိရှိရသဖြင့် ရှာဖွေ ဖမ်းဆီးခဲ့ရာ ၂၁-၁-၂၀၂၀ ရက်နေ့ ၁၇၃၀ အချိန်တွင် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ရှိ ၎င်း၏နေအိမ်တွင် အမှုဖြင့်ဖမ်းဆီးရမိခဲ့ပါသည်။

ဖမ်းဆီးရမိသူ တင့်လွင်(ခ)ညမင်းသား အား စစ်ဆေးခဲ့ရာ အဆိုပါပြစ်မှုအားကျူးလွန်ခဲ့ကြောင်း ဝန်ခံထွက်ဆိုသဖြင့် သက်သေခံပစ္စည်းများအားသိမ်းဆည်း၍ ပြစ်မှုကျူးလွန်သူ တင့်လွင်(ခ)ညမင်းသား ကို ဥပဒေနှင့်အညီအမြန်တရားစွဲတင်ပို့နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police