




Source-BREAK

Unicode

ဟို တစ်ချိန်က ကလေးလူကြီးမရွေး ကြိုက်နှစ်သက်ခဲ့ပြီး အခုအချိန်ထိလည်း ပရိသတ်ကိုဆွဲဆောင်ထားနိုင်ဆဲဖြစ်တဲ့ စွန်းဝူခုန်းရဲ့ အနောက်အရပ်သို့ခရီးဇာတ်ကားလေးကို ပရိသတ်ကြီးမှတ်မိကြဦးမှာပါ။

ထို ကားလေးထဲက လူပုံစံဖြစ်ပေါ်နေတဲ့ အသီးလေးတွေကိုလည်း သတိရမိကြဦးမယ်လို့ ထင်ပါတယ်။ တချိန်ကတော့ ကောင်းကင်ဘုံကမျိုးစေ့နဲ့ စိုက်ပျိုးမှ ပေါက်ရောက်မယ်ထင်ထားပေမယ့် အခုခေတ်အချိန်မှာတော့ နည်းစနစ်တွေအသုံးပြုပြီး အသီးတွေကို နှစ်သက်ရာပုံစံသွင်းယူပြီး ကြီးထွားအောင်ပြုလုပ်နိုင်ပြီဖြစ်ပါတယ်။

ဘယ်လိုမျိုးနည်းပညာတွေသုံးပြီး အသီးတွေကိုပုံသွင်းလဲဆိုတာ စိတ်ဝင်စားတဲ့ပရိသတိကြီးအတွက် ဗီဒီယိုလေးတစ်ခုကို တင်ဆက်ပေးထားပါတယ်။

ဒီဗီဒီယိုလေးထဲမှာတော့ သခွားသီးတွေကို တရားထိုင်နေတဲ့ ကိုယ်တော်ပုံဖြစ်အောင် ပုံသွင်းနေတဲ့ အဆင့်ဆင့်ကိုတွေ့မြင်ရမှာပါ။

တရုတ်တွေရဲ့ ဈေးကွက်ကိုထိုးဖောက်ဖို့ အသုံးပြုတဲ့နည်းပညာကတော့ တကယ့်ကို လေးစားစရာပါပဲ။

Writer -LLA ( Shwe Yaung Lan )
Source-BREAK