ပီးခဲ့ တဲ့ ရက္က မႏၱေလး က Skywalk မီးေလာင္ၿပီးေတာ့ Level 5 အဆင့္ရွိတဲ့ မီးသတ္ယာဥ္ေတြနဲ႕ ၿငိမ္းသတ္ခဲ့ရပါတယ္။ အဲ့လိုမီးၿငိမ္းသတ္စဥ္မွာလည္း ထိခိုက္ဒဏ္ရာရသူေတြ ရွိခဲ့ပါတယ္။ ၿပီးေတာ့ ဒီျဖစ္စဥ္မွာလည္း မီးမေလာင္ပဲ က်န္ခဲ့တဲ့ ရတနာေတြလည္းရွိတယ္လို႔ ဆိုပါတယ္။ ဒီအေၾကာင္းကိုေတာ့ သီတဂူေဒါက္တာအရွင္ဉာဏဝရ (သဗၺမဂၤလာ) ဆိုတဲ့ လူမႈကြန္ရက္ပိုင္ရွင္က အခုလို မွ်ေဝေဖာ္ျပထားတာကိုေတြ႕ရပါတယ္။

မီးေလာင္ကြင္းမွ ရတနာမ်ားဟိုေန႕က မႏၱေလး Sky Walk (ရတနာပုံေဈး မီးေလာင္တဲ့ ကိစၥမွ အင္မတန္ စိတ္ဝင္စားဖြယ္ အတုယူလိုက္နာ က်င့္သုံးဖြယ္ေကာင္းတဲ့ အျဖစ္အပ်က္ေလးတစ္ခု ျမန္မာ့ေခတ္သစ္သမိုင္းမွာ ထင္က်န္ခဲ့တယ္။ အဲဒါကေတာ့ မိမိနဲ႕ရင္းႏွီးတဲ့ မိတ္ေဆြတစ္ဦးက သူ႕အသိမိတ္ေဆြ ရတနာကုန္သည္ရဲ႕ အေၾကာင္းကိုေျပာျပတယ္။ ရတနာေတြေရာင္းတဲ့ Yatana Mall က မီးေလာင္တဲ့ Sky walk ရဲ႕ အထက္ထပ္မွာရွိတယ္။ မီးေလာင္ေနခ်ိန္မွာ မိတ္ေဆြ ရတနာကုန္သည္က အိမ္ျပန္သြားေနခ်ိန္ပါပဲမီးေလာင္လို႔ ျပန္လာတဲ့အခ်ိန္မွာလည္း ဘယ္သူမွ ဝင္ခြင့္မရွိေတာ့လို႔ ဆိုင္ပိုင္ရွင္ ေဈးသူေဈးသားမ်ားအားလုံး ဝင္ခြင့္မရခဲ့ၾကပါဘူး။

ေနာက္ေန႕မနက္ေရာက္တဲ့အခါက်မွ ဆိုင္ပိုင္ရွင္တစ္ဦးခ်င္းဆီကို မီးမေလာင္ဘဲ က်န္တဲ့ ရတနာေမာက ဆိုင္ပိုင္ရွင္ေတြကို ကိုယ္စီကိုယ္စီ ကိုယ့္ဆိုင္က ရတနာအသီးသီးေတြကို ထုတ္ပိုးသယ္ယူဘို႔ သက္ဆိုင္ရာ တာဝန္ရွိသူေတြက စနစ္တက် ခြင့္ျပဳေပးသတဲ့။ (လူအမ်ား စုၿပဳံတက္လွ်င္ ၿပိဳက်မွာစိုးလို႔ လူစစ္ၿပီး တက္ခိုင္းျခင္းျဖစ္တယ္လို႔ သိရပါတယ္) အဲဒီဆယ္မိနစ္အတြင္းမွာ မိတ္ေဆြ ရတနာကုန္သည္က သူေသာ့ခတ္ထားတဲ့ သိမ္းထားတဲ့ ရတနာေတြကို ယူငင္သိမ္းဆဲနိုင္ေပမယ့္ ေကာင္တာထဲ ထညိ့ထားတဲ့ ရတနာ ပစၥည္းေတြက မရွိေတာ့ဘဲ အေရးေပၚဖြင့္တဲ့ ေက်ာက္လွည့္တို႔ ပလာယာတို႔သာ က်န္ေတာ့တာကို ေတြ႕ရသတဲ့။ ရတနာေတြ ယူသြားတဲ့ သေဘာေပါ့။

အဲဒီလိုေျပာတာကို နားေထာင္ေနတုန္း မိမိစဥ္းစားမိတာက သြားပါၿပီ၊ ရတနာေတြေတာ့ အေခ်ာင္သမားေတြက အခြင့္ေကာင္းယူၿပီး အလစ္သုတ္ သြားၿပီလို႔ ထင္ခဲ့မိပါတယ္။ ပိုင္ရွင္ျဖစ္သူကိုယ္တိုင္လည္း ဒီလိုပဲေတြးထင္မိသတဲ့ဒါေပမယ့္ မိတ္ေဆြရဲ႕ စကားကို ဆက္နားေထာင္တဲ့အခါမွာ မိမိတို႔ေတြးထင္ထားသလို မဟုတ္ခဲ့ပါဘူး။ Yatana Mall ဥကၠ႒နဲ႕ မန္ေနးဂ်င္းဒါရိုတ္တာမ်ား လုံၿခဳံေရးဝန္ထမ္းမ်ားက ဆိုင္ေတြအားလုံးက ရတနာ ပစၥည္းေတြကို ဆိုင္ရွင္နာမည္ႏွင့္အတူ ေသခ်ာထုတ္ပိုးသိမ္းဆည္းထားၿပီး အတိအက် ျပန္လည္ေပးအပ္တာကို အံ့ၾသစြာနဲ႕ ၾကားသိလိုကိရပါတယ္ ဒီလိုၾကားသိတဲ့အခါမွာ -တကယ့္နိုင္ငံႀကီးသားတို႔ရဲ႕ စိတ္ထား၊ -တကယ့္သူေတာ္ေကာင္းတို႔ရဲ႕ စိတ္ထား တို႔ျမန္မာျပည္ လူမ်ိဳးမ်ားမွာလည္း ရွိပါသလားလို႔ ဆိုၿပီး အင္မတန္ ဝမ္းသာ ၾကည္ႏူးမိခဲ့ပါတယ္။

တကယ္ေတာ့ ယခုစာေရးသူ မိမိဟာ ရတနာေတြ ျပန္ရေသာ ရတနာဆိုင္ရွင္တို႔ႏွင့္ တိုက္ရိုတ္မသက္ဆိုင္ပါဘူးဒါေပမယ့္ လူသားတို႔ (အထူးသျဖင့္) အမိျမန္မာျပည္သူ ျပည္သားေတြထံမွာ ေပ်ာက္ကြယ္လုလု ျဖစ္ေနတဲ့ တကယ့္ စံျပဳထိုက္တဲ့ ရတနာထိုက္တဲ့ စိတ္ထားေတြ တို႔နိုင္ငံ တို႔လူမ်ိဳးတို႔သႏၱာန္မွာ ရွိပါေသးသလားဆိုၿပီး ရတနာေတြ ျပန္ရတဲ့ ရတနာဆိုင္ပိုင္ရွင္တို႔အလား ဝမ္းသာၾကည္ႏူးမိပါတယ္ အဆိုးေတြပဲ ျမင္ၾကားသိေနၾကရၿပီး ခိုးဆိုးလုႏွိုက္ေပါမ်ားတဲ့ ဒီေခတ္ထဲမွာ ဒီလိုစနစ္ ဒီလိုစိတ္ထားရွိတာဟာ တကယ့္ကို အံ့ၾသဂုဏ္ယူစရာပါပဲ” ဒါေၾကာင့္ ဒီစာကို ေရးသားမိျခင္းပါ။

ဇန္နဝါရီ (၂၀) ရက္၊ ၂ နာရီအခ်ိန္၊ ၇၈/၇၇ လမ္းၾကား Gold Leaf Hotel မွာ လူသိရွင္ၾကား အခမ္းအနားျဖင့္ ရတနာေပးအပ္ပြဲ လုပ္တယ္လို႔ သိရပါတယ္ ရတနာထိုက္တဲ့ စိတ္ထားမ်ား အမိျမန္မာျပည္သူျပည္သားတို႔၏ ႏွလုံးသားမွာ မ်ားမ်ား ကိန္းဝပ္ၾကပါေစ၊ ထိုကဲ့သို႔ေသာ ရတနာထိုက္တဲ့ စိတ္ထားရွိေသာ လူသားမ်ား မ်ားမ်ားေပၚထြန္းလာၾကပါေစဟု ေမတၱာဆႏၵျပဳလွ်က္ဒါေၾကာင့္ အခုလို စိတ္ဓာတ္ေကာင္းရွိတဲ့ သူေတြအတြက္ ဂုဏ္ျပဳစကားေလးနဲ႕ ခ်ီးျမႇင့္ေပးေစခ်င္ပါတယ္။ ဒါမွလည္း ပိုမိုေကာင္းမြန္တဲ့ လူ႕အဖြဲ႕အစည္းျဖစ္ေအာင္ လုပ္ေဆာင္နိုင္ၾကမွာျဖစ္ပါတယ္ေနာ္။

Writer – SMT ( Shwe Yaung Lan )

Source- သီတဂူေဒါက္တာအရွင္ဉာဏဝရ (သဗၺမဂၤလာ)

Unicode

ပီးခဲ့ တဲ့ ရက်က မန္တလေး က Skywalk မီးလောင်ပြီးတော့ Level 5 အဆင့်ရှိတဲ့ မီးသတ်ယာဉ်တွေနဲ့ ငြိမ်းသတ်ခဲ့ရပါတယ်။ အဲ့လိုမီးငြိမ်းသတ်စဉ်မှာလည်း ထိခိုက်ဒဏ်ရာရသူတွေ ရှိခဲ့ပါတယ်။ ပြီးတော့ ဒီဖြစ်စဉ်မှာလည်း မီးမလောင်ပဲ ကျန်ခဲ့တဲ့ ရတနာတွေလည်းရှိတယ်လို့ ဆိုပါတယ်။ ဒီအကြောင်းကိုတော့ သီတဂူဒေါက်တာအရှင်ဉာဏဝရ (သဗ္ဗမင်္ဂလာ) ဆိုတဲ့ လူမှုကွန်ရက်ပိုင်ရှင်က အခုလို မျှဝေဖော်ပြထားတာကိုတွေ့ရပါတယ်။

မီးလောင်ကွင်းမှ ရတနာများဟိုနေ့က မန္တလေး Sky Walk (ရတနာပုံဈေး မီးလောင်တဲ့ ကိစ္စမှ အင်မတန် စိတ်ဝင်စားဖွယ် အတုယူလိုက်နာ ကျင့်သုံးဖွယ်ကောင်းတဲ့ အဖြစ်အပျက်လေးတစ်ခု မြန်မာ့ခေတ်သစ်သမိုင်းမှာ ထင်ကျန်ခဲ့တယ်။ အဲဒါကတော့ မိမိနဲ့ရင်းနှီးတဲ့ မိတ်ဆွေတစ်ဦးက သူ့အသိမိတ်ဆွေ ရတနာကုန်သည်ရဲ့ အကြောင်းကိုပြောပြတယ်။ ရတနာတွေရောင်းတဲ့ Yatana Mall က မီးလောင်တဲ့ Sky walk ရဲ့ အထက်ထပ်မှာရှိတယ်။ မီးလောင်နေချိန်မှာ မိတ်ဆွေ ရတနာကုန်သည်က အိမ်ပြန်သွားနေချိန်ပါပဲမီးလောင်လို့ ပြန်လာတဲ့အချိန်မှာလည်း ဘယ်သူမှ ဝင်ခွင့်မရှိတော့လို့ ဆိုင်ပိုင်ရှင် ဈေးသူဈေးသားများအားလုံး ဝင်ခွင့်မရခဲ့ကြပါဘူး။

နောက်နေ့မနက်ရောက်တဲ့အခါကျမှ ဆိုင်ပိုင်ရှင်တစ်ဦးချင်းဆီကို မီးမလောင်ဘဲ ကျန်တဲ့ ရတနာမောက ဆိုင်ပိုင်ရှင်တွေကို ကိုယ်စီကိုယ်စီ ကိုယ့်ဆိုင်က ရတနာအသီးသီးတွေကို ထုတ်ပိုးသယ်ယူဘို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေက စနစ်တကျ ခွင့်ပြုပေးသတဲ့။ (လူအများ စုပြုံတက်လျှင် ပြိုကျမှာစိုးလို့ လူစစ်ပြီး တက်ခိုင်းခြင်းဖြစ်တယ်လို့ သိရပါတယ်) အဲဒီဆယ်မိနစ်အတွင်းမှာ မိတ်ဆွေ ရတနာကုန်သည်က သူသော့ခတ်ထားတဲ့ သိမ်းထားတဲ့ ရတနာတွေကို ယူငင်သိမ်းဆဲနိုင်ပေမယ့် ကောင်တာထဲ ထညိ့ထားတဲ့ ရတနာ ပစ္စည်းတွေက မရှိတော့ဘဲ အရေးပေါ်ဖွင့်တဲ့ ကျောက်လှည့်တို့ ပလာယာတို့သာ ကျန်တော့တာကို တွေ့ရသတဲ့။ ရတနာတွေ ယူသွားတဲ့ သဘောပေါ့။

အဲဒီလိုပြောတာကို နားထောင်နေတုန်း မိမိစဉ်းစားမိတာက သွားပါပြီ၊ ရတနာတွေတော့ အချောင်သမားတွေက အခွင့်ကောင်းယူပြီး အလစ်သုတ် သွားပြီလို့ ထင်ခဲ့မိပါတယ်။ ပိုင်ရှင်ဖြစ်သူကိုယ်တိုင်လည်း ဒီလိုပဲတွေးထင်မိသတဲ့ဒါပေမယ့် မိတ်ဆွေရဲ့ စကားကို ဆက်နားထောင်တဲ့အခါမှာ မိမိတို့တွေးထင်ထားသလို မဟုတ်ခဲ့ပါဘူး။ Yatana Mall ဥက္ကဋ္ဌနဲ့ မန်နေးဂျင်းဒါရိုတ်တာများ လုံခြုံရေးဝန်ထမ်းများက ဆိုင်တွေအားလုံးက ရတနာ ပစ္စည်းတွေကို ဆိုင်ရှင်နာမည်နှင့်အတူ သေချာထုတ်ပိုးသိမ်းဆည်းထားပြီး အတိအကျ ပြန်လည်ပေးအပ်တာကို အံ့သြစွာနဲ့ ကြားသိလိုကိရပါတယ် ဒီလိုကြားသိတဲ့အခါမှာ -တကယ့်နိုင်ငံကြီးသားတို့ရဲ့ စိတ်ထား၊ -တကယ့်သူတော်ကောင်းတို့ရဲ့ စိတ်ထား တို့မြန်မာပြည် လူမျိုးများမှာလည်း ရှိပါသလားလို့ ဆိုပြီး အင်မတန် ဝမ်းသာ ကြည်နူးမိခဲ့ပါတယ်။

တကယ်တော့ ယခုစာရေးသူ မိမိဟာ ရတနာတွေ ပြန်ရသော ရတနာဆိုင်ရှင်တို့နှင့် တိုက်ရိုတ်မသက်ဆိုင်ပါဘူးဒါပေမယ့် လူသားတို့ (အထူးသဖြင့်) အမိမြန်မာပြည်သူ ပြည်သားတွေထံမှာ ပျောက်ကွယ်လုလု ဖြစ်နေတဲ့ တကယ့် စံပြုထိုက်တဲ့ ရတနာထိုက်တဲ့ စိတ်ထားတွေ တို့နိုင်ငံ တို့လူမျိုးတို့သန္တာန်မှာ ရှိပါသေးသလားဆိုပြီး ရတနာတွေ ပြန်ရတဲ့ ရတနာဆိုင်ပိုင်ရှင်တို့အလား ဝမ်းသာကြည်နူးမိပါတယ် အဆိုးတွေပဲ မြင်ကြားသိနေကြရပြီး ခိုးဆိုးလုနှိုက်ပေါများတဲ့ ဒီခေတ်ထဲမှာ ဒီလိုစနစ် ဒီလိုစိတ်ထားရှိတာဟာ တကယ့်ကို အံ့သြဂုဏ်ယူစရာပါပဲ” ဒါကြောင့် ဒီစာကို ရေးသားမိခြင်းပါ။

ဇန်နဝါရီ (၂၀) ရက်၊ ၂ နာရီအချိန်၊ ၇၈/၇၇ လမ်းကြား Gold Leaf Hotel မှာ လူသိရှင်ကြား အခမ်းအနားဖြင့် ရတနာပေးအပ်ပွဲ လုပ်တယ်လို့ သိရပါတယ် ရတနာထိုက်တဲ့ စိတ်ထားများ အမိမြန်မာပြည်သူပြည်သားတို့၏ နှလုံးသားမှာ များများ ကိန်းဝပ်ကြပါစေ၊ ထိုကဲ့သို့သော ရတနာထိုက်တဲ့ စိတ်ထားရှိသော လူသားများ များများပေါ်ထွန်းလာကြပါစေဟု မေတ္တာဆန္ဒပြုလျှက်ဒါကြောင့် အခုလို စိတ်ဓာတ်ကောင်းရှိတဲ့ သူတွေအတွက် ဂုဏ်ပြုစကားလေးနဲ့ ချီးမြှင့်ပေးစေချင်ပါတယ်။ ဒါမှလည်း ပိုမိုကောင်းမွန်တဲ့ လူ့အဖွဲ့အစည်းဖြစ်အောင် လုပ်ဆောင်နိုင်ကြမှာဖြစ်ပါတယ်နော်။

Writer – SMT ( Shwe Yaung Lan )

Source- သီတဂူဒေါက်တာအရှင်ဉာဏဝရ (သဗ္ဗမင်္ဂလာ)