ပီး ခဲ့သည္ ဇန္နဝါရီလ ၉ ရက္ေန႔ည ၂၀:၄၀ မိနစ္တြင္ျဖစ္ပြားခဲ့ေသာ ထိုင္းႏိုင္ငံ လုပ္ဘူရီၿမိဳ႕ရွိ ႐ိုဘင္ဆန္ ( Robinson ) ကုန္တိုက္တြင္းရွိ Aurora ေ႐ႊဆိုင္ဓါးျပတိုက္မႈႏွင့္ ၃ ေလာင္းၿပိဳင္လူသတ္မႈျဖင့္ ထြက္ေျပးလြတ္ေျမာက္ေနေသာ တရားခံ ႏိုင္ပရစစ္ထိခ်ိဳင္း ေခါင္ကေရာက္ အသက္ ( ၃၈ ႏွစ္ ) အားလုပ္ဘူရီခ႐ိုင္တရား႐ုံး၏ဖမ္းဝရမ္းျဖင့္ ထိုင္းရဲတပ္ဖြဲ႕မွ ဖမ္းဆီးရမိခဲ့ေၾကာင္းထိုင္းသတင္းဌာနမ်ားကေဝေဝဆာဆာေဖာ္ျပခဲ့ျခင္းေၾကာင့္သိရ ။

တရားခံသည္ Sinburi ၿမိဳ႕ အစိုးရအထက္တန္းေက်ာင္းမွေက်ာင္းအုပ္ဆရာႀကီးျဖစ္ၿပီး၎၏ဖခင္မွာ လုပ္ဘူရီၿမိဳ႕နယ္ရဲတပ္ဖြဲ႕မႉး႐ုံးမွ ပင္စင္စားရဲအရာရွိေဟာင္းတစ္ဦးျဖစ္သည္ဟုသိရ ၊ တရားခံသည္ ေလာင္းကစားေဆာ့ကစားၿပီး ယုခုလက္ရွိေက်ာင္းသို႔ေျပာင္းေ႐ႊ႕သို႔ေျပာင္းေ႐ႊ႕တာဝန္က်သည္မွာ (၁) ႏွစ္ခန႔္သာရွိေသးသည္ဟုသိရ ။

အခင္းျဖစ္ပြားၿပီးေနာက္ တရားခံ၏ပုံပန္းသ႑န္ႏွင့္ရဲတပ္ဖြဲ႕မွအလိုရွိေနေၾကာင္း တစ္ႏိုင္ငံလုံးေၾကျငာထားၿပီးေနာက္ပိုင္း ဒုတိယေက်ာင္းအုပ္ ဝိႏိုင္း သည္ ေက်ာင္းအုပ္ဆရာႀကီး၏ လမ္းေလွ်ာက္ပုံ သြားပုံလာပုံမ်ား ၊ မ်က္ႏွာအမူအရာမ်ားကို မသိမသာအစဥ္သတိထား ေစာင့္ၾကည့္ေနခဲ့ၿပီးမွ မသကၤာသျဖင့္ ၿပီးခဲ့သည့္ရက္ပိုင္းအတြင္းကဘဲရဲတပ္ဖြဲ႕သို႔ တိတ္တဆိတ္သတင္းေပးခဲ့သည္ဟုဆိုပါသည္ ။တာဝန္ရွိရဲတပ္ဖြဲ႕မွလည္း လုပ္ဘူရီၿမိဳ႕နယ္ရဲစခန္းႏွင့္မနီးမေဝးတြင္ရွိသည့္ တရားခံ၏မိဘမ်ားေနအိမ္သို႔ ဝင္ေရာက္ရွာေဖြစဥ္ ေသနတ္တစ္လက္ေတြ႕ရွိခဲ့ေၾကာင္း ၊ DNA စစ္ေဆးၿပီးမွ ျပစ္မႈက်ဴးလြန္ရာတြင္အသုံးျပဳသည့္လက္နက္ဟုတ္မဟုတ္အတည္ျပဳရမွာျဖစ္ေၾကာင္းသတင္ေထာက္မ်ားကိုေျပာၾကားခဲ့သည္ ။

လုပ္ဘူရီၿမိဳ႕ Army District 13th ရွိရဟတ္ယာဥ္ကြင္းသို႔ ထိုင္းႏိုင္ငံရဲတပ္ဖြဲ႕ခ်ဳပ္ ၊ ရဲခ်ဳပ္ ရဲဗိုလ္ခ်ဳပ္ႀကီး က်တ္ထစ္ ေဖာင္က်င္ဒါႏွင့္အဖြဲ႕သည္ ဇန္နဝါရီ (၂၂) ရက္ေန႔မနက္ပိုင္းတြင္ ေရာက္ရွိလာခဲ့ၿပီး ဇန္နဝါရီလ (၂၃) ရက္ေန႔တြင္ ျပစ္မႈက်ဴးလြန္ခဲ့သည့္ေနရာတြင္ျပန္လည္ လက္ေတြ႕သ႐ုပ္ျပ Demonstration မည္ျဖစ္ေၾကာင္း ကနဦးသတင္းရသည္ ။တရားခံသည္ရဲတပ္ဖြဲ႕အား အာ႐ုံေျပာင္းလွည္းစားထားသည္မွာ စစ္ဖိနပ္ႏွင့္စစ္ယူနီေဖာင္းတို႔ကိုဝတ္ဆင္အသုံးျပဳထားျခင္းႏွင့္ေသနတ္ပစ္ကြၽမ္းက်င္မႈတို႔ကိုၾကည့္ျခင္းအားျဖင့္ တပ္မေတာ္သားေဟာင္း ( သို႔ ) လက္ရွိတာဝန္ထမ္းေဆာင္ေနသည့္ ကြန္မန္ဒိုတပ္ရင္းမ်ားမွ တပ္ဖြဲ႕ဝင္တစ္ဦးျဖစ္ေၾကာင္းထင္ေယာင္ထင္မွား ပုံဖမ္းထားသည္ကိုေတြ႕ရွိရသည္ ။

ဘြဲ႕ရပညာတတ္ေက်ာင္းအုပ္ဆရာတစ္ဦး၏ ေသြးေအးေအးျဖင့္ရက္စက္စြာ အျပစ္မဲ့ လူမမယ္ကေလးငယ္ ( ၁ ) ဦးႏွင့္ ျပည္သူ (၂) ဦးတို႔အား လူပုံအလယ္တြင္ ပစ္ခတ္သတ္ျဖတ္ခဲ့ၿပီး လူ ( ၄ ) ဦးဒဏ္ရာရရွိခဲ့သည့္ျပစ္မႈႀကီးတြင္ ေက်ာင္းအုပ္ဆရာႀကီးကိုယ္တိုင္က်ဴးလြန္ခဲ့ျခင္းကိုေတာ့ မည္သူမွမယုံႏိုင္စရာျဖစ္ရေၾကာင္းေဝဖန္ထားၾကေၾကာင္းသိရ ။

Credit

Unicode

ပီး ခဲ့သည် ဇန်နဝါရီလ ၉ ရက်နေ့ည ၂၀:၄၀ မိနစ်တွင်ဖြစ်ပွားခဲ့သော ထိုင်းနိုင်ငံ လုပ်ဘူရီမြို့ရှိ ရိုဘင်ဆန် ( Robinson ) ကုန်တိုက်တွင်းရှိ Aurora ရွှေဆိုင်ဓါးပြတိုက်မှုနှင့် ၃ လောင်းပြိုင်လူသတ်မှုဖြင့် ထွက်ပြေးလွတ်မြောက်နေသော တရားခံ နိုင်ပရစစ်ထိချိုင်း ခေါင်ကရောက် အသက် ( ၃၈ နှစ် ) အားလုပ်ဘူရီခရိုင်တရားရုံး၏ဖမ်းဝရမ်းဖြင့် ထိုင်းရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိခဲ့ကြောင်းထိုင်းသတင်းဌာနများကဝေဝေဆာဆာဖော်ပြခဲ့ခြင်းကြောင့်သိရ ။

တရားခံသည် Sinburi မြို့ အစိုးရအထက်တန်းကျောင်းမှကျောင်းအုပ်ဆရာကြီးဖြစ်ပြီး၎င်း၏ဖခင်မှာ လုပ်ဘူရီမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ပင်စင်စားရဲအရာရှိဟောင်းတစ်ဦးဖြစ်သည်ဟုသိရ ၊ တရားခံသည် လောင်းကစားဆော့ကစားပြီး ယုခုလက်ရှိကျောင်းသို့ပြောင်းရွှေ့သို့ပြောင်းရွှေ့တာဝန်ကျသည်မှာ (၁) နှစ်ခန့်သာရှိသေးသည်ဟုသိရ ။

အခင်းဖြစ်ပွားပြီးနောက် တရားခံ၏ပုံပန်းသဏ္ဍန်နှင့်ရဲတပ်ဖွဲ့မှအလိုရှိနေကြောင်း တစ်နိုင်ငံလုံးကြေငြာထားပြီးနောက်ပိုင်း ဒုတိယကျောင်းအုပ် ဝိနိုင်း သည် ကျောင်းအုပ်ဆရာကြီး၏ လမ်းလျှောက်ပုံ သွားပုံလာပုံများ ၊ မျက်နှာအမူအရာများကို မသိမသာအစဉ်သတိထား စောင့်ကြည့်နေခဲ့ပြီးမှ မသင်္ကာသဖြင့် ပြီးခဲ့သည့်ရက်ပိုင်းအတွင်းကဘဲရဲတပ်ဖွဲ့သို့ တိတ်တဆိတ်သတင်းပေးခဲ့သည်ဟုဆိုပါသည် ။တာဝန်ရှိရဲတပ်ဖွဲ့မှလည်း လုပ်ဘူရီမြို့နယ်ရဲစခန်းနှင့်မနီးမဝေးတွင်ရှိသည့် တရားခံ၏မိဘများနေအိမ်သို့ ဝင်ရောက်ရှာဖွေစဉ် သေနတ်တစ်လက်တွေ့ရှိခဲ့ကြောင်း ၊ DNA စစ်ဆေးပြီးမှ ပြစ်မှုကျူးလွန်ရာတွင်အသုံးပြုသည့်လက်နက်ဟုတ်မဟုတ်အတည်ပြုရမှာဖြစ်ကြောင်းသတင်ထောက်များကိုပြောကြားခဲ့သည် ။

လုပ်ဘူရီမြို့ Army District 13th ရှိရဟတ်ယာဉ်ကွင်းသို့ ထိုင်းနိုင်ငံရဲတပ်ဖွဲ့ချုပ် ၊ ရဲချုပ် ရဲဗိုလ်ချုပ်ကြီး ကျတ်ထစ် ဖောင်ကျင်ဒါနှင့်အဖွဲ့သည် ဇန်နဝါရီ (၂၂) ရက်နေ့မနက်ပိုင်းတွင် ရောက်ရှိလာခဲ့ပြီး ဇန်နဝါရီလ (၂၃) ရက်နေ့တွင် ပြစ်မှုကျူးလွန်ခဲ့သည့်နေရာတွင်ပြန်လည် လက်တွေ့သရုပ်ပြ Demonstration မည်ဖြစ်ကြောင်း ကနဦးသတင်းရသည် ။တရားခံသည်ရဲတပ်ဖွဲ့အား အာရုံပြောင်းလှည်းစားထားသည်မှာ စစ်ဖိနပ်နှင့်စစ်ယူနီဖောင်းတို့ကိုဝတ်ဆင်အသုံးပြုထားခြင်းနှင့်သေနတ်ပစ်ကျွမ်းကျင်မှုတို့ကိုကြည့်ခြင်းအားဖြင့် တပ်မတော်သားဟောင်း ( သို့ ) လက်ရှိတာဝန်ထမ်းဆောင်နေသည့် ကွန်မန်ဒိုတပ်ရင်းများမှ တပ်ဖွဲ့ဝင်တစ်ဦးဖြစ်ကြောင်းထင်ယောင်ထင်မှား ပုံဖမ်းထားသည်ကိုတွေ့ရှိရသည် ။

ဘွဲ့ရပညာတတ်ကျောင်းအုပ်ဆရာတစ်ဦး၏ သွေးအေးအေးဖြင့်ရက်စက်စွာ အပြစ်မဲ့ လူမမယ်ကလေးငယ် ( ၁ ) ဦးနှင့် ပြည်သူ (၂) ဦးတို့အား လူပုံအလယ်တွင် ပစ်ခတ်သတ်ဖြတ်ခဲ့ပြီး လူ ( ၄ ) ဦးဒဏ်ရာရရှိခဲ့သည့်ပြစ်မှုကြီးတွင် ကျောင်းအုပ်ဆရာကြီးကိုယ်တိုင်ကျူးလွန်ခဲ့ခြင်းကိုတော့ မည်သူမှမယုံနိုင်စရာဖြစ်ရကြောင်းဝေဖန်ထားကြကြောင်းသိရ ။

Credit