





Unicode

ပရိ သတ်ကြီးရေ ပြည်သူချစ် နိုင်ငံကျော် မိတ်ကပ်ပညာရှင်တွေထဲမှာ မိတ်ကပ်မထက်ကလည်း ထိပ်ဆုံးကအပါအဝင်ပါပဲနော်။

မြန်မာနိုင်ငံရဲ့ အလှဖန်တီးရှင်တွေထဲမှာ ထင်ပေါ်ကျော်ကြားသူတစ်ဦးဖြစ်တဲ့အပြင် အနုပညာရှင်တွေနဲ့လည်း အကျွမ်းတဝင်ရှိကာ လူမှုဆက်ဆံရေး ကောင်းမွန်တဲ့သူလည်း ဖြစ်ပါတယ်။ မထက်ကတော့ Transgender တစ်ယောက်ဖြစ်တဲ့အပြင် အနေအထိုင် သိမ်မွေ့လွန်းတဲ့သူလေးလို့ ဆိုရမှာပါ။

မိတ်ကပ်ဖန်တီးမှုအပြင် အခုဆိုရင် သရုပ်ဆောင်ဘက်ကိုလည်း ပါဝင်အားဖြည့်လာတာတွေ့ရပါတယ်။ ” ကျားကျားကြိုက်ကြိုက် ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း အချစ်ဆုံးသူငယ်ချင်း မိတ်ကပ်ဖန်တီးရှင်တွေနဲ့အတူတူ ရိုက်ကူးခဲ့တဲ့ဇာတ်ကားကြီးဖြစ်ပြီး

ပရိသတ်တွေ အထူးနှစ်သက်ခဲ့ကြတာပဲ ဖြစ်ပါတယ်။ မကြာသေးမီကလည်း ပရိသတ်တွေအထူးစိတ်ဝင်စားရေပန်းစားနေတဲ့ ” The Mask Singer Myanmar ” မှာပါဝင်ခဲ့သေးတာပဲ ဖြစ်ပါတယ်။

ယောကျာ်းထုကြီးရဲ့အားပေးဝန်းရံမှုကိုအပြည့်အဝရရှိထားတဲ့ မထက်ကတော့ မိန်းကလေးပရိသတ်တွေပါ အချစ်ပိုနေရတဲ့သူတစ်ယောက်ပါ။ ထပ်ဆင့်ပြီးအချစ်တွေပိုတိုးစေတဲ့အချက်ကတော့ အသဲယားစဖွယ် TikTok လေးတွေဆော့ကစားလေ့ရှိပြီး ကကွက်ဆန်းဆန်းလေးတွေလည်း ကပြလေ့ရှိသူတစ်ဦးပါ။

လတ်တလောမှာတော့ ” နောက်ဆုံးအချစ်” သီချင်းလေးနဲ့ သရုပ်ဆောင်ကာ ဆော့ကစားခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း TikTok လေးကိုကြည့်ပြီး မှတ်ချက်တစ်ခုခုပေးခဲ့ပါဦးနော်။