လူမႈ ကြန္ရက္တြင္ပ်ံ႕ႏွံ႔ေနသည့္ YBSအမွတ္ (၆၁)ယာဥ္ေမာင္းအား ဝိုင္းဝန္းတိုက္ ခိုက္ခဲ့သည့္ အမ်ိဳးသားသုံးဦးကို အမႈဖြင့္ထားၿပီး ဖမ္းဆီးရမိေရး ေဆာင္႐ြက္ေနေၾကာင္း ရန္ကုန္ေျမာက္ပိုင္းခ႐ိုင္ရဲတပ္ဖြဲ႕မွ ဇန္နဝါရီ ၂၁ တြင္ သိရသည္။

YBSအမွတ္ (၆၁)ယာဥ္ေမာင္းကို အမ်ိဳး သားသုံးဦးက ဓားရွည္၊ ဆန္ထိုးပိုက္မ်ားျဖင့္ ဝိုင္းဝန္းထိုးခုတ္ခဲ့သည့္ စကၠန္႔ေလးဆယ္ခန္႔ ရွိသည့္ စီစီတီဗြီမွတ္တမ္းဗီဒီယိုဖိုင္ လူမႈကြန္ရက္ေဖ့စ္ဘြတ္ခ္စာမ်က္ႏွာတြင္ ပ်ံ႕ႏွံ႔ခဲ့သည္။

ထိုျဖစ္စဥ္သည္ ၂ဝ၁၉ ခုႏွစ္ ဒီဇင္ဘာ ၂၄ ရက္က အင္း စိန္ၿမိဳ႕နယ္ ေပါက္ေတာဝ မွတ္တိုင္အနီးတြင္ ျဖစ္ပြားခဲ့ျခင္း ျဖစ္ေၾကာင္း ရန္ကုန္ေျမာက္ပိုင္းခ႐ိုင္ရဲတပ္ဖြဲ႕မွ ရဲအရာရွိ တစ္ဦးက ေျပာသည္။

”အမႈဖြင့္ထားတယ္။ စီစီတီဗြီမွတ္တမ္း အရ က်ဴးလြန္သူက သုံးေယာက္လို႔သိရၿပီး ဖမ္းဆီးရမိဖို႔ စုံစမ္းစစ္ေဆးေဆာင္႐ြက္ေန တယ္”ဟု အဆိုပါရဲအရာရွိက ေျပာသည္။

အဆိုပါျဖစ္စဥ္ႏွင့္ပတ္သက္၍ က်ဴးလြန္သူ သုံးဦးကို ပုဒ္မ ၃၂၄/၃၂၅/ ၁၁၄ တို႔ျဖင့္ အမႈဖြင့္ထားေၾကာင္း သိရသည္။

Unicode

လူမှုကွန်ရက်၌ပျံ့နှံ့နေသည့် YBSယာဉ်မောင်းကို တိုက်ခိုက်ခဲ့သူသုံးဦးကို ဖမ်းမိရန်ဆောင်ရွက်

လူမှုကွန်ရက်တွင်ပျံ့နှံ့နေသည့် YBSအမှတ် (၆၁)ယာဉ်မောင်းအား ဝိုင်းဝန်းတိုက် ခိုက်ခဲ့သည့် အမျိုးသားသုံးဦးကို အမှုဖွင့်ထားပြီး ဖမ်းဆီးရမိရေး ဆောင်ရွက်နေကြောင်း ရန်ကုန်မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှ ဇန်နဝါရီ ၂၁ တွင် သိရသည်။

YBSအမှတ် (၆၁)ယာဉ်မောင်းကို အမျိုး သားသုံးဦးက ဓားရှည်၊ ဆန်ထိုးပိုက်များဖြင့် ဝိုင်းဝန်းထိုးခုတ်ခဲ့သည့် စက္ကန့်လေးဆယ်ခန့် ရှိသည့် စီစီတီဗွီမှတ်တမ်းဗီဒီယိုဖိုင် လူမှုကွန်ရက်ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ပျံ့နှံ့ခဲ့သည်။

ထိုဖြစ်စဉ်သည် ၂ဝ၁၉ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်က အင်း စိန်မြို့နယ် ပေါက်တောဝ မှတ်တိုင်အနီးတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ရန်ကုန်မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှ ရဲအရာရှိ တစ်ဦးက ပြောသည်။

”အမှုဖွင့်ထားတယ်။ စီစီတီဗွီမှတ်တမ်း အရ ကျူးလွန်သူက သုံးယောက်လို့သိရပြီး ဖမ်းဆီးရမိဖို့ စုံစမ်းစစ်ဆေးဆောင်ရွက်နေ တယ်”ဟု အဆိုပါရဲအရာရှိက ပြောသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ကျူးလွန်သူ သုံးဦးကို ပုဒ်မ ၃၂၄/၃၂၅/ ၁၁၄ တို့ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။