





Unicode

လင်ကျွန်ခံနည်းတွေ သင်ပေးနေတဲ့ဘယ်သူ့ကိုမဆို ကလော်တုတ်မှာပဲ ဆိုတဲ့ ပန်ဆယ်လို

ပရိသတ်ကြီးရေ လက်ရှိမှာတော့ ပရိသတ်တွေ ပါးစပ်ဖျားမှာ ရေပန်းစားနေတဲ့အကြောင်းအရာကတော့ မိန်းကလေးတွေ အိမ်ထောင်သည်၊ရည်းစားရှိသူတွေ နဲ့ Single ဖြစ်နေသူတွေရဲ့ အားသာချက်အားနည်းချက်တွေကို

အပြန်လှန်ဝေဖန်နေကြတဲ့ နာမည်ကြီး ဘလော့ဂါတစ်ယောက်နဲ့ အိမ်ထောင်ရေးဆိုင်ရာ အတွေ့အကြုံတွေကို ပြန်လည်မျှဝေတတ်တဲ့ ဆယ်လီတစ်ယောက် တို့ရဲ့ အခြေအတင်အခြေအနေတစ်ခုပဲ ဖြစ်ပါတယ်။ ထိုသို့ဝေဖန်မှုတွေကြားထဲကနေ ပြည်သူ့အချစ်တော် နာမည်ကြီးစာရေးဆရာမ ပန်ဆယ်လိုလည်း ပါဝင်ပြောကြားလာတာ တွေ့ရပါတယ်။

သူမအနေနဲ့ ” ဇာဏ်ခီလို ယောက်ျားမျိုးလည်း မလိုချင်ဘူး။ဏကြီးလို ယောက်ျားမျိုးလည်း မလိုချင်ဘူး။ပန်းဖိုးသိန်းငါးထောင်သုံးပေးနိုင်တဲ့ ယောက်ျားမျိုးလည်း မလိုချင်ဘူး။

မြောက်ကိုရီးယားဗိုလ်ကြီးလို ယောက်ျားမျိုးလည်း မလိုချင်ဘူး။ကိုယ့်အိုးနဲ့ ကိုယ့်ဆန်၊ ကိုယ်နဲ့တန်တဲ့ အနေအထားမျိုးကိုပဲ စိတ်ကူးယဉ်တယ်။ ကိုယ်နဲ့ ကိုက်ညီတဲ့အနေအထားမျိုးပဲ ရွေးချယ်တယ်။

လင်ကို ချစ်ခင်တယ်၊ လေးစားတယ်၊ အလေးထားတယ်။လင်ကျွန်ခံနည်းတွေ ပြောပြီး မိန်းမတွေကို လိင်အဖျော်ဖြေခံတစ်ပိုင်း ကျွန်တစ်ပိုင်း Thinking တွေ ရိုက်သွင်းနေတဲ့ ဘယ်ဒုတ်ကြိုက်ခင်ဖြစ်ဖြစ် ကလော်မှာပဲ။မိန်းမတိုင်းသည် $ချဉ်မဟုတ်..” ဆိုတဲ့ စာသားလေးနဲ့ ထိထိမိမိ ပါဝင်ပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်။

ပရိသတ်တွေကတော့ ပန်ဆယ်လိုတစ်ယောက်ပါဝင်လာတာကြောင့် ဘာတွေဆက်ဖြစ်ကြမလဲဆိုတာ အရမ်းတွေစိတ်ဝင်တစားရှိနေကြပြီး ပန်ဆယ်လိုတစ်ယောက် အိမ်ထောင်သည်ဖြစ်ပေမယ့် မိန်းမသားထုကြီးဘက်က အပြည့်အဝထောက်ခံပေးလိုက်တာကြောင့် ဘယ်သူတွေကဘယ်လိုတုံ့ပြန်မလဲဆိုတာ စိတ်ဝင်စားနေကြပြီလား ပရိသတ်ကြီးရေ ……။