ဖိ လစ်ပိုင်မော်ဒယ် Sinon ကတော့ ဒီမနက်ခင်းပိုင်းမှာ အဘတို့မိသားစုဆီ အလှူအတန်းတွေသွားလုပ်ခဲ့ရုံတင်မကဘဲ အဘရဲ့သမီးလေးအတွက်ပါ Wheel Chair လှူဒါန်းပေးခဲ့ပါတယ်။

ဗိုလ် ချုပ်ဈေးထဲ အသီးရောင်းတဲ့ အဘကို ရောင်းချခွင့်မရှိတဲ့နေရာမှာ စည်းကမ်းမဲ့ ရောင်းချတယ်ဆိုပြီး အသီးတွေဖျက်စီးပစ်ခဲ့တဲ့ ဗီဒီယိုကြောင့် လူမှုကွန်ယက်သုံးစွဲသူတွေက ဂရုဏာသက်ကာ သွားရောက်လှူဒါန်းမှုပြုလုပ်နေကြတာပါ။ သရုပ်ဆောင် ရွှေပိုးအိမ်ကလည်း အဘဆီကိုအရောက်သွားလှူဒါန်းခဲ့တာကိုတွေ့ရပါတယ်။

ဒီနေ့မှာတော့ ဒုက္ခရောက် အခက်အခဲကြုံနေတဲ့သူတွေကို အမြဲကူညီနေတဲ့ ဖိလစ်ပိုင်မော်ဒယ် Sinon က အဘရဲ့ အိမ်ကိုအရောက်သွားခဲ့ပါတယ်။ အဘအတွက်လိုအပ်တာတွေ လှူဒါန်းပေးခဲ့ပြီး သူ့ရဲ့ မေတ္တာတရားတွေနဲ့ နွေးထွေးမှုအပြည့်အဝပေးခဲ့တာဖြစ်ပါတယ်။

Sinon က ညနေ ၃ နာရီမှာ အဘဆီ နောက်တစ်ကြိမ်ပြန်လာပြီး အဘရဲ့သမီးလေး အတွက် Wheel Chair လှူဒါန်းမယ်လို့ ပြောသွားခဲ့ပါတယ်။ ဒီနေ့ ညနေ ၃ နာရီမှာတော့ အဘရဲ့သမီးလေးအတွက် Sinon တစ်ယောက် Wheel Chair လာရောက်လှူဒါန်းခဲ့ပါတယ်။

လိုအပ်နေတဲ့သူတွေကို အမှန်တကယ် သူတို့ လိုအပ်တဲ့ပစ္စည်းတွေ လှူဒါန်းရတာလည်း အင်မတန်မှကုသိုလ်ထူးလှပါတယ်နော်။ Sinon ရဲ့ မေတ္တာတရားတွေကတော့ အံ့မခန်းအောင် လေးစားဖို့ကောင်းလွန်းလှပါတယ်။

Source : Cele Star