



Video ကြည့်ရန်

Source : Cele Gabar ,

Unicode

လက် ရှိအချိန်မှာ လူစိတ်ဝင်စားအများဆုံး ဖြစ်နေတဲ့ မော်ဒယ်သရုပ်ဆောင် သံစဉ်မောင်နဲ့ သရုပ်ဆောင်နေဒွေးတို့ရဲ့ အရှုပ်တော်ပုံဟာ အခုချိန်ထိ အပြီးမသတ်နိုင်သေးပါဘူး။နေဒွေးကတော့ သံစဉ်မောင်နဲ့ကိစ္စတွေအတွက် ပြန်လည်ဖြေရှင်းလိုက်ပါပြီ။အခုလိုနောက်ကျမှ ဖြေရှင်းရတာကလည်း ရှောင်နေခြင်းမဟုတ်ပဲ ရှုတင်ရက်တွေ ဆက်တိုက်ရှိနေတဲ့အတွက် အလုပ်ကိုဦးစားပေးနေတာဖြစ်ကြောင်း ပြန်လည်ဖြေရှင်းထားပါတယ်။သံစဉ်မောင် အပေါ် ကိုယ်ထိလက်ရောက်ကျူးလွန်တယ်ဆိုတဲ့ စွဲချက်အပေါ်မှာလည်း သူလုံးဝမကျူးလွန်ကြောင်း ငြင်းပယ်ထားခဲ့ပါတယ်။

သံစဉ်မောင်ရဲ့ လက်ကဒဏ်ရာ ဖြစ်ရတာဟာလည်း သူရိုက်နှက်ခဲ့တာ မဟုတ်ပဲ သူနဲ့ အတူ ၂၀၁၆ ဒီဇင်ဘာလက ရိုက်ကူရေးသွားရာမှာ ကားချောက်ထဲကျ ပြီး သူမ လက်က လက်စွပ်နဲ့ ခိုက်မိပြီး ဖြစ်သွားခဲ့ရတာလို့ ဖြေကားထားခဲ့ပာတယ်။သူကိုယ်တိုင် OSC ဆေးရုံကို ကိုယ်တိုင်လိုက်ပို့ ပေးခဲ့သေးပာတယ်။ အဲ့အချိန်တုန်းက မီဒီယာတွေ ဖွင့်မပြောဖြစ်ခဲ့ရတာပါတဲ့။

သူ့အနေနဲ့အရင်ရည်းစားတွေထားခဲ့ရာမှာလည်း ကိုယ်ထိလက်ရောက်လုံးဝ မကျူးလွန်ကြောင်း ၇ နှစ်ထိ တွဲခဲ့တဲ့ကောင်မလေး ကိုတောင် သူလုံးဝ ကိုယ်ထိလက်ရောက်မကကျူးလွန်ခဲ့ကြောင်းဖြေကြားထားပါတယ်။အခုလို သူနဲ့ ဝတ်လစ်စလစ်ပုံနဲ့ ရေချိုးခန်းက သူလုံးဝ မဟုတ်တဲ့ အကြောင်း၊ Hd Video မှာလည်း သူ စက္ကန့်အနည်းငယ်ကြည့်လိုက်ရပါတယ်တဲ့။ video မှာ သူလုံးဝမဟုတ်ကြောင်း ဖြေကြားထားပါတယ်

အခုလို ပဋိပက္ခတွေ ဖြစ်ရတာကလည်း သူ ရစရာရှိတဲ့ အကြွေး သိန်း၂ဝနဲ့ ပက်သက်နေတာ သူ သိပါတယ်တဲ့။ အဲ့ကိစ္စနဲ့ပက်သက်ပြီး သူ့ကို ပူးပေါင်းကြံစည်တာတွေ ကို သက်သေအခိုင်အလုံရှိနေပြီး တရားရုံးတော်မှာ တင်ပြသွားမယ်လို့ သိရပါတယ်။ပရိတ်သတ်ကြီးကရော ဘယ်လိုထင်မြင်သလဲဆိုတာ commentမှာ ရေးသွားကြပါဦး။မသိရှိသေးသူတွေ သိရအောင် shareသွားကြဦးနော်။

Video ကြည့်ရန်

Source : Cele Gabar ,