ေမာင္ေ လးငယ္ငယ္ မုံ႐ြာ၊ ဇန္နဝါရီ ၂၂

မုံ႐ြာၿမိဳ႕ ကားေလးကြင္းအနီး Famous ကားဂိတ္ တာဝန္ခံအား ဂိတ္အတြင္း ႀကိဳးတုပ္ လုယက္ ခံရသည္ဟုဆိုကာ တိုင္တန္းထားမႈအား ရဲတပ္ဖြဲ႕က စစ္ေဆးေနသည္။

ဇန္နဝါရီ ၂၁ ရက္ နံနက္အေစာပိုင္း ၂ နာရီတြင္ ဂိတ္တာဝန္ခံ ဦးစိုးခိုင္သည္ တစ္ဦးတည္းအိပ္ေပ်ာ္ေနခိုက္

မ်က္ႏွာတြင္ Mask အုပ္ထားေသာ အနက္ေရာင္ဝတ္ လူႏွစ္ဦးေရာက္လာၿပီး ဓားေထာက္ႏႈိးခဲ့သည္ ဟု တိုင္တန္းခ်က္ အရသိရသည္။

၎ေနာက္ မီးခံေသတၱာေသာ့အားေတာင္း၍ ႀကိဳးျဖင့္ ထိုင္ခုံတြင္တြဲလ်က္တုပ္ခ်ည္ကာ ၎တို႔ ပါလာေသာ ေဆးရည္ပုလင္းအားတိုက္ခဲ့ေၾကာင္း ၊

မီးခံေသတၱာမွ ပိုက္ဆံ မ်ားအား ထည့္ယူသြားသည္ကို ျမင္ရၿပီးေနာက္ ၎မွာ အိပ္ေပ်ာ္သြားေၾကာင္း ထြက္ဆို တိုင္တန္းခဲ့သည္။

လုယက္သြားသူမ်ားထံ ေငြ သိန္း ၈၀ခန႔္ ႏွင့္ လက္ကိုင္ဖုန္း ၃ လုံး ပါသြားခဲ့သည္ဟု ဆိုသည္။

” မနက္လင္းေတာ့ ကြၽန္ေတာ့ကို ကားသမားတစ္ေယာက္က အရင္စေတြ႕လို႔ ႀကိဳးေျဖေပးမယ္အလုပ္မွာ ကြၽန္ေတာ္က ရဲအရင္ေခၚခိုင္းလိုက္တာ” ဟု ဦးစိုးခိုင္က ရဲတပ္ဖြဲ႕သို႔ ေျပာဆိုထားသည္။

ကားဂိတ္သို႔ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉးႏွင့္ တိုင္းရဲတပ္ဖြဲ႕ မွ အရာရွိမ်ား ေရာက္လာၿပီး လုယက္ခံရမႈပုံစံအား အစမ္းျပန္လည္ ျပဳလုပ္ေစကာ စစ္ေဆးေမးျမန္းမႈမ်ား ျပဳလုပ္ခဲ့ၾကသည္။

” ေျပာရရင္ သမား႐ိုးက် လုခံရတာထက္ ပိုၿပီးထူးဆန္းေနတယ္” ဟု အဆိုပါျဖစ္စဥ္အား စစ္ေမးေနသည့္ တိုင္းမႈခင္းအကူဌာန မွ ရဲအုပ္တစ္ဦးက ေျပာသည္။

လက္ရွိ တြင္ယင္းျဖစ္စဥ္အား မုံ႐ြာၿမိဳ႕မရဲစခန္း(ပ)၁၃၂/၂၀၂၀ ရာဇသတ္ႀကီးပုဒ္မ ၃၉၂ အရ လုယက္မႈျဖင့္ အမႈဖြင့္ စစ္ေဆးေနသည္။

Unicode

မောင်ေ လးငယ်ငယ် မုံရွာ၊ ဇန်နဝါရီ ၂၂

မုံရွာမြို့ ကားလေးကွင်းအနီး Famous ကားဂိတ် တာဝန်ခံအား ဂိတ်အတွင်း ကြိုးတုပ် လုယက် ခံရသည်ဟုဆိုကာ တိုင်တန်းထားမှုအား ရဲတပ်ဖွဲ့က စစ်ဆေးနေသည်။

ဇန်နဝါရီ ၂၁ ရက် နံနက်အစောပိုင်း ၂ နာရီတွင် ဂိတ်တာဝန်ခံ ဦးစိုးခိုင်သည် တစ်ဦးတည်းအိပ်ပျော်နေခိုက်

မျက်နှာတွင် Mask အုပ်ထားသော အနက်ရောင်ဝတ် လူနှစ်ဦးရောက်လာပြီး ဓားထောက်နှိုးခဲ့သည် ဟု တိုင်တန်းချက် အရသိရသည်။

၎င်းနောက် မီးခံသေတ္တာသော့အားတောင်း၍ ကြိုးဖြင့် ထိုင်ခုံတွင်တွဲလျက်တုပ်ချည်ကာ ၎င်းတို့ ပါလာသော ဆေးရည်ပုလင်းအားတိုက်ခဲ့ကြောင်း ၊

မီးခံသေတ္တာမှ ပိုက်ဆံ များအား ထည့်ယူသွားသည်ကို မြင်ရပြီးနောက် ၎င်းမှာ အိပ်ပျော်သွားကြောင်း ထွက်ဆို တိုင်တန်းခဲ့သည်။

လုယက်သွားသူများထံ ငွေ သိန်း ၈ဝခန့် နှင့် လက်ကိုင်ဖုန်း ၃ လုံး ပါသွားခဲ့သည်ဟု ဆိုသည်။

” မနက်လင်းတော့ ကျွန်တော့ကို ကားသမားတစ်ယောက်က အရင်စတွေ့လို့ ကြိုးဖြေပေးမယ်အလုပ်မှာ ကျွန်တော်က ရဲအရင်ခေါ်ခိုင်းလိုက်တာ” ဟု ဦးစိုးခိုင်က ရဲတပ်ဖွဲ့သို့ ပြောဆိုထားသည်။

ကားဂိတ်သို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် တိုင်းရဲတပ်ဖွဲ့ မှ အရာရှိများ ရောက်လာပြီး လုယက်ခံရမှုပုံစံအား အစမ်းပြန်လည် ပြုလုပ်စေကာ စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့ကြသည်။

” ပြောရရင် သမားရိုးကျ လုခံရတာထက် ပိုပြီးထူးဆန်းနေတယ်” ဟု အဆိုပါဖြစ်စဉ်အား စစ်မေးနေသည့် တိုင်းမှုခင်းအကူဌာန မှ ရဲအုပ်တစ်ဦးက ပြောသည်။

လက်ရှိ တွင်ယင်းဖြစ်စဉ်အား မုံရွာမြို့မရဲစခန်း(ပ)၁၃၂/၂၀၂၀ ရာဇသတ်ကြီးပုဒ်မ ၃၉၂ အရ လုယက်မှုဖြင့် အမှုဖွင့် စစ်ဆေးနေသည်။