ဒဂုံ ဆိပ္ကမ္းၿမိဳ႕နယ္တြင္ ဝိုင္ဘီအက္စ္ယာဥ္ေမာင္းက ယာဥ္တံခါးပိတ္ၿပီး ခရီးသည္အမ်ိဳးသမီးကို အဓမၼျပဳက်င့္ခဲ့သည္ဆိုမႈကို အမႈဖြင့္အေရးယူထားေၾကာင္း ရဲတပ္ဖြဲ႕ထံမွ သိရသည္။

ျဖစ္စဥ္မွာ ဇန္နဝါရီ ၁၄ ရက္တြင္ ဒဂုံၿမိဳ႕သစ္ဆိပ္ကမ္းၿမိဳ႕နယ္ေန အသက္ ၂၄ ႏွစ္အ႐ြယ္ အမ်ိဳးသမီးတစ္ဦးက သက္ဆိုင္ရာသို႔တိုင္ၾကားခဲ့ျခင္းျဖစ္သည္။

ထိုသို႔ တိုင္ၾကားရာတြင္ ၎သည္ ဗိုလ္တေထာင္ၿမိဳ႕နယ္ရွိ သူငယ္ခ်င္းျဖစ္သူေနမေကာင္းသျဖင့္ ဇန္နဝါရီ ၁၃ ရက္ မြန္းလြဲ ၁ နာရီခန္႔၌ သြားေရာက္ျပဳစုေပးခဲ့ၿပီး ဇန္နဝါရီ ၁၄ ရက္ နံနက္ ၅ နာရီခြဲတြင္ ဂႏၵီမွတ္တိုင္မွ ဝိုင္ဘီအက္စ္ ၄ ကို စီးနင္းကာ ဒဂုံဆိပ္ကမ္းၿမိဳ႕နယ္သို႔ ျပန္ခဲ့သည္ဟု ဆိုသည္။

၎က ယာဥ္ေမာင္း၏ ေနာက္ထိုင္ခုံတြင္လိုက္ပါခဲ့ၿပီး လမ္းတြင္ ေခါင္းမူးသျဖင့္ ေမွး၍ လိုက္ပါလာရာ ဆင္းရမည့္ ၆၅ မွတ္တိုင္၌ မဆင္းမိဘဲ မွတ္တိုင္ေက်ာ္၍ ကားေပၚတြင္ပါသြားခဲ့သည္။

ယာဥ္ေမာင္းျဖစ္သူက ယုဇနတြင္ ဂိတ္ဆုံးမည္ျဖစ္ေၾကာင္း ကားမွာခ်က္ခ်င္းျပန္ထြက္မည္ျဖစ္ေၾကာင္း ေျပာေသာေၾကာင့္ ဆက္လက္လိုက္ပါခဲ့သည္။

ယုဇနသို႔ ေရာက္ရွိခ်ိန္တြင္ ကားေပၚပါ အျခားခရီးသည္မ်ားဆင္းသြားခ်ိန္၌ ၄င္းက ကားေပၚ၌ထိုင္ေနစဥ္ ယာဥ္ေမာင္းက ကားတံခါးမ်ားကိုလိုက္လံပိတ္ၿပီး ထိုင္ေနသည့္ ေနရာသို႔ ေရာက္လာခဲ့သည္။

ထို႔ေနာက္ ၎ကို သိုင္းဖက္ခ်ဳပ္ေႏွာင္ကာ ကားၾကမ္းျပင္ေပၚသို႔ တြန္းလွဲၿပီး ပါးစပ္ပိတ္၍ အဓမၼျပဳက်င့္ခဲ့သည္။

အဆိုပါကိစၥကို မည္သူ႔ကိုမွ်မတိုင္ရန္ ၿခိမ္းေျခာက္ေျပာဆိုၿပီး အျခား ဝိုင္ဘီအက္စ္ အမွတ္ ၄ ယာဥ္ျဖင့္တင္ေပးခဲ့ရာ အမွတ္ ၆၅ ကားမွတ္တိုင္သို႔ ျပန္ေရာက္ခဲ့ၿပီးေနာက္

မွတ္တိုင္ အနီးရွိ အမွတ္ (၆၀/၆၁) ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး႐ုံးသို႔ ျဖစ္စဥ္ကိုေျပာျပကာ သက္ဆိုင္ရာသို႔ တိုင္ၾကားခဲ့သည္။

ဒဂုံဆိပ္ကမ္းၿမိဳ႕မရဲစခန္းက (ပ)၈၄/၂၀၂၀ ရာဇသတ္ႀကီးဥပေဒပုဒ္မ ၃၇၆ အရ အမႈဖြင့္ကာ ဒဂုံၿမိဳ႕သစ္ေတာင္ပိုင္းၿမိဳ႕နယ္ေန အသက္ ၃၅ႏွစ္ရွိ က်ဴးလြန္သူ ၿပဳံးကိုကို ကို ဖမ္းဆီးအေရးယူထားသည္။

တိုးေဝေအာင္
MyanmarTimes

Unicode

ဒဂုံ ဆိပ်ကမ်းမြို့နယ်တွင် ဝိုင်ဘီအက်စ်ယာဉ်မောင်းက ယာဉ်တံခါးပိတ်ပြီး ခရီးသည်အမျိုးသမီးကို အဓမ္မပြုကျင့်ခဲ့သည်ဆိုမှုကို အမှုဖွင့်အရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

ဖြစ်စဉ်မှာ ဇန်နဝါရီ ၁၄ ရက်တွင် ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်နေ အသက် ၂၄ နှစ်အရွယ် အမျိုးသမီးတစ်ဦးက သက်ဆိုင်ရာသို့တိုင်ကြားခဲ့ခြင်းဖြစ်သည်။

ထိုသို့ တိုင်ကြားရာတွင် ၎င်းသည် ဗိုလ်တထောင်မြို့နယ်ရှိ သူငယ်ချင်းဖြစ်သူနေမကောင်းသဖြင့် ဇန်နဝါရီ ၁၃ ရက် မွန်းလွဲ ၁ နာရီခန့်၌ သွားရောက်ပြုစုပေးခဲ့ပြီး ဇန်နဝါရီ ၁၄ ရက် နံနက် ၅ နာရီခွဲတွင် ဂန္ဒီမှတ်တိုင်မှ ဝိုင်ဘီအက်စ် ၄ ကို စီးနင်းကာ ဒဂုံဆိပ်ကမ်းမြို့နယ်သို့ ပြန်ခဲ့သည်ဟု ဆိုသည်။

၎င်းက ယာဉ်မောင်း၏ နောက်ထိုင်ခုံတွင်လိုက်ပါခဲ့ပြီး လမ်းတွင် ခေါင်းမူးသဖြင့် မှေး၍ လိုက်ပါလာရာ ဆင်းရမည့် ၆၅ မှတ်တိုင်၌ မဆင်းမိဘဲ မှတ်တိုင်ကျော်၍ ကားပေါ်တွင်ပါသွားခဲ့သည်။

ယာဉ်မောင်းဖြစ်သူက ယုဇနတွင် ဂိတ်ဆုံးမည်ဖြစ်ကြောင်း ကားမှာချက်ချင်းပြန်ထွက်မည်ဖြစ်ကြောင်း ပြောသောကြောင့် ဆက်လက်လိုက်ပါခဲ့သည်။

ယုဇနသို့ ရောက်ရှိချိန်တွင် ကားပေါ်ပါ အခြားခရီးသည်များဆင်းသွားချိန်၌ ၄င်းက ကားပေါ်၌ထိုင်နေစဉ် ယာဉ်မောင်းက ကားတံခါးများကိုလိုက်လံပိတ်ပြီး ထိုင်နေသည့် နေရာသို့ ရောက်လာခဲ့သည်။

ထို့နောက် ၎င်းကို သိုင်းဖက်ချုပ်နှောင်ကာ ကားကြမ်းပြင်ပေါ်သို့ တွန်းလှဲပြီး ပါးစပ်ပိတ်၍ အဓမ္မပြုကျင့်ခဲ့သည်။

အဆိုပါကိစ္စကို မည်သူ့ကိုမျှမတိုင်ရန် ခြိမ်းခြောက်ပြောဆိုပြီး အခြား ဝိုင်ဘီအက်စ် အမှတ် ၄ ယာဉ်ဖြင့်တင်ပေးခဲ့ရာ အမှတ် ၆၅ ကားမှတ်တိုင်သို့ ပြန်ရောက်ခဲ့ပြီးနောက်

မှတ်တိုင် အနီးရှိ အမှတ် (၆၀/၆၁) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးသို့ ဖြစ်စဉ်ကိုပြောပြကာ သက်ဆိုင်ရာသို့ တိုင်ကြားခဲ့သည်။

ဒဂုံဆိပ်ကမ်းမြို့မရဲစခန်းက (ပ)၈၄/၂၀၂၀ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆ အရ အမှုဖွင့်ကာ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်နေ အသက် ၃၅နှစ်ရှိ ကျူးလွန်သူ ပြုံးကိုကို ကို ဖမ်းဆီးအရေးယူထားသည်။

တိုးဝေအောင်
MyanmarTimes