အ ချစ်စစ််တို့သွားရာလမ်းဟာဖြောင့်ဖြူးခြင်းမရှိဘူးဆိုတဲ့စကားလိုပဲ တစ်ယောက်နဲ့တစ်ယောက်တကယ်ချစ်ပြီဆိုရင် အနှောက်အယှက်လောကဓံတစ်ခုမဟုတ်တစ်ခုကတော့ ဝင်စမြဲပါပဲ။ကံကောင်းတဲ့ချစ်သူတွေကတော့ လာသမျှအခက်အခဲတွေကိုချစ်သူလက်ကိုတွဲပြီးဖြေရှင််းခွင့်ရပြီး တစ်သက်လုံးအတူလက်တွဲသွားနိုင်ကြပေမယ့်ကံဆိုးတဲ့ချစ်သူတွေကတော့ သေကွဲဒါမှမဟုတ် ရှင်ကွဲဆိုတဲ့ ချောက်ကမ်းပါးကြီးထဲကို တစ်နည်းမဟုတ်တစ်နည်းကျရောက်သွားကြရပါတယ််။

အဲဒါက ဖိလစ်ပိုင်မော်ဒယ်မလေး Nam Floresca နဲ့သူ့ချစ်သူ Fraco Hernandez အတွက်တော့ သေကွဲဆိုတဲ့ကံဆိုးမှုကြီးဖြစ်ခဲ့ရပါတယ်။

Nam နဲ့ Franco တို့ဟာအချိ်န်တွေအကြာကြီးချစ်လာကြတဲ့ စုံတွဲလေးဖြစ်ပြီး တစ်ယောက်နဲ့တစ်ယောက် မျက်စိအောက်ကအပျောက်မခံံနိုင်အောင်ချစ်ကြသူတွေပါ။ သွားအတူစားအတူလာအတူနဲ့ မိုးမမြင်လေမမြင််ပျော်ရွှင်မြူးထူးနေတဲ့ချစ်သူနှစ်ယောက်ရဲ့ဘဝထဲကိုဆိုးရွားတဲ့ကံကြမ္မာကြီးက ရုတ်တရက်ရောက်ချလာခဲ့ပါတယ်။ အဲဒါက November 2017 မှာ Nam နဲဲ့ Francoတို့ဟာ ပျော်စရာကောင်းတဲ့ အားလပ်ရက်ကမ်းခြေခရီးသွားနေတဲ့အချိိန်မှာဖြစ်ပွားခဲ့တာပါ။

သူတို့နှစ်ယောက်ရဲ့ မော်တော်ကို ကြောက်မက်ဖွယ်ရေလှိုင်းကြီးက ရို်က်ခတ်ခဲ့ပြီးပင်လယ်ထဲမှာ လှေမှောက်သွားခဲ့ပါတယ်။ သူတို့နှစ်ယောက်စလုံးက ရေမကူးတတ်တာကြောင့် တစ်ယောက်နဲ့တစ်ယောက် အလန့်တကြားဆွဲဲကိုင်ထားပြီးမော််တော််ကိုကုပ်တွယ်ထားနေကြတုန်းမှာပဲနောက်ထပ် လှိုင်းလုံးတွေကြောင့် Franco က Nam နဲ့ ဝေးရာကိုရောက်သွားခဲ့တယ်လို့သိရပါတယ်။ ကယ််ဆယ်ရေးတွေရောက်လာလို့ မော်တော်မောင်းသူအပါအဝင်သူတို့အားလုံးကို ကယ်တင်ပြီးချိန်မှာတော့ ကံမကောင်းအကြောင်းမလှစွာပဲ Franco ဟာ အသက််မရှိတော့ပါဘူး။

အဲဒီဖြစ်ရပ်ကြီးကြောင့် Nam ရော Franco ရဲ့မိသားစုပါ ရူးမတတ်ခံစားခဲ့ရပြီး Nam ဟာ အသည်းတွေကြေပြုန်းမတတ်ခံစားသွားရတယ်လို့ သတင်းစာတွေက ဖော်ပြခဲ့ကြပါတယ်။ ဒါပေမယ့်Nam က ဘဝကူးသွားတဲ့ချစ်သူကိုခဏသာလွမ်းပြပြီး အသစ်ရှာသွားတဲ့မိန်းကလေးမျိုးမဟုတ်ခဲ့ပါဘူး။

Nam ဟာ ချစ်သူကိုလွမ်းဆွတ်လွန်းလို့ အခုအချိိန််အထိ သူတို့နှစ််ယောက်ရဲ့ဓာတ််ပုံတွေကို သူမရဲ့ Instagram မှာတင်နေဆဲဲပါ။ ချစ်စရာကောင်းတဲ့ စုံတွဲဓာတ်ပုံလေးတွေနဲ့တူ Namက သူ Franco ကိုဘယ်လောက်အထိလွမ်းကြောင်း၊သတိရကြောင်းတွေ၊သူတို့နှစ်ဦးရဲ့မေ့မရတဲ့အမှတ်တရတွေကိုရေးသားပြီး ဘဝခြားသွားတဲ့ချစ်သူကိုလွမ်းဆွတ်နေခဲ့ပါတယ်။

လူတွေက သူမ သူ့ချစ်သူကို လွမ်းတာ ဘယ်လောက်ကြာကြာလွမ်းနိုင်မလဲဆိုပြီး စောင့်ကြည့်နေခဲ့ကြပေမယ့့်တစ်နှစ်ကျော်လာတဲ့အထိ မကုန်နိုင်တဲ့အမှတ်တရတွေအကြောင်းရေးဆဲ၊ ချစ်သူရဲ့ဓာတ််ပုံလေးတွေကိုအမှတ်တရတင်နေတတ််ဆဲကောင်မလေးကို တစ်ကမ္ဘာလုံးက ပရိသတ်တွေက အံ့သြပြီးသနားလာကြရပါတယ်။Nam ရဲ့ ဖြစ်ရပ်ဟာကမ္ဘာာကျော်သွွားပြီးပရိသတ််တွေက သစ္စာရှင်မလေး Nam ကို စုတ်တသပ်သပ်နဲ့သနားနေကြပါတယ်။

Nam ဟာ အခုအချိ်န်အထိ Franco ကိုလွမ်းဆွတ်ဆဲဲ၊ Franco ရဲ့မိသားစုနဲ့လည်းအခါအားလျော်စွာတွေ့ပြီီး လူကြီးသူမတွေကိုဂရုစိုက်ပေးတတ်ဆဲဖြစ်သလို Franco ရဲ့ အရိုးပြာအိုးရှိရာကိုလည်း ပုံမှန်သွားရောက်လည်ပတ်တတ်ဆဲပါ။ ပရိသတ်ကြီးရော Nam ရဲ့ ဖြစ်ရပ်ကိုကြားပြီး ရင်ထဲမှာတစ်ခုခုခံစားမိကြလား။ အဲဒီလိုတစ်သက်လုံးအတွက်ရင်နင့်အောင်ချစ်ရမယ့်သူမျိုးရောဘဝမှာရှိိနေပြီလား။ပြောခဲ့ကြပါဦး။

Crd;ygn-news