စြပ္စြဲခံ ရတာျဖစ္လို႔ အေဖက မေၾကာက္ဖို႔ အားေပးပါတယ္။မိုးေအာင္ရင္ကေတာ့ ဖခင္ျဖစ္သူ ဦးေအာင္ရင္ရဲ႕ စကားကို နားမေထာင္လို႔ အခုလို ျဖစ္ရပ္မ်ိဳးေတြ ႀကဳံလာရတယ္လို႔ ရင္ဖြင့္ေျပာျပလာပါတယ္။ အမႈမွာလည္း မွန္မွန္ကန္ကန္ေျဖဆိုသြားမွာပါတဲ့။

မိုးေအာင္ရင္ကေတာ့ လက္ရွိ ရင္ဆိုင္ေနရတဲ့ အမႈနဲ႔ ပတ္သက္ၿပီး ဖခင္ျဖစ္သူက သူ႔ကို စိတ္ဓာတ္မက်ဖို႔ အားေပးစကားေျပာတယ္လို႔ ဆိုပါတယ္။ ဒီအမႈမွာလည္း မွန္မွန္ကန္ကန္ ေျဖဆိုသြားမယ္လို႔ အင္တာဗ်ဴးေတြမွာ ေျဖဆိုခဲ့ပါတယ္။

“အေဖကေတာ့ မင္းဘာမွ ေၾကာက္စရာမလိုဘူး၊ ဒါကေတာ့ မင္းစြပ္စြဲခံရတာ ဘာမွ ေၾကာက္စရာမလိုဘူးဆိုတဲ့ စကားပဲေျပာတာပါ။ ကြၽန္ေတာ္ကလည္း အရင္က ေထာင္ဒဏ္ တစ္သက္တစ္ကြၽန္းလို၊ ေသဒဏ္ေလာက္အထိ ေပးလို႔ရတဲ့ အရာႀကီးတစ္ခုကို ကြၽန္ေတာ္ ႀကဳံခဲ့ရၿပီးၿပီ။

ဒီတစ္ခုက အဲဒီေလာက္အထိလည္း မမ်ားဘူး။ ေထာင္ထဲ ျပန္ဝင္ခဲ့ရရင္လည္း အတိတ္ကံမေကာင္းခဲ့လို႔ ျပန္ဝင္ရတဲ့အရာတစ္ခုကို ဘာမွ မတတ္ႏိုင္ခဲ့ဘူး။ အတတ္ႏိုင္ဆုံးေတာ့ တရား႐ုံးမွာ မွန္မွန္ကန္ကန္ေျဖဆိုဖို႔ အဆင္သင့္ပါပဲ” လို႔ သူကဆိုပါတယ္။

မိုးေအာင္ရင္အတြက္ကေတာ့ ဖခင္ျဖစ္သူက အားကိုးရဆုံးသူလို႔ ဆိုပါတယ္။ အေဖ့စကားကို နားမေထာင္မိလို႔ အခုလို ျဖစ္ရတာလို႔လည္း သူက ဆိုပါတယ္။“ အေဖကေတာ့ ကြၽန္ေတာ္ အားကိုးရတဲ့သူေပ့ါေနာ္။ ေထာင္ထဲမွာတုန္းကတည္းကလည္း ကြၽန္ေတာ္ အားကိုးခဲ့ရတယ္။ အခုလည္း အားကိုးေနရတယ္။

တစ္ခုခုဆို သူ႔စကားကို ကြၽန္ေတာ္ နားမေထာင္ခဲ့လို႔ အခုလို ျဖစ္ခဲ့တယ္လို႔ ကြၽန္ေတာ္ျမင္တယ္။ အခုခ်ိန္ကစၿပီးေတာ့ အေဖ့စကားကို နားေထာင္ေတာ့မယ္လို႔ ကြၽန္ေတာ္ ဆုံးျဖတ္လိုက္တယ္” ဆိုၿပီးေတာ့ ဇန္နဝါရီလ ၁၈ ရက္ေန႔က Under Armour အားကစားဝတ္စုံအေရာင္းခန္းမ ဖြင့္ပြဲကို တက္ေရာက္ရင္း ေျဖဆိုခဲ့တာပါ။

လက္ရွိမွာေတာ့ မိုးေအာင္ရင္ကို မိသားစုဝင္ေတြက အႏုပညာအလုပ္ မလုပ္ေစခ်င္ေတာ့ဘူးလို႔ အင္တာဗ်ဴးေတြမွာ ေျဖဆိုခဲ့ပါတယ္။“ အေဖက ကြၽန္ေတာ့္ကို ႏိုင္ငံျခားကို လိုက္ေစခ်င္တယ္။ ကြၽန္ေတာ္ကမသြားခ်င္ဘူး။ ကိုယ့္မွာ Target ရွိတယ္ သ႐ုပ္ေဆာင္ အလုပ္ကို ဆက္လုပ္ခ်င္ေသးတယ္။

ဒီကိစၥအတြက္ အရင္တုန္းကလည္း အတိုက္အခံရွိခဲ့တယ္။ အခုထိလည္း ရွိေနေသးတယ္။ အဲဒါကလြဲရင္ ကြၽန္ေတာ့္ရဲ႕ ဆႏၵအတိုင္း သူတို႔ လိုက္ေလ်ာပါတယ္” ဆိုၿပီးေတာ့ ဆက္လက္ ေျပာျပခဲ့ပါတယ္။

မိုးေအာင္ရင္ဟာ ခ်စ္သူေကာင္မေလးနဲ႔ လမ္းခြဲလိုက္ၿပီျဖစ္ေၾကာင္း အြန္လိုင္းမီဒီယာတစ္ခုမွာ အင္တာဗ်ဴးၿပီးေနာက္ပိုင္း ယခုလို တရားစြဲဆိုျခင္း ခံရတာလည္း ျဖစ္ပါတယ္။

သ႐ုပ္ေဆာင္ မိုးေအာင္ရင္ကို တရားစြဲဆိုထားတဲ့ ပုဒ္မ ၄၁၇ဟာ လိမ္လည္မႈပုဒ္မျဖစ္ၿပီး ေထာင္ဒဏ္သုံးႏွစ္ျဖစ္ေစ၊ ေငြဒဏ္ျဖစ္ေစ၊ ဒဏ္ႏွစ္ရပ္လုံးျဖစ္ေစ ခ်မွတ္ရႏိုင္သည္ဟု ရာဇသတ္ႀကီး ဥပေဒမွာ ျပဌာန္းထားေၾကာင္း သိရပါတယ္။

Unicode

စွပ်စွဲခံ ရတာဖြစ်လို့ အဖေက မကြောက်ဖို့ အားပေးပါတယ်။မိုးအောင်ရင်ကတော့ ဖခင်ဖြစ်သူ ဦးအောင်ရင်ရဲ့ စကားကို နားမထောင်လို့ အခုလို ဖြစ်ရပ်မျိုးတွေ ကြုံလာရတယ်လို့ ရင်ဖွင့်ပြောပြလာပါတယ်။ အမှုမှာလည်း မှန်မှန်ကန်ကန်ဖြေဆိုသွားမှာပါတဲ့။

မိုးအောင်ရင်ကတော့ လက်ရှိ ရင်ဆိုင်နေရတဲ့ အမှုနဲ့ ပတ်သက်ပြီး ဖခင်ဖြစ်သူက သူ့ကို စိတ်ဓာတ်မကျဖို့ အားပေးစကားပြောတယ်လို့ ဆိုပါတယ်။ ဒီအမှုမှာလည်း မှန်မှန်ကန်ကန် ဖြေဆိုသွားမယ်လို့ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

“အဖေကတော့ မင်းဘာမှ ကြောက်စရာမလိုဘူး၊ ဒါကတော့ မင်းစွပ်စွဲခံရတာ ဘာမှ ကြောက်စရာမလိုဘူးဆိုတဲ့ စကားပဲပြောတာပါ။ ကျွန်တော်ကလည်း အရင်က ထောင်ဒဏ် တစ်သက်တစ်ကျွန်းလို၊ သေဒဏ်လောက်အထိ ပေးလို့ရတဲ့ အရာကြီးတစ်ခုကို ကျွန်တော် ကြုံခဲ့ရပြီးပြီ။

ဒီတစ်ခုက အဲဒီလောက်အထိလည်း မများဘူး။ ထောင်ထဲ ပြန်ဝင်ခဲ့ရရင်လည်း အတိတ်ကံမကောင်းခဲ့လို့ ပြန်ဝင်ရတဲ့အရာတစ်ခုကို ဘာမှ မတတ်နိုင်ခဲ့ဘူး။ အတတ်နိုင်ဆုံးတော့ တရားရုံးမှာ မှန်မှန်ကန်ကန်ဖြေဆိုဖို့ အဆင်သင့်ပါပဲ” လို့ သူကဆိုပါတယ်။

မိုးအောင်ရင်အတွက်ကတော့ ဖခင်ဖြစ်သူက အားကိုးရဆုံးသူလို့ ဆိုပါတယ်။ အဖေ့စကားကို နားမထောင်မိလို့ အခုလို ဖြစ်ရတာလို့လည်း သူက ဆိုပါတယ်။“ အဖေကတော့ ကျွန်တော် အားကိုးရတဲ့သူပေ့ါနော်။ ထောင်ထဲမှာတုန်းကတည်းကလည်း ကျွန်တော် အားကိုးခဲ့ရတယ်။ အခုလည်း အားကိုးနေရတယ်။

တစ်ခုခုဆို သူ့စကားကို ကျွန်တော် နားမထောင်ခဲ့လို့ အခုလို ဖြစ်ခဲ့တယ်လို့ ကျွန်တော်မြင်တယ်။ အခုချိန်ကစပြီးတော့ အဖေ့စကားကို နားထောင်တော့မယ်လို့ ကျွန်တော် ဆုံးဖြတ်လိုက်တယ်” ဆိုပြီးတော့ ဇန်နဝါရီလ ၁၈ ရက်နေ့က Under Armour အားကစားဝတ်စုံအရောင်းခန်းမ ဖွင့်ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

လက်ရှိမှာတော့ မိုးအောင်ရင်ကို မိသားစုဝင်တွေက အနုပညာအလုပ် မလုပ်စေချင်တော့ဘူးလို့ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။“ အဖေက ကျွန်တော့်ကို နိုင်ငံခြားကို လိုက်စေချင်တယ်။ ကျွန်တော်ကမသွားချင်ဘူး။ ကိုယ့်မှာ Target ရှိတယ် သရုပ်ဆောင် အလုပ်ကို ဆက်လုပ်ချင်သေးတယ်။

ဒီကိစ္စအတွက် အရင်တုန်းကလည်း အတိုက်အခံရှိခဲ့တယ်။ အခုထိလည်း ရှိနေသေးတယ်။ အဲဒါကလွဲရင် ကျွန်တော့်ရဲ့ ဆန္ဒအတိုင်း သူတို့ လိုက်လျောပါတယ်” ဆိုပြီးတော့ ဆက်လက် ပြောပြခဲ့ပါတယ်။

မိုးအောင်ရင်ဟာ ချစ်သူကောင်မလေးနဲ့ လမ်းခွဲလိုက်ပြီဖြစ်ကြောင်း အွန်လိုင်းမီဒီယာတစ်ခုမှာ အင်တာဗျူးပြီးနောက်ပိုင်း ယခုလို တရားစွဲဆိုခြင်း ခံရတာလည်း ဖြစ်ပါတယ်။

သရုပ်ဆောင် မိုးအောင်ရင်ကို တရားစွဲဆိုထားတဲ့ ပုဒ်မ ၄၁ရဟာ လိမ်လည်မှုပုဒ်မဖြစ်ပြီး ထောင်ဒဏ်သုံးနှစ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရနိုင်သည်ဟု ရာဇသတ်ကြီး ဥပဒေမှာ ပြဌာန်းထားကြောင်း သိရပါတယ်။