ကၽြန္ေတာ္ တုိ႔ ျမန္မာႏုိင္ငံသားေတြရဲ႕ ၇၀ ရာခုိင္ႏႈန္းဟာ အသိအျမင္ေတြ ေနာက္က်ေနၾကပါတယ္။ အသိအျမင္ေနာက္က်တယ္ဆုိတဲ့ ေနရာမွာ အတန္းပညာေတြ အမ်ားႀကီး တတ္တာ မတတ္တာကုိ ေျပာတာ မဟုတ္ဘူး။ ကိစၥရပ္တခုကုိ မွန္လား မွားလားဆိုတာကုိ မိမိဦးေႏွာက္နဲ႔ ဆံုးျဖတ္ႏုိင္စြမ္း တနည္းအားျဖင့္ ဆင္ျခင္သံုးသပ္ႏုိင္စြမ္း ေလ်ာ့နည္းတာကုိ ဆုိလုိတာပါ။ ကိစၥတခု ေပၚလာရင္ အေျခခံက်က် စဥ္းစားသံုးသပ္ႏုိင္စြမ္းနည္းၿပီး ကုိယ့္စိတ္ထဲက ရုတ္တရက္ ေပၚလာတဲ့အတုိင္းပဲ ဆံုးျဖတ္လုိက္တာ မ်ားပါတယ္။ အဲဒါအခ်က္ေတြနဲ႔ ဒီေန႔ေခတ္ ေဖ့ဘုတ္နဲ႔ ေပါင္းစပ္လုိက္တဲ့ အခါမွာ ကေလးသူခုိး ကိစၥ မွားယြင္းမႈေတြလုိ စိတ္မခ်မ္းသာစရာေတြ ျဖစ္ကုန္ေတာ့တာပါပဲ။

အခုလည္း ရွမ္းျပည္နယ္၊ ဖယ္ခံုၿမဳိ႕နယ္မွာ ၾကြက္ေတြ ေပါလြန္းလို႔ ေျမြေတြ လႊတ္တဲ့အေပၚ ဟာသလုိလုိ လုပ္ေနၾကပါတယ္။ ဒီလုိလုပ္ေနၾကတာဟာ အစာကြင္းဆက္ဆုိတဲ့ သေဘာတရားကုိ မသိၾကလုိ႔ ျဖစ္ပါတယ္။ အဲဒီသေဘာတရားကလည္း ခက္ခက္ခဲခဲ မဟုတ္ပါဘူး။ မူလတန္းနဲ႔ အလယ္တန္း သိပၸံသင္ခန္းစာေတြမွာ ပါဝင္ခဲ့ၿပီး ျဖစ္ပါတယ္။ ၿပီးေတာ့ ေရွးလူႀကီးေတြ အစဥ္အဆက္ ေျပာခဲ့တဲ့ စကားေတြမွာလည္း ပါဝင္ၿပီး ျဖစ္ပါတယ္။ အဲဒီလုိ အသိအျမင္နဲ႔ ဆင္ျခင္ သံုးသပ္ႏုိင္စြမ္းေတြ ေလ်ာ့နည္းၿပီး ဘာျဖစ္ျဖစ္ ဟာသ လုပ္ပစ္မယ္ဆုိရင္ ကၽြန္ေတာ္တုိ႔ ႏုိင္ငံႀကီးဟာလည္း ဟာသ ႏုိင္ငံႀကီး ျဖစ္သြားပါလိမ့္မယ္။

ရုပ္ရွင္မင္းသားႀကီး ေက်ာ္ဟိန္းရဲ႕ ေအာင္ျမင္ေက်ာ္ၾကားခဲ့တဲ့ “ပန္းၿမဳိင္လယ္က ဥယ်ာဥ္မွဴး” ရုပ္ရွင္ဇာတ္ကားထဲက ဘီအီးဒီေအာင္သုိက္ေျပာတဲ့ “ေရခပ္ေနာက္က်တာထက္ အေတြးအေခၚ ေနာက္က်တာက ပုိဆုိးတယ္” ဆုိတဲ့ စကားထဲကလုိ အေတြးအေခၚ အသိအျမင္ေတြ ေနာက္မက်မွသာ ကၽြန္ေတာ္တုိ႔ ျမန္မာႏုိင္ငံႀကီး ဖြံ႕ၿဖဳိးတုိးတက္လာမွာ ျဖစ္ပါတယ္။ ဖယ္ခံုၿမဳိ႕နယ္မွာ ေျမြေတြ လႊတ္တဲ့အေၾကာင္းကုိ တတ္သိနားလည္တဲ့ ပညာရွင္တဦးရဲ႕ ေရးသားမႈကုိ ေအာက္မွာ ေဖာ္ျပလုိက္ပါတယ္-

“သစ္ေတာက လင္းေျမႊေတြလႊတ္တယ္ဆိုတာကို ရယ္စရာလို႕ ထင္ေနၾကတယ္။ လယ္ထဲက ႂကြက္ႏွိမ္နင္းဖို႔ ေႁမြထက္ေကာင္းတာ ဘာမွမရွိဘူး။ အဲဒီေႁမြေတြကလဲ အဆိပ္ထုတ္ပီးသား ေႁမြေတြ။ အဆိပ္ရွိေႁမြေတြက အဆိပ္ထုတ္ပီး ေႁမြဆိပ္ေျဖေဆးထုတ္ဖို႔ အင္းစိန္စက္႐ုံကို ပို႔ပါတယ္။ ဘာမွ ျပသနာမရွိပါဘူး။

ေဒသတခုမွာ ေရလႊမ္းမိုးမႈ ႀကဳံရပီဆို အဲေဒသက ေႁမြတြင္းေတြ ေရဝင္ပီး ေႁမြေတြ ေသကုန္တယ္။ အဲလိုအခ်ိန္ဆို ႂကြက္ေတြ ေသာင္းက်န္းပီပဲ။ ေႁမြမရွိရင္ ႂကြက္ကို သတ္မယ့္သူမရွိ။ Food Chain ပ်က္သြားတာေပါ့။ ႂကြက္ေတြက သီးႏွံေတြကို ဖ်က္ဆီးပါတယ္။ သတ္ရခက္လို႔ ထိုင္ၾကည့္ေန႐ုံပဲ တတ္ႏိုင္ပါတယ္။

အနီးစပ္ဆုံး လြန္ခဲ့တဲ့ႏွစ္ေတြက ပဲခူးတိုင္း ဒိုက္ဦးမွာ ေရလႊမ္းေတာ့ ေႁမြေတြ ေသကုန္လို႔ လယ္သမားေတြ အေတာ္ဒုကၡေရာက္တယ္။ ပဲခူး႐ိုးမေပၚက ႂကြက္အုပ္ႀကီးေတြ ဆင္းလာပီး လယ္ဧကအေတာ္မ်ားမ်ားကို ဖ်က္ဆီးသြားလို႔ အစိုးရကပါ Team တခု လႊတ္ပီး ႂကြက္ရွင္းလင္းေရး အႀကီးအက်ယ္လုပ္ခဲ့ရတယ္။ တခ်ိဳ႕လယ္ေတြဆို ႂကြက္မ်ားလြန္းလို႔ မီးပါရႈိ႕ပစ္လိုက္ရတယ္။ သီးႏွံေတြရယ္ ေႁမြရယ္ ႂကြက္ရယ္ဆိုတာက သဘာဝအတိုင္း တည္ရွိေနတဲ့ ေဂဟစနစ္ပါပဲ။ ဒါကို ဖ်က္ဆီးလို႔ မရပါဘူး။ ပိုးသတ္ေဆးထက္ ဒီနည္းက အႏၲရာယ္ကင္းပီး အက်ိဳးရွိေစပါတယ္။ စာမတတ္ ေပမတတ္ မီဒီယာေတြေၾကာင့္ အမ်ားညီ ဤကို ကြၽဲမဖတ္ၾကေစဖို႔ပါ။”

Credit- Blacker

Unicode

ကျွန်တော် တို့ မြန်မာနိုင်ငံသားတွေရဲ့ ၇၀ ရာခိုင်နှုန်းဟာ အသိအမြင်တွေ နောက်ကျနေကြပါတယ်။ အသိအမြင်နောက်ကျတယ်ဆိုတဲ့ နေရာမှာ အတန်းပညာတွေ အများကြီး တတ်တာ မတတ်တာကို ပြောတာ မဟုတ်ဘူး။ ကိစ္စရပ်တခုကို မှန်လား မှားလားဆိုတာကို မိမိဦးနှောက်နဲ့ ဆုံးဖြတ်နိုင်စွမ်း တနည်းအားဖြင့် ဆင်ခြင်သုံးသပ်နိုင်စွမ်း လျော့နည်းတာကို ဆိုလိုတာပါ။ ကိစ္စတခု ပေါ်လာရင် အခြေခံကျကျ စဉ်းစားသုံးသပ်နိုင်စွမ်းနည်းပြီး ကိုယ့်စိတ်ထဲက ရုတ်တရက် ပေါ်လာတဲ့အတိုင်းပဲ ဆုံးဖြတ်လိုက်တာ များပါတယ်။ အဲဒါအချက်တွေနဲ့ ဒီနေ့ခေတ် ဖေ့ဘုတ်နဲ့ ပေါင်းစပ်လိုက်တဲ့ အခါမှာ ကလေးသူခိုး ကိစ္စ မှားယွင်းမှုတွေလို စိတ်မချမ်းသာစရာတွေ ဖြစ်ကုန်တော့တာပါပဲ။

အခုလည်း ရှမ်းပြည်နယ်၊ ဖယ်ခုံမြို့နယ်မှာ ကြွက်တွေ ပေါလွန်းလို့ မြွေတွေ လွှတ်တဲ့အပေါ် ဟာသလိုလို လုပ်နေကြပါတယ်။ ဒီလိုလုပ်နေကြတာဟာ အစာကွင်းဆက်ဆိုတဲ့ သဘောတရားကို မသိကြလို့ ဖြစ်ပါတယ်။ အဲဒီသဘောတရားကလည်း ခက်ခက်ခဲခဲ မဟုတ်ပါဘူး။ မူလတန်းနဲ့ အလယ်တန်း သိပ္ပံသင်ခန်းစာတွေမှာ ပါဝင်ခဲ့ပြီး ဖြစ်ပါတယ်။ ပြီးတော့ ရှေးလူကြီးတွေ အစဉ်အဆက် ပြောခဲ့တဲ့ စကားတွေမှာလည်း ပါဝင်ပြီး ဖြစ်ပါတယ်။ အဲဒီလို အသိအမြင်နဲ့ ဆင်ခြင် သုံးသပ်နိုင်စွမ်းတွေ လျော့နည်းပြီး ဘာဖြစ်ဖြစ် ဟာသ လုပ်ပစ်မယ်ဆိုရင် ကျွန်တော်တို့ နိုင်ငံကြီးဟာလည်း ဟာသ နိုင်ငံကြီး ဖြစ်သွားပါလိမ့်မယ်။

ရုပ်ရှင်မင်းသားကြီး ကျော်ဟိန်းရဲ့ အောင်မြင်ကျော်ကြားခဲ့တဲ့ “ပန်းမြိုင်လယ်က ဥယျာဉ်မှူး” ရုပ်ရှင်ဇာတ်ကားထဲက ဘီအီးဒီအောင်သိုက်ပြောတဲ့ “ရေခပ်နောက်ကျတာထက် အတွေးအခေါ် နောက်ကျတာက ပိုဆိုးတယ်” ဆိုတဲ့ စကားထဲကလို အတွေးအခေါ် အသိအမြင်တွေ နောက်မကျမှသာ ကျွန်တော်တို့ မြန်မာနိုင်ငံကြီး ဖွံ့ဖြိုးတိုးတက်လာမှာ ဖြစ်ပါတယ်။ ဖယ်ခုံမြို့နယ်မှာ မြွေတွေ လွှတ်တဲ့အကြောင်းကို တတ်သိနားလည်တဲ့ ပညာရှင်တဦးရဲ့ ရေးသားမှုကို အောက်မှာ ဖော်ပြလိုက်ပါတယ်-

“သစ်တောက လင်းမြွှေတွေလွှတ်တယ်ဆိုတာကို ရယ်စရာလို့ ထင်နေကြတယ်။ လယ်ထဲက ကြွက်နှိမ်နင်းဖို့ မြွေထက်ကောင်းတာ ဘာမှမရှိဘူး။ အဲဒီမြွေတွေကလဲ အဆိပ်ထုတ်ပီးသား မြွေတွေ။ အဆိပ်ရှိမြွေတွေက အဆိပ်ထုတ်ပီး မြွေဆိပ်ဖြေဆေးထုတ်ဖို့ အင်းစိန်စက်ရုံကို ပို့ပါတယ်။ ဘာမှ ပြသနာမရှိပါဘူး။

ဒေသတခုမှာ ရေလွှမ်းမိုးမှု ကြုံရပီဆို အဲဒေသက မြွေတွင်းတွေ ရေဝင်ပီး မြွေတွေ သေကုန်တယ်။ အဲလိုအချိန်ဆို ကြွက်တွေ သောင်းကျန်းပီပဲ။ မြွေမရှိရင် ကြွက်ကို သတ်မယ့်သူမရှိ။ Food Chain ပျက်သွားတာပေါ့။ ကြွက်တွေက သီးနှံတွေကို ဖျက်ဆီးပါတယ်။ သတ်ရခက်လို့ ထိုင်ကြည့်နေရုံပဲ တတ်နိုင်ပါတယ်။

အနီးစပ်ဆုံး လွန်ခဲ့တဲ့နှစ်တွေက ပဲခူးတိုင်း ဒိုက်ဦးမှာ ရေလွှမ်းတော့ မြွေတွေ သေကုန်လို့ လယ်သမားတွေ အတော်ဒုက္ခရောက်တယ်။ ပဲခူးရိုးမပေါ်က ကြွက်အုပ်ကြီးတွေ ဆင်းလာပီး လယ်ဧကအတော်များများကို ဖျက်ဆီးသွားလို့ အစိုးရကပါ Team တခု လွှတ်ပီး ကြွက်ရှင်းလင်းရေး အကြီးအကျယ်လုပ်ခဲ့ရတယ်။ တချို့လယ်တွေဆို ကြွက်များလွန်းလို့ မီးပါရှို့ပစ်လိုက်ရတယ်။ သီးနှံတွေရယ် မြွေရယ် ကြွက်ရယ်ဆိုတာက သဘာဝအတိုင်း တည်ရှိနေတဲ့ ဂေဟစနစ်ပါပဲ။ ဒါကို ဖျက်ဆီးလို့ မရပါဘူး။ ပိုးသတ်ဆေးထက် ဒီနည်းက အန္တရာယ်ကင်းပီး အကျိုးရှိစေပါတယ်။ စာမတတ် ပေမတတ် မီဒီယာတွေကြောင့် အများညီ ဤကို ကျွဲမဖတ်ကြစေဖို့ပါ။”

Credit- Blacker