ပြင့္နဒီေ မာင္က ေအးျမျဖဴကို သိေစခ်င္လို႔ အမွန္တရားကိုထုတ္ေျပာတာပါလို႔ဆို

တိုက္ခိုက္ေျပာဆိုခဲ့တာေတြက သူမ မဟုတ္ဘူးလို႔ ဆိုပါတယ္။

ပြင့္နဒီေမာင္ကေတာ့ ေအးျမျဖဴ နဲ႔ ပတ္သက္ၿပီး သူမ မလုပ္ခဲ့တဲ့ အမွန္တရားတစ္ခုကို အင္တာဗ်ဴးေတြမွာ ေျဖရွင္းလာတာေတြ႕ရပါတယ္။ ေအးျမျဖဴနဲ႔ ေအးျမျဖဴရဲ႕ ပရိသတ္ေတြကို သိေစခ်င္တယ္လို႔ ဆိုပါတယ္။

သ႐ုပ္ေဆာင္ပြင့္နဒီေမာင္ကေတာ့ ေအးျမျဖဴကို ေဝဖန္တိုက္ခိုက္ထားတဲ့ “ပြင့္နဒီေမာင္” ေဖ့စ္ဘြတ္အေကာင့္ဟာ သူမရဲ႕ ကိုယ္ပိုင္အေကာင့္အ စစ္မဟုတ္တဲ့အေၾကာင္းေျပာျပလာပါတယ္။ ဒီကိစၥအေပၚ အမွန္တရားကို သိေစခ်င္တယ္လို႔ အင္တာဗ်ဴးေတြမွာ ေျဖဆိုခဲ့ပါတယ္။

“ေအးျမျဖဴကို ၾကည့္လည္း ၾကည့္မရဘူးေျပာလို႔ လာေျပာတဲ့သူေတြကို တရားစြဲမယ္ ဆိုၿပီးေတာ့ Profile က အနီေရာင္ေလးနဲ႔ နာမည္က Pwint Nadi Maung ဆိုၿပီးေတာ့ အေကာင့္တုက တင္ထားတဲ့ Post ကို သတင္းမီဒီယာ အတုေတြ၊ အေယာင္ေဆာင္ မီဒီယာေတြက သတင္းအျဖစ္ ျပန္ယူၿပီးေတာ့ Caption အမ်ိဳးမ်ိဳးေရးရင္းနဲ႔ ပ်ံ႕သြားတယ္။ အစ္မကေတာ့ အမွန္တရားတစ္ခုကို သိေစခ်င္လို႔ ညီမေလး ေအးျမျဖဴကိုေရာ၊ ေအးျမျဖဴကို ခ်စ္တဲ့ ပရိသတ္ေတြေရာ သိေစခ်င္လို႔ အခုလို ရွင္းျပတာပါ” လို႔ ဆိုပါတယ္။

ပြင့္နဒီေမာင္ရဲ႕ အေကာင့္အတုကေန တင္လိုက္တဲ့ စာသားအေပၚ သတင္းမီဒီယာ တခ်ိဳ႕ကလည္း သတင္းလုပ္ေရးခဲ့ၾကတာကို ေတြ႕ရပါတယ္။ ဒီသတင္းကိုေတာ့ Aye Mya Phyu Facebook Page မွာ ျပန္လည္ Sharing လုပ္ထားတဲ့ အေပၚမွာ ပြင့္နဒီေမာင္ ကိုယ္တိုင္က စိတ္မေကာင္းျဖစ္ရပါတယ္တဲ့။

“အစ္မဆိုလည္း ေအးျမျဖဴေနရာမွာေနၾကည့္ရင္ ခံစားရမွာပဲေလ။ အစ္မကိုယ္တိုင္မလုပ္ထားဘူး၊ အေကာင့္တုကေန လုပ္တာျဖစ္တဲ့အတြက္ သူျဖစ္ေနတဲ့ ခံစားခ်က္ေလးအေပၚ တစ္ဖက္တစ္လမ္း ကေနၿပီးေတာ့ ရွင္းျပသင့္တယ္ထင္လို႔ ရွင္းျပေပးတာပါ။ Myanmar idol ၿပိဳင္ပြဲတုန္းကလည္း ၿပိဳင္ပြဲဝင္ေတြ အကုန္လုံးကို သေဘာက်ပါတယ္။

ဒါေပမယ့္ Voting ထည့္ရတာဆိုေတာ့ အစ္မက Esther ကိုႀကိဳက္တဲ့အတြက္ Esther ကို Voting ထည့္ပါတယ္” ဆိုၿပီးေတာ့ ဇန္နဝါရီလ ၂၀ ရက္ေန႔က “ျမက္ႏု” ႐ုပ္ရွင္ကားႀကီး အထူးျပပြဲကို တက္ေရာက္ရင္း ေျဖဆိုခဲ့ပါတယ္။

ပြင့္နဒီေမာင္ကေတာ့ တစ္ေခတ္တခါက ေအာင္ျမင္ေက်ာ္ၾကားခဲ့တဲ့ မင္းသမီးေခ်ာ တစ္ေယာက္ဆိုရင္ မမွားပါဘူး။ သူမကိုေတာ့ Music Video ေတြမွာ အၿမဲတမ္း ေတြ႕ရတတ္ပါတယ္။

ပြင့္နဒီေမာင္ဟာ TV ေၾကာ္ျငာေတြလည္း႐ိုက္ခဲ့သူျဖစ္သလို ႐ုပ္ရွင္ဇာတ္ကားႀကီးေတြ လည္း ႐ိုက္ကူးခဲ့တာ ေတြ႕ရပါတယ္။ သူမရဲ႕ အႏုပညာသက္တမ္းကေတာ့ ႏွစ္ေပါင္း ၃၀ နီးပါးရွိပါၿပီ။ အခုခ်ိန္ထိလည္း အႏုပညာအလုပ္ေတြ လုပ္ေနတဲ့သူျဖစ္ပါတယ္။

Unicode

ပွင့်နဒီေ မာင်က အေးမြဖြူကို သိစေချင်လို့ အမှန်တရားကိုထုတ်ပြောတာပါလို့ဆို

တိုက်ခိုက်ပြောဆိုခဲ့တာတွေက သူမ မဟုတ်ဘူးလို့ ဆိုပါတယ်။

ပွင့်နဒီမောင်ကတော့ အေးမြဖြူ နဲ့ ပတ်သက်ပြီး သူမ မလုပ်ခဲ့တဲ့ အမှန်တရားတစ်ခုကို အင်တာဗျူးတွေမှာ ဖြေရှင်းလာတာတွေ့ရပါတယ်။ အေးမြဖြူနဲ့ အေးမြဖြူရဲ့ ပရိသတ်တွေကို သိစေချင်တယ်လို့ ဆိုပါတယ်။

သရုပ်ဆောင်ပွင့်နဒီမောင်ကတော့ အေးမြဖြူကို ဝေဖန်တိုက်ခိုက်ထားတဲ့ “ပွင့်နဒီမောင်” ဖေ့စ်ဘွတ်အကောင့်ဟာ သူမရဲ့ ကိုယ်ပိုင်အကောင့်အ စစ်မဟုတ်တဲ့အကြောင်းပြောပြလာပါတယ်။ ဒီကိစ္စအပေါ် အမှန်တရားကို သိစေချင်တယ်လို့ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

“အေးမြဖြူကို ကြည့်လည်း ကြည့်မရဘူးပြောလို့ လာပြောတဲ့သူတွေကို တရားစွဲမယ် ဆိုပြီးတော့ Profile က အနီရောင်လေးနဲ့ နာမည်က Pwint Nadi Maung ဆိုပြီးတော့ အကောင့်တုက တင်ထားတဲ့ Post ကို သတင်းမီဒီယာ အတုတွေ၊ အယောင်ဆောင် မီဒီယာတွေက သတင်းအဖြစ် ပြန်ယူပြီးတော့ Caption အမျိုးမျိုးရေးရင်းနဲ့ ပျံ့သွားတယ်။ အစ်မကတော့ အမှန်တရားတစ်ခုကို သိစေချင်လို့ ညီမလေး အေးမြဖြူကိုရော၊ အေးမြဖြူကို ချစ်တဲ့ ပရိသတ်တွေရော သိစေချင်လို့ အခုလို ရှင်းပြတာပါ” လို့ ဆိုပါတယ်။

ပွင့်နဒီမောင်ရဲ့ အကောင့်အတုကနေ တင်လိုက်တဲ့ စာသားအပေါ် သတင်းမီဒီယာ တချို့ကလည်း သတင်းလုပ်ရေးခဲ့ကြတာကို တွေ့ရပါတယ်။ ဒီသတင်းကိုတော့ Aye Mya Phyu Facebook Page မှာ ပြန်လည် Sharing လုပ်ထားတဲ့ အပေါ်မှာ ပွင့်နဒီမောင် ကိုယ်တိုင်က စိတ်မကောင်းဖြစ်ရပါတယ်တဲ့။

“အစ်မဆိုလည်း အေးမြဖြူနေရာမှာနေကြည့်ရင် ခံစားရမှာပဲလေ။ အစ်မကိုယ်တိုင်မလုပ်ထားဘူး၊ အကောင့်တုကနေ လုပ်တာဖြစ်တဲ့အတွက် သူဖြစ်နေတဲ့ ခံစားချက်လေးအပေါ် တစ်ဖက်တစ်လမ်း ကနေပြီးတော့ ရှင်းပြသင့်တယ်ထင်လို့ ရှင်းပြပေးတာပါ။ Myanmar idol ပြိုင်ပွဲတုန်းကလည်း ပြိုင်ပွဲဝင်တွေ အကုန်လုံးကို သဘောကျပါတယ်။

ဒါပေမယ့် Voting ထည့်ရတာဆိုတော့ အစ်မက Esther ကိုကြိုက်တဲ့အတွက် Esther ကို Voting ထည့်ပါတယ်” ဆိုပြီးတော့ ဇန်နဝါရီလ ၂၀ ရက်နေ့က “မြက်နု” ရုပ်ရှင်ကားကြီး အထူးပြပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့ပါတယ်။

ပွင့်နဒီမောင်ကတော့ တစ်ခေတ်တခါက အောင်မြင်ကျော်ကြားခဲ့တဲ့ မင်းသမီးချော တစ်ယောက်ဆိုရင် မမှားပါဘူး။ သူမကိုတော့ Music Video တွေမှာ အမြဲတမ်း တွေ့ရတတ်ပါတယ်။

ပွင့်နဒီမောင်ဟာ TV ကြော်ငြာတွေလည်းရိုက်ခဲ့သူဖြစ်သလို ရုပ်ရှင်ဇာတ်ကားကြီးတွေ လည်း ရိုက်ကူးခဲ့တာ တွေ့ရပါတယ်။ သူမရဲ့ အနုပညာသက်တမ်းကတော့ နှစ်ပေါင်း ၃၀ နီးပါးရှိပါပြီ။ အခုချိန်ထိလည်း အနုပညာအလုပ်တွေ လုပ်နေတဲ့သူဖြစ်ပါတယ်။