Moekalay
Source;kyaw phyo tun
Unicode
လ တ်တလော မြန်မာနိုင်ငံရဲ့ ပရိသတ်တွေထဲမှာ အမျိုးသမီးထုကြီး ရဲ့ အားကျခြင်းခံနေရတဲ့ သူတွေဖြစ်ကြတဲ့ သရုပ်ဆောင် ဇဏ်ခီ၊ အဆိုတော် နေဝင်း ၊ လတ်ရှိနာမည်ကြီးနေတဲ့ မြောက်ကိုးရီးယား ဗိုလ်ကြီး၊ပြည့်ဖြိုးတေဇ နဲ့ အကယ်ဒမီလွင်မိုး တို့ကို ပရိသတ်ကြီး သိလောက်မယ် ထင်ပါတယ်။
သူတို့ချစ်ရတဲ့ မိန်းကလေးတွေကို အမျိုးသမီးထုကြီး အားကျလောက်အောင် ရိုမန့်တစ်ဆန်ဆန် တန်ဖိုးထား ချစ်တာကြောင့်လက်ရှိနာမည်ကြီးနေတာပဲ ဖြစ်ပါတယ်။ဒီတစ်ခါမှာတော့ အဆိုတော် အာဘွိုင်းက အမျိုးသမီးထုကြီး အားကျပြီး လက်ရှိနာမည်ကြီးနေတဲ့ သူတွေနဲ့ ပတ်သက်ပြီး ယောကျာ်းထုကြီး ကိုယ်စား အရွန်းဖောက်ထားတဲ့ အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။
လက်ရှိ မြန်မာနိုင်ငံမှ အမျိုးသမီးတွေ အားကျနေရတဲ့ သရုပ်ဆောင် ဇဏ်ခီ ဟာဆိုရင် သူရဲ့ ဇနီး ကို တန်ဖိုးထားပြီး ချစ်တတ်တာကြောင့် နာမည်ကြီးနေတာဖြစ်ပြီး ၊
အဆိုတော် နေဝင်း ဟာဆိုရင် လည်း သူ့ရဲ့ ချစ်သူလေးကို ပရိသတ်တွေရှေ့မှာ လက်ထပ်ခွင့်တောင်းခဲ့တာကြောင့် နာမည်ကြီးနေသူပါ။
မြောက်ကိုးရီးယားဗိုလ်ကြီးဇာတ်လမ်းတွဲ ကိုတော့ ပရိသတ်တွေ သိလောက်မယ် ထင်ပါတယ်။လတ်တလော လူမှုကွန်ယက်မှာ မင်္ဂလာပွဲအပြင်အဆင် ပန်းများ အတွက် သိန်းပေါင်း ၅၀၀၀ ဖိုး အကုန်ကျခံပြီး ခမ်းနားကြီးကျယ်တဲ့ မင်္ဂလာပွဲကို
ကျင်းပခဲ့တဲ့ ပြည့်ဖြိုးတေဇ နဲ့ ချစ်ဇနီးလေး ရဲ့ ခောင်းစည်းကွင်းလေးကို သူ့ရဲ့လက်မှာ ဝတ်ထားလို့ နာမည်ကြီးနေသူ က သရုပ်ဆောင် အကယ်ဒမီ လွင်မိုး ပဲဖြစ်ပါတယ်။
လက်ရှိနာမည်ကြီးနေတဲ့ ၅ ယောက်ကသာ သစ္စာအရှိဆုံးနဲ့ ချစ်သူမိန်းကလေးကို တန်ဖိုးအထားဆုံး လို့ အမျိုးသမီးတွေရဲ့ထင်မြင်ချက်ကို အဆိုတော် အာဘွိုင်း က ယောကျာ်းထုကြီး ကိုယ်စား ခုလိုပြောထားပါတယ်။”
ပြည်ထောင်စုသမ္မတဇဏ်ခီနေဝင်းပြည့်ဖြိုးတေဇဗိုလ်ကြီး_လွင်မိုးနိုင်ငံတော် ငါနဲ့ကျန်ရှိသောယောင်္ကျားထုကြီးသည်ဗီလိန်များသာ “လို့ ပြောထားပါတယ်။
လက်ရှိလူမှုကွန်ယက်မှာ နာမည်ကြီးနေတဲ့ အကြောင်းအရာနဲ့ ပတ်သက်ပြီး အဆိုတော် အာဘွိုင် အရွန်းဖောက်ထားတဲ့ အကြောင်းကို ပရိသတ်တွေ သိရလောက်ပြီထင်ပါတယ်။ ကြည့်ရှုပေးကြတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။
Moekalay
Source;kyaw phyo tun