႐ုံးေ ရွ႕မွာ အသီးလာေရာင္းလို႔ဆိုၿပီးေတာ့ စည္ပင္ဝန္ထမ္းေတြက ဖမ္းဆီးကာ ေဈးေရာင္းသူရဲ့ ဗန္းထဲက လိေမၼာ္သီးေတြကို ေဈးသည္အဖိုးေရွ႕မွာပဲ ရဲဒင္းနဲ႔ ဖ်က္ဆီးခဲ့တဲ့အျပင္ ေဈးေရာင္းတဲ့ ဗန္းကိုပါ ဖ်က္ဆီးခဲ့တဲ့ စည္ပင္ဝန္ထမ္းေတြရဲ့ ႐ုပ္သံကေတာ့
ၾကည့္ရႈသူေတြကို ေအာ့ႏွလုံးနာစရာျဖစ္ေစပါတယ္။

လူလူခ်င္းအတူတူ ျပည္သူဝန္ထမ္းဆိုတာ ျပည္သူေတြရဲ့ အခြန္နဲ႔ လစာစားသူေတြပါဒီေလာက္အထိ လုပ္ဖို႔ မလိုအပ္ဘူးလို႔ အားလုံးက ယုံၾကည္ေနၾကပါတယ္။ အထူးသျဖင့္ ေဈးသည္ကို ဖမ္းဆီးၿပီး ေနာင္ဒီေနရာမွာ ေဈးမေရာင္းဖို႔ သတိေပးခံဝန္
ထိုးခိုင္းတာေလာက္နဲ႔ လုံေလာက္တာကို အခုလို လုပ္တဲ့အတြက္ေတာ့ အေတာ္ေလး႐ုပ္ပ်က္လွပါတယ္။

ဒီအတြက္ ၾကည့္ျမင္သူေတြဟာ စိတ္မေကာင္းျဖစ္လြန္းလို႔ ေဈးသည္အဖိုးရွိရာကို သြားေရာက္လႉဒါန္းၾကတယ္လို႔ သိရပါတယ္။ ဟိုေရာက္မွသိလိုက္တာက အဖိုးမွာ မသန္စြမ္း သမီးေလးရွိၿပီး ဒီသမီးေလး ေဆးဖိုးအတြက္ မိသားစုအတြက္ အသက္ႀကီး
ေပမယ့္ ရွာေနရတာကို သိလိုက္ရလို႔ သြားေရာက္တဲ့ အလႉရွင္ေတြ အားလုံးမ်က္ရည္ၾကခဲ့ရပါတယ္။

အခုေတာ့ လူငယ္ေတြေရာ ၊ အႏုပညာရွင္ေတြပါ သြားေရာက္လႉဒါန္းၾကလို႔ အဖိုးလည္း ပီတိမ်က္ရည္ေတြ ေဝခဲ့တယ္လို႔ သိရပါတယ္။ အခုလို အားနည္းသူကို ေဖးကူေပးၾကတဲ့ အလႉရွင္ေတြအားလုံးကို ဒီက သာဓု ေခၚဆိုအပ္ပါတယ္။

Writer – SMT( Shwe Yaung Lan)

Unicode

ရုံးေ ရှ့မှာ အသီးလာရောင်းလို့ဆိုပြီးတော့ စည်ပင်ဝန်ထမ်းတွေက ဖမ်းဆီးကာ ဈေးရောင်းသူရဲ့ ဗန်းထဲက လိမ္မော်သီးတွေကို ဈေးသည်အဖိုးရှေ့မှာပဲ ရဲဒင်းနဲ့ ဖျက်ဆီးခဲ့တဲ့အပြင် ဈေးရောင်းတဲ့ ဗန်းကိုပါ ဖျက်ဆီးခဲ့တဲ့ စည်ပင်ဝန်ထမ်းတွေရဲ့ ရုပ်သံကတော့
ကြည့်ရှုသူတွေကို အော့နှလုံးနာစရာဖြစ်စေပါတယ်။

လူလူချင်းအတူတူ ပြည်သူဝန်ထမ်းဆိုတာ ပြည်သူတွေရဲ့ အခွန်နဲ့ လစာစားသူတွေပါဒီလောက်အထိ လုပ်ဖို့ မလိုအပ်ဘူးလို့ အားလုံးက ယုံကြည်နေကြပါတယ်။ အထူးသဖြင့် ဈေးသည်ကို ဖမ်းဆီးပြီး နောင်ဒီနေရာမှာ ဈေးမရောင်းဖို့ သတိပေးခံဝန်
ထိုးခိုင်းတာလောက်နဲ့ လုံလောက်တာကို အခုလို လုပ်တဲ့အတွက်တော့ အတော်လေးရုပ်ပျက်လှပါတယ်။

ဒီအတွက် ကြည့်မြင်သူတွေဟာ စိတ်မကောင်းဖြစ်လွန်းလို့ ဈေးသည်အဖိုးရှိရာကို သွားရောက်လှူဒါန်းကြတယ်လို့ သိရပါတယ်။ ဟိုရောက်မှသိလိုက်တာက အဖိုးမှာ မသန်စွမ်း သမီးလေးရှိပြီး ဒီသမီးလေး ဆေးဖိုးအတွက် မိသားစုအတွက် အသက်ကြီး
ပေမယ့် ရှာနေရတာကို သိလိုက်ရလို့ သွားရောက်တဲ့ အလှူရှင်တွေ အားလုံးမျက်ရည်ကြခဲ့ရပါတယ်။

အခုတော့ လူငယ်တွေရော ၊ အနုပညာရှင်တွေပါ သွားရောက်လှူဒါန်းကြလို့ အဖိုးလည်း ပီတိမျက်ရည်တွေ ဝေခဲ့တယ်လို့ သိရပါတယ်။ အခုလို အားနည်းသူကို ဖေးကူပေးကြတဲ့ အလှူရှင်တွေအားလုံးကို ဒီက သာဓု ခေါ်ဆိုအပ်ပါတယ်။

Writer – SMT( Shwe Yaung Lan)