ကေ လးငယ္ေတြတိုင္းကေတာ့ ေက်ာင္းကေနအိမ္ကိုျပန္ေရာက္လာရင္ ကိုယ္ပိုင္အခ်ိန္ေလးရၿပီး ေပ်ာ္ခ်င္ ၊ ေဆာ့ကစားခ်င္ၾကတာ သဘာဝပါပဲေလ ။ သို႔ေပမဲ့လည္း တစ္ခ်ိဳ႕ကေလးငယ္ေတြကေတာ့ ေဆာ့ကစားဖို႔မေျပာနဲ႔ အျခားေသာကေလးငယ္ေတြလိုစာသင္ခြင့္မရဘဲ ငယ္ငယ္႐ြယ္႐ြယ္နဲ႔ ေငြရွာေနရတဲ့ကေလးငယ္ေတြလည္း အေတာ္မ်ားမ်ားရွိပါတယ္ ။

ဒီတစ္ေခါက္ေဖာ္ျပမဲ့ မေလးရွားႏိုင္ငံက ကေလးငယ္ဟာလည္း အသက္ 11ႏွစ္အ႐ြယ္သာရွိေသးၿပီး 7 Eleven စတိုးဆိုင္ေရွ႕မွာ အိပ္စက္ေနခဲ့တဲ့အတြက္ ေမးျမန္းၾကည့္လိုက္ခ်ိန္မွာေတာ့ အိမ္ရွိေပမဲ့လည္း ဖခင္ျဖစ္သူေပးထားတဲ့ေရေမႊးေတြအကုန္မေရာင္းႏိုင္လွ်င္ အ႐ိုက္ခံရေသာေၾကာင့္ အိမ္မျပန္ရဲေၾကာင္း ကေလးငယ္ကထြက္ဆိုခဲ့ပါတယ္ ။

ျဖစ္စဥ္ကေတာ့ Mohd Najab အမည္ရွိတဲ့အမ်ိဳးသားဟာ အဆိုပါစတိုးဆိုင္မွာပစၥည္အရွိဝယ္ဖို႔လာရင္းနဲ႔ စတိုးဆိုင္အျပင္ဖက္ ၾကမ္းျပင္ေပၚမွာ အိပ္စက္ေနခဲ့တဲ့ကေလးငယ္ကို ေတြ႕ရွိခဲ့တာပါ ။ ဆိုင္ထဲက ဝန္ထမ္းေတြကလည္း ကေလးငယ္မွာ တစ္ေနကုန္ေရေမႊးေရာင္းရတာ ပင္ပန္းလြန္းေသာေၾကာင့္ အဆိုပါေနရာတြင္ ညတိုင္းလိုလိုလာေရာက္အိပ္စက္ေလ့ရွိေၾကာင္း ေျပာျပခဲ့ပါတယ္ ။

ကေလးငယ္မွာ အိပ္စက္ေနေပမဲ့လည္း မိုး႐ြာၿပီးမၾကာေသး၍ ၾကမ္းျပင္မွာအေတာ္ေလး ေအးစက္ေနပုံလည္းရပါတယ္ ။ ထို႔ေၾကာင့္ Mohd မွာလည္း ကေလးငယ္ကိုႏႈိးလိုက္ၿပီး ပါလာေသာပိုက္ဆံအနည္းငယ္ကိုေပးလိုက္ပါတယ္ ။ သို႔ေပမဲ့လည္း ကေလးငယ္က ပိုက္ဆံကိုမယူႏိုင္ေၾကာင္းျငင္းဆန္ခဲ့ၿပီး သူ႔အားကူညီလိုပါက ေရေမႊးကိုသာ အားေပးဖို႔ေျပာဆိုခဲ့ပါတယ္ ။

ထို႔ေၾကာင့္ Mohd က ေရးေမႊး 1 ပုလင္းအားေပးလိုက္ၿပီး အျခားသူတစ္ဦးကေတာ့ 2ပုလင္း အားေပးလိုက္ပါတယ္ ။ ေမးျမန္းခဲ့ခ်ိန္မွာေတာ့ ကေလးငယ္ဟာ အိမ္ရွိေပမဲ့လည္း မိဘေတြကအိမ္ေထာင္ကြဲသြားခဲ့ၾကလို႔ ဖခင္ႏွင့္အတူေနထိုင္ေနရၿပီး ဖခင္ေရာင္းခိုင္းတဲ့ ပစၥည္းေတြအကုန္မေရာင္းပဲအိမ္ျပန္ပါက ႐ိုက္ႏွက္ႏွိပ္စက္ခံရေလ့ရွိေၾကာင္း ကေလးငယ္ကေျပာျပခဲ့ပါတယ္ ။

အဆိုပါ အျဖစ္အပ်က္ကို Facebook စာမ်က္ႏွာေပၚေဝမွ်ခဲ့ခ်ိန္မွာေတာ့ အျခားေသာကူညီကယ္ဆယ္ေပးတဲ့ ေစတနာဝန္ထမ္းမ်ားႏွင့္ အခ်ိဳ႕ေသာအဖြဲ႕အစည္းမ်ားက ကေလးငယ္ကိုကူညီေပးခဲ့ၾကေၾကာင္းသိရွိရပါတယ္ ။ ထို႔ေၾကာင့္ ကေလးငယ္မွာေနာက္ထပ္ ေဈးမေရာင္းရေတာ့ဖို႔ ေမွ်ာ္လင့္မိပါတယ္ ။

Unicode

ကေ လးငယ်တွေတိုင်းကတော့ ကျောင်းကနေအိမ်ကိုပြန်ရောက်လာရင် ကိုယ်ပိုင်အချိန်လေးရပြီး ပျော်ချင် ၊ ဆော့ကစားချင်ကြတာ သဘာဝပါပဲလေ ။ သို့ပေမဲ့လည်း တစ်ချို့ကလေးငယ်တွေကတော့ ဆော့ကစားဖို့မပြောနဲ့ အခြားသောကလေးငယ်တွေလိုစာသင်ခွင့်မရဘဲ ငယ်ငယ်ရွယ်ရွယ်နဲ့ ငွေရှာနေရတဲ့ကလေးငယ်တွေလည်း အတော်များများရှိပါတယ် ။

ဒီတစ်ခေါက်ဖော်ပြမဲ့ မလေးရှားနိုင်ငံက ကလေးငယ်ဟာလည်း အသက် 11နှစ်အရွယ်သာရှိသေးပြီး 7 Eleven စတိုးဆိုင်ရှေ့မှာ အိပ်စက်နေခဲ့တဲ့အတွက် မေးမြန်းကြည့်လိုက်ချိန်မှာတော့ အိမ်ရှိပေမဲ့လည်း ဖခင်ဖြစ်သူပေးထားတဲ့ရေမွှေးတွေအကုန်မရောင်းနိုင်လျှင် အရိုက်ခံရသောကြောင့် အိမ်မပြန်ရဲကြောင်း ကလေးငယ်ကထွက်ဆိုခဲ့ပါတယ် ။

ဖြစ်စဉ်ကတော့ Mohd Najab အမည်ရှိတဲ့အမျိုးသားဟာ အဆိုပါစတိုးဆိုင်မှာပစ္စည်အရှိဝယ်ဖို့လာရင်းနဲ့ စတိုးဆိုင်အပြင်ဖက် ကြမ်းပြင်ပေါ်မှာ အိပ်စက်နေခဲ့တဲ့ကလေးငယ်ကို တွေ့ရှိခဲ့တာပါ ။ ဆိုင်ထဲက ဝန်ထမ်းတွေကလည်း ကလေးငယ်မှာ တစ်နေကုန်ရေမွှေးရောင်းရတာ ပင်ပန်းလွန်းသောကြောင့် အဆိုပါနေရာတွင် ညတိုင်းလိုလိုလာရောက်အိပ်စက်လေ့ရှိကြောင်း ပြောပြခဲ့ပါတယ် ။

ကလေးငယ်မှာ အိပ်စက်နေပေမဲ့လည်း မိုးရွာပြီးမကြာသေး၍ ကြမ်းပြင်မှာအတော်လေး အေးစက်နေပုံလည်းရပါတယ် ။ ထို့ကြောင့် Mohd မှာလည်း ကလေးငယ်ကိုနှိုးလိုက်ပြီး ပါလာသောပိုက်ဆံအနည်းငယ်ကိုပေးလိုက်ပါတယ် ။ သို့ပေမဲ့လည်း ကလေးငယ်က ပိုက်ဆံကိုမယူနိုင်ကြောင်းငြင်းဆန်ခဲ့ပြီး သူ့အားကူညီလိုပါက ရေမွှေးကိုသာ အားပေးဖို့ပြောဆိုခဲ့ပါတယ် ။

ထို့ကြောင့် Mohd က ရေးမွှေး 1 ပုလင်းအားပေးလိုက်ပြီး အခြားသူတစ်ဦးကတော့ 2ပုလင်း အားပေးလိုက်ပါတယ် ။ မေးမြန်းခဲ့ချိန်မှာတော့ ကလေးငယ်ဟာ အိမ်ရှိပေမဲ့လည်း မိဘတွေကအိမ်ထောင်ကွဲသွားခဲ့ကြလို့ ဖခင်နှင့်အတူနေထိုင်နေရပြီး ဖခင်ရောင်းခိုင်းတဲ့ ပစ္စည်းတွေအကုန်မရောင်းပဲအိမ်ပြန်ပါက ရိုက်နှက်နှိပ်စက်ခံရလေ့ရှိကြောင်း ကလေးငယ်ကပြောပြခဲ့ပါတယ် ။

အဆိုပါ အဖြစ်အပျက်ကို Facebook စာမျက်နှာပေါ်ဝေမျှခဲ့ချိန်မှာတော့ အခြားသောကူညီကယ်ဆယ်ပေးတဲ့ စေတနာဝန်ထမ်းများနှင့် အချို့သောအဖွဲ့အစည်းများက ကလေးငယ်ကိုကူညီပေးခဲ့ကြကြောင်းသိရှိရပါတယ် ။ ထို့ကြောင့် ကလေးငယ်မှာနောက်ထပ် ဈေးမရောင်းရတော့ဖို့ မျှော်လင့်မိပါတယ် ။