Source – Aung Min Naing
Rainbow- Cele Gabar
Unicode
ကိုေ ပါက်ကေ တာ့ ခပ်မိုက်မိုက်သရုပ်ဆောင်ချက်တွေကြောင့် ပရိသတ်ရဲ့အကြိုက်နဲ့ထပ်တူညီခဲ့သူတစ်ယောက်ဖြစ်ခဲ့ပြီး နောက်ပိုင်းမှာတော့ ရုပ်ရှင်တွေကိုကိုယ်တိုင်ဖန်တီးတဲ့ ဒါရိုက်တာတစ်ယောက်အနေနဲ့ရပ်တည်လာခဲ့တာပါ။သူနောက်ဆုံးရိုက်ကူးထားတဲ့ ရိုးမပေါ်ကျတဲ့မျက်ရည် ဇာတ်ကားကြီးဟာဆိုရင်လည်း သူ့ရဲ့လက်ရာတွေထဲက အကောင်းဆုံးတစ်ခုလို့ ဆိုရမှာပါ။
ကိုေ ပါက်ကတော့ (၂၀၂၀)နှစ်သစ်မှာလည်း ပထမဆုံးဇာတ်ကားအနေနဲ့ အိပ်မက်မြစ်ဇာတ်ကားကြီးကို ရိုက်ကူးနေတာလည်းဖြစ်ပါတယ်။မနေ့ညကတော့ ရိုက်ကွင်းတစ်ခုကြောင့် ရဲစခန်းရိုက်ခဲ့ရတဲ့အကြောင်းကို “ပြည်သူကို အထိတ်တလန့်ဖြစ်အောင် ဆူပူမှုတဲ့… ရိုက်ကွင်းမှာ မီးရှူးမီးပန်းဖောက်လို့ နောက်မလုပ်ဖို့ စခန်းခေါ်ပြီးခံဝန်ထိုးရတာ..ည တစ်နာရီခွဲမှ ပြန်ရတယ်” လို့ ရေးသားခဲ့တာကြောင့် သူ့ရဲ့မိတ်ဆွေအပေါင်းအသင်းတွေကတော့ စိုးရိမ်ခဲ့ကြတာဖြစ်ပါတယ်။
ကိုပေါက်ကတော့ မနေ့ညကရဲစခန်းရောက်ခဲ့ရတာနဲ့ပတ်သက်ပြီး “ရဲစခန်းရောက်သွားတဲ့ည .. အခုထိမပြန်ရသေးတဲ့ ည.. ည ဟာ အသက်ရှူမှားနေတယ်” လို့လည်း သူ့ရဲ့ဖေ့ဘွတ်စ်စာမျက်နှာမှာရေးသားခဲ့ပါသေးတယ်။ပရိသတ်ကြီးရေ ကိုပေါက်ကတော့ အရင်ရက်ကပဲ စင်ကာပူခရီးစဉ်မှာ ပတ်စပို့သက်တမ်းမပြည့်တော့လို့ပြန်ခဲ့ရတာဖြစ်ပြီး အခုလည်းရဲစခန်းထပ်ရောက်ခဲ့ပြန်တာပါ။တလွဲတွေဖြစ်နေတဲ့ ကိုပေါက်အတွက် ဆယ်လီကမ္ဘာပရိသတ်ကြီးက အားပေးစကားလေးပြောခဲ့ပါဦးနော်။
Source – Aung Min Naing
Rainbow- Cele Gabar