ဆယ္ လီကမၻာပရိသတ္ႀကီးေရ ငယ္စဥ္ကတည္းက ကေလးသ႐ုပ္ေဆာင္အေနနဲ႔ ပရိသတ္ေတြရဲ့ ခ်စ္ျခင္းေမတၱာကို အျပည့္အဝရရွိထားၿပီး လက္ရွိအခ်ိန္မွာလည္း ေအာင္ျမင္မႈေတြရရွိကာ ကေလးသ႐ုပ္ေဆာင္ဘဝကေန အရြယ္ေရာက္ၿပီး လူႀကီးသ႐ုပ္ေဆာင္ျဖစ္လာတဲ့ အႏုပညာရွင္ေလး (၃)ေယာက္အေၾကာင္းကို ေဖာ္ျပမွာျဖစ္ပါတယ္။ သူတို႔(၃)ေယာက္ကေတာ့

(၁) ယြန္းယြန္း

ယြန္းယြန္းကေတာ့ ငယ္စဥ္ကေလးဘဝကတည္းက သ႐ုပ္ေဆာင္ေကာင္းလြန္းလွတာေၾကာင့္ ပရိသတ္ေတြရဲ့ အားေပးခ်စ္ခင္မႈကို အျပည့္အဝရရွိထားတဲ့ ကေလးသ႐ုပ္ေဆာင္တစ္ေယာက္ပါ။ အႏုပညာမွာ ပါရမီပါတဲ့ သူတစ္ေယာက္လို႔ ဆိုရေလာက္တဲ့ အထိကို သ႐ုပ္ေဆာင္ပီျပင္လြန္းလွၿပီး ျမန္မာနိုင္ငံ႐ုပ္ရွင္ေလာကမွာ ကေလးသ႐ုပ္ေဆာင္အကယ္ဒမီဆုႀကီးကို ရရွိထားတဲ့ တစ္ဦးတည္းေသာ အႏုပညာရွင္တစ္ေယာက္လည္း ျဖစ္ပါတယ္။

(၂) အိစိေကြး

အိစိေကြးကေတာ့ ငယ္စဥ္ကတည္းကသ႐ုပ္ေဆာင္တစ္ေယာက္အေနနဲ႔ အႏုပညာေလာကမွာ ေအာင္ျမင္စြာရပ္တည္ေနၿပီး ဇာတ္ကားတိုင္းမွာ က်ရာဇာတ္႐ုပ္တိုင္းကို ပီျပင္ေအာင္သ႐ုပ္ေဆာင္ထားနိုင္တဲ့ သူတစ္ေယာက္ပါ။လက္ရွိမွာဆိုရင္ေတာ့ အသက္ (၁၉)ႏွစ္အရြယ္အထိကို ေရာက္ရွိေနၿပီျဖစ္ၿပီး သ႐ုပ္ေဆာင္တစ္ေယာက္အေနနဲ႔ ေအာင္ျမင္မႈေတြ ရရွိေနစဲပါ။အခုေနာက္ပိုင္းမွာ သ႐ုပ္ေဆာင္တစ္ေယာက္အျပင္ အဆိုေတာ္တစ္ေယာက္အေနနဲ႔ပါ အႏုပညာအလုပ္ေတြကို ပိုမိုလုပ္ကိုင္ေနတာကိုလည္း ေတြ႕ျမင္ရပါတယ္။

(၃) ေအးျမျဖဴ

ေအးျမျဖဴကေတာ့ ငယ္စဥ္ကတည္းက သီခ်င္းဆိုၿပိဳင္ပြဲေတြကို ပါဝင္ယွဥ္ၿပိဳင္ခဲ့သလို ကေလးသ႐ုပ္ေဆာင္အေနနဲ႔လည္း ႐ုပ္ရွင္ဇာတ္ကားေတြကို ရိုက္ကူးခဲ့ပါေသးတယ္။ေအးျမျဖဴဟာ အခ်ိန္ကာလတစ္ခုတာ ပညာေရးဘက္ကို ဦးစားေပးခဲ့တာေၾကာင့္ အႏုပညာအလုပ္ေတြကို ခဏတာရပ္နားခဲ့ၿပီး ၿပီးခဲ့တဲ့ လအနည္းငယ္ကက်င္းပျပဳလုပ္ခဲ့တဲ့ Myanmar Idol Season (4) ၿပိဳင္ပြဲႀကီးကို ပါဝင္ယွဥ္ၿပိဳင္ခဲ့ရာကေန အႏုပညာေလာကထဲကို ျပန္လည္ဝင္ေရာက္လာခဲ့ပါတယ္။ျပန္လည္ေရာက္ရွိလာခ်ိန္မွာလည္း အဆိုေတာ္တစ္ေယာက္အေနနဲ႔ ပရိသတ္အားေပးမႈကို အျပည့္အဝသိမ္းပိုက္ထားနိုင္ခဲ့ၿပီး လက္ရွိမွာလည္း ႐ုပ္ရွင္ဇာတ္ကားႀကီးေတြကို ပါဝင္ရိုက္ကူးဖို႔ကမ္းလွမ္းခံခဲ့ရၿပီး သ႐ုပ္ေဆာင္တစ္ေယာက္အေနပါ အႏုပညာအလုပ္ေတြကို ႀကိဳးႀကိဳးစားစားလုပ္ကိုင္ေနပါတယ္။

Photo Credit – Yoon Yoon , Eisi Kway, Aye Mya Phyu
Chilli – CeleGabar

Unicode

ဆယ် လီကမ္ဘာပရိသတ်ကြီးရေ ငယ်စဉ်ကတည်းက ကလေးသရုပ်ဆောင်အနေနဲ့ ပရိသတ်တွေရဲ့ ချစ်ခြင်းမေတ္တာကို အပြည့်အဝရရှိထားပြီး လက်ရှိအချိန်မှာလည်း အောင်မြင်မှုတွေရရှိကာ ကလေးသရုပ်ဆောင်ဘဝကနေ အရွယ်ရောက်ပြီး လူကြီးသရုပ်ဆောင်ဖြစ်လာတဲ့ အနုပညာရှင်လေး (၃)ယောက်အကြောင်းကို ဖော်ပြမှာဖြစ်ပါတယ်။ သူတို့(၃)ယောက်ကတော့

(၁) ယွန်းယွန်း

ယွန်းယွန်းကတော့ ငယ်စဉ်ကလေးဘဝကတည်းက သရုပ်ဆောင်ကောင်းလွန်းလှတာကြောင့် ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အပြည့်အဝရရှိထားတဲ့ ကလေးသရုပ်ဆောင်တစ်ယောက်ပါ။ အနုပညာမှာ ပါရမီပါတဲ့ သူတစ်ယောက်လို့ ဆိုရလောက်တဲ့ အထိကို သရုပ်ဆောင်ပီပြင်လွန်းလှပြီး မြန်မာနိုင်ငံရုပ်ရှင်လောကမှာ ကလေးသရုပ်ဆောင်အကယ်ဒမီဆုကြီးကို ရရှိထားတဲ့ တစ်ဦးတည်းသော အနုပညာရှင်တစ်ယောက်လည်း ဖြစ်ပါတယ်။

(၂) အိစိကွေး

အိစိကွေးကတော့ ငယ်စဉ်ကတည်းကသရုပ်ဆောင်တစ်ယောက်အနေနဲ့ အနုပညာလောကမှာ အောင်မြင်စွာရပ်တည်နေပြီး ဇာတ်ကားတိုင်းမှာ ကျရာဇာတ်ရုပ်တိုင်းကို ပီပြင်အောင်သရုပ်ဆောင်ထားနိုင်တဲ့ သူတစ်ယောက်ပါ။လက်ရှိမှာဆိုရင်တော့ အသက် (၁၉)နှစ်အရွယ်အထိကို ရောက်ရှိနေပြီဖြစ်ပြီး သရုပ်ဆောင်တစ်ယောက်အနေနဲ့ အောင်မြင်မှုတွေ ရရှိနေစဲပါ။အခုနောက်ပိုင်းမှာ သရုပ်ဆောင်တစ်ယောက်အပြင် အဆိုတော်တစ်ယောက်အနေနဲ့ပါ အနုပညာအလုပ်တွေကို ပိုမိုလုပ်ကိုင်နေတာကိုလည်း တွေ့မြင်ရပါတယ်။

(၃) အေးမြဖြူ

အေးမြဖြူကတော့ ငယ်စဉ်ကတည်းက သီချင်းဆိုပြိုင်ပွဲတွေကို ပါဝင်ယှဉ်ပြိုင်ခဲ့သလို ကလေးသရုပ်ဆောင်အနေနဲ့လည်း ရုပ်ရှင်ဇာတ်ကားတွေကို ရိုက်ကူးခဲ့ပါသေးတယ်။အေးမြဖြူဟာ အချိန်ကာလတစ်ခုတာ ပညာရေးဘက်ကို ဦးစားပေးခဲ့တာကြောင့် အနုပညာအလုပ်တွေကို ခဏတာရပ်နားခဲ့ပြီး ပြီးခဲ့တဲ့ လအနည်းငယ်ကကျင်းပပြုလုပ်ခဲ့တဲ့ Myanmar Idol Season (4) ပြိုင်ပွဲကြီးကို ပါဝင်ယှဉ်ပြိုင်ခဲ့ရာကနေ အနုပညာလောကထဲကို ပြန်လည်ဝင်ရောက်လာခဲ့ပါတယ်။ပြန်လည်ရောက်ရှိလာချိန်မှာလည်း အဆိုတော်တစ်ယောက်အနေနဲ့ ပရိသတ်အားပေးမှုကို အပြည့်အဝသိမ်းပိုက်ထားနိုင်ခဲ့ပြီး လက်ရှိမှာလည်း ရုပ်ရှင်ဇာတ်ကားကြီးတွေကို ပါဝင်ရိုက်ကူးဖို့ကမ်းလှမ်းခံခဲ့ရပြီး သရုပ်ဆောင်တစ်ယောက်အနေပါ အနုပညာအလုပ်တွေကို ကြိုးကြိုးစားစားလုပ်ကိုင်နေပါတယ်။

Photo Credit – Yoon Yoon , Eisi Kway, Aye Mya Phyu
Chilli – CeleGabar