လု ယက္မႈ၊ဓားခုတ္မႈေတြနဲ႔ ပဲခူးၿမိဳ႕မရဲစခန္းနဲ႔ပဲခူးအမွတ္(၂)နယ္ေၿမ ရဲစခန္းေတြက အလိုရွိေနတဲ့ထြက္ေျပးတိမ္းေရွာင္ေနသူ မင္းထက္သာ(ခ)ဇြဲမာန္ဟိန္းဆိုသူဟာ မေန႔က သနပ္ပင္ၿမိဳ႕၊ေဈးပိုင္းရွိ ၿမိဳ႕ေတာ္ရွင္နတ္ကြန္းအနီးမွာ အမည္မသိသူတစ္ဦးက ခၽြန္ထက္တဲ့ လက္နက္နဲ႔ဝဲဖက္နံေစာင္းေအာက္ကို ထိုးသြင္းခဲ့တာေၾကာင့္ ရရွိခဲ့တဲ့ ဒဏ္ရာနဲ႔ သနပ္ပင္ၿမိဳ႕ျပည္သူ႔ေဆး႐ုံမွတစ္ဆင့္ ပဲခူးျပည္သူ႔ေဆး႐ုံႀကီး မွာ ရဲေဆးစာနဲ႔တက္ေရာက္ကုသေနတုန္း အဲဒီေန႔မြန္းလြဲ(၁၂)နာရီခန႔္ အခ်ိန္မွာပဲ ေသဆုံးခဲ့ပါၿပီ။

ၿပီးခဲ့တဲ့ ၂.၁၁.၂၀၁၉ ရက္ေန႔၊ညေန(၅)နာရီခန႔္အခ်ိန္က ပဲခူးၿမိဳ႕၊မဇင္းဆည္ရဲ့ ေရတံတားအေက်ာ္က သစ္သားတံတားအနီးမွာ စကားေျပာေနၾကတဲ့ဇနီးေမာင္ႏွံႏွစ္ဦးဆီက မင္းထက္သာ(ခ)ဇြဲမာန္ဟိန္း၊ေက်ာ္သက္ၿဖိဳး(ခ)အာကာနဲ႔ ကိုစိုင္း(ခ)စိုင္းဇာနည္ေက်ာ္ဆိုသူ(၃)ဦးက အနက္ေရာင္ ႏွာေခါင္းစည္း ေတြတပ္၊ ဓားရွည္ေတြကိုင္ၿပီး နားကပ္၊ဆြဲႀကိဳးနဲ႔ဖုန္းတစ္လုံးကို လုယက္ခဲ့ၾကတယ္လို႔သိရပါတယ္။(ေက်ာ္သက္ၿဖိဳး(ခ)အာကာနဲ႔ကိုစိုင္း(ခ)စိုင္းဇာနည္ေက်ာ္တို႔ႏွစ္ဦးကိုေတာ့ ပဲခူးအမွတ္(၂)နယ္ေျမရဲစခန္းက ဖမ္းဆီးနိုင္ခဲ့ၿပီး ယခု အသတ္ခံရသူ မင္းထက္သာ(ခ)ဇြဲမာန္ဟိန္း(ပါ)သူတို႔(၃)စလုံးကို (ပ)၁၆၃၈/၂၀၁၉၊ရာဇစတ္ႀကီးပုဒ္မ ၃၉၄/၁၁၄တို႔နဲ႔အမႈဖြင့္ထား တယ္လို႔သိရပါတယ္)

၂၃.၁၂.၂၀၁၉ ရက္ေန႔၊ညေန(၃)နာရီအခ်ိန္ေလာက္ကလည္း ပဲခူးၿမိဳ႕၊နန္းေတာ္ရာရပ္ကြက္ရွိ ဥႆာကန္ေဘာင္ေပၚမွာ ထိုင္စကားေျပာ ေနၾကတဲ့ လူငယ္ႏွစ္ေယာက္ကို ဓားနဲ႔ခုတ္ခဲ့အမႈနဲ႔ပတ္သက္ၿပီး မင္းထက္သာ(ခ)ဇြဲမာန္ဟိန္း(ပါ)၃ဦးကို ပဲခူးၿမိဳ႕မရဲစခန္းက (ပ)၃၅၄၇/၂၀၁၉၊ ရာဇသတ္ႀကီးပုဒ္မ ၃၀၇/၃၂၄/၁၁၄ တို႔နဲ႔အမႈဖြင့္ ခဲ့ပါတယ္။

`ရာဇဝတ္ေဘးေျပးမလြတ္’ဆိုတဲ့ဆိုရိုးစကားနဲ႔ `ကံ ကံ၏အက်ိဳး ‘ ဆိုတဲ့ အေၾကာင္းရွိလို႔ အက်ိဳးျဖစ္ရတဲ့ေလာကႀကီးမွာ ဘယ္သူမျပဳ မိမိမႈနိုင္ၾကဖို႔ ယေန႔လူငယ္မ်ား ဒီအျဖစ္အပ်က္ကေန သခၤန္းစာ ယူနိုင္ၾကပါေစ။ဧရာ(ပဲခူး)

Unicode

လု ယက်မှု၊ဓားခုတ်မှုတွေနဲ့ ပဲခူးမြို့မရဲစခန်းနဲ့ပဲခူးအမှတ်(၂)နယ်မြေ ရဲစခန်းတွေက အလိုရှိနေတဲ့ထွက်ပြေးတိမ်းရှောင်နေသူ မင်းထက်သာ(ခ)ဇွဲမာန်ဟိန်းဆိုသူဟာ မနေ့က သနပ်ပင်မြို့၊ဈေးပိုင်းရှိ မြို့တော်ရှင်နတ်ကွန်းအနီးမှာ အမည်မသိသူတစ်ဦးက ချွန်ထက်တဲ့ လက်နက်နဲ့ဝဲဖက်နံစောင်းအောက်ကို ထိုးသွင်းခဲ့တာကြောင့် ရရှိခဲ့တဲ့ ဒဏ်ရာနဲ့ သနပ်ပင်မြို့ပြည်သူ့ဆေးရုံမှတစ်ဆင့် ပဲခူးပြည်သူ့ဆေးရုံကြီး မှာ ရဲဆေးစာနဲ့တက်ရောက်ကုသနေတုန်း အဲဒီနေ့မွန်းလွဲ(၁၂)နာရီခန့် အချိန်မှာပဲ သေဆုံးခဲ့ပါပြီ။

ပြီးခဲ့တဲ့ ၂.၁၁.၂၀၁၉ ရက်နေ့၊ညနေ(၅)နာရီခန့်အချိန်က ပဲခူးမြို့၊မဇင်းဆည်ရဲ့ ရေတံတားအကျော်က သစ်သားတံတားအနီးမှာ စကားပြောနေကြတဲ့ဇနီးမောင်နှံနှစ်ဦးဆီက မင်းထက်သာ(ခ)ဇွဲမာန်ဟိန်း၊ကျော်သက်ဖြိုး(ခ)အာကာနဲ့ ကိုစိုင်း(ခ)စိုင်းဇာနည်ကျော်ဆိုသူ(၃)ဦးက အနက်ရောင် နှာခေါင်းစည်း တွေတပ်၊ ဓားရှည်တွေကိုင်ပြီး နားကပ်၊ဆွဲကြိုးနဲ့ဖုန်းတစ်လုံးကို လုယက်ခဲ့ကြတယ်လို့သိရပါတယ်။(ကျော်သက်ဖြိုး(ခ)အာကာနဲ့ကိုစိုင်း(ခ)စိုင်းဇာနည်ကျော်တို့နှစ်ဦးကိုတော့ ပဲခူးအမှတ်(၂)နယ်မြေရဲစခန်းက ဖမ်းဆီးနိုင်ခဲ့ပြီး ယခု အသတ်ခံရသူ မင်းထက်သာ(ခ)ဇွဲမာန်ဟိန်း(ပါ)သူတို့(၃)စလုံးကို (ပ)၁၆၃၈/၂၀၁၉၊ရာဇစတ်ကြီးပုဒ်မ ၃၉၄/၁၁၄တို့နဲ့အမှုဖွင့်ထား တယ်လို့သိရပါတယ်)

၂၃.၁၂.၂၀၁၉ ရက်နေ့၊ညနေ(၃)နာရီအချိန်လောက်ကလည်း ပဲခူးမြို့၊နန်းတော်ရာရပ်ကွက်ရှိ ဥဿာကန်ဘောင်ပေါ်မှာ ထိုင်စကားပြော နေကြတဲ့ လူငယ်နှစ်ယောက်ကို ဓားနဲ့ခုတ်ခဲ့အမှုနဲ့ပတ်သက်ပြီး မင်းထက်သာ(ခ)ဇွဲမာန်ဟိန်း(ပါ)၃ဦးကို ပဲခူးမြို့မရဲစခန်းက (ပ)၃၅၄၇/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၀၇/၃၂၄/၁၁၄ တို့နဲ့အမှုဖွင့် ခဲ့ပါတယ်။

`ရာဇဝတ်ဘေးပြေးမလွတ်’ဆိုတဲ့ဆိုရိုးစကားနဲ့ `ကံ ကံ၏အကျိုး ‘ ဆိုတဲ့ အကြောင်းရှိလို့ အကျိုးဖြစ်ရတဲ့လောကကြီးမှာ ဘယ်သူမပြု မိမိမှုနိုင်ကြဖို့ ယနေ့လူငယ်များ ဒီအဖြစ်အပျက်ကနေ သင်္ခန်းစာ ယူနိုင်ကြပါစေ။ဧရာ(ပဲခူး)