ငွေ တိုးချေးစားသော သူတော်ကောင်း
လွန်ခဲ့တဲ့နှစ်ပေါင်းအတော်ကြာလောက်က မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့နယ်ထဲမှာ ငွေတိုးချေးစားတဲ့ သူတော်ကောင်းကြီးတစ်ယောက်ပေါ်ထွက်ခဲ့ဘူးတယ်။
သူ့ကိုတစ်နယ်လုံးကကြည်ညိုလေးစား ကြတယ်။အခုအချိန်ထိအောင် တစ်သသပြောကြတုန်းပါ။
ဆရာတော် ပျော်ဘွယ်မြို့ကိုတရား တစ်ညသွားဟောတာနဲ့သိခဲ့ရတာ။
ထူးခြားချက်ကတော့ ယာတစ်ကွက်ကို ငါးသောင်းနဲ့အပေါင်ခံထားတယ် ၊အဲဒီလယ်ကို လုပ်စားရင်းနဲ့အရင်းကြေသွားပြီဆိုရင် ပေါင်တဲ့သူကိုခေါ်ပြီး တစ်ခါတည်း ပြန်ပေးလိုက်တယ်။
လစဉ်ရတဲ့အတိုးနဲ့တင် ကျေနပ်လိုက်တဲ့သဘောပေါ့သူခြံရှေ့မှာ စာရေးထားတယ် စားရေး အတွက် အခက်အခဲရှိရင် စပါးတစ်တောင်းနှင့် ဆီတစ်ပုလင်းလူတိုင်းလာယူနိုင်သည် တဲ့။
အိမ်ရှေ့အမှာဆီကိုရာဝင်အိုးကြီးနဲ့ထည့်ထားပြီး၊ စပါးကိုတော့အမိုးလုပ်ပြီး ပုံပေးထားတယ်။
စပါးတို့ ဆီတို့လာယူတဲ့သူကို သူပြောတဲ့ စကားလေးက“ကလေးမ ,,,,,, အပေါ်ယံကြည့်ရင် စပါးတစ်တောင်းနဲ့ဆီတစ်ပုလင်းရတဲ့ ကလေးမက ဦးကိုကျေးဇူးတင်ရမှာ၊ နက်နက်နဲနဲတွေးကြည့်ရင် ဦးက ကလေးမကိုကျေးဇူးတင်ရမှာပါ၊
“ဒါ့ကြောင့်ပညာမဲ့ကယူရတာကိုပျော် ပေမယ့် ၊ ပညာရှိက လှူရတာကိုပျော်တာပါ၊ဘာသာခြားတစ်ဦးက ဘုရားရှင်ကိုမေးဘူးတယ် လူတိုင်းချမ်းသာချင်တယ်၊ ချမ်းသာအောင်လည်းန ည်းမျိုးစုံနဲ့ကြိုးစားနေကြတယ်၊ဒါပေမယ့်တစ်ရာမှာတစ်ယောက်လောက်သာ ချမ်းသာပြီး ၉၉ ယောက်က ဘာ့ကြောင့်ဆင်းရဲတာလဲတဲ့၊ဘုရားရှင်ကဖြေတယ် လူတစ်ရာမှာ တစ်ယောက်လောက်ပဲလှူရတာကိုပျော် ခဲ့ကြလို့ချမ်းသာပြီး ကျန် ၉၉ ယောက်ကတော့ ယူရတာကိုပျော်ခဲ့ကြလို့ဆင်းရဲတာပါတဲ့”
ကလေးမကဦးချမ်းသာအောင် အကျိုးဆောင်ပြီးပြီ ဦးကလည်း ကလေးမချမ်းသာအောင် အကျိုးဆောင်ပါ့မယ် ထမင်းကျက်တာနဲ့ ကြွလာတဲ့သံဃာတော်တွေကိုဆွမ်းလောင်းပါသံဃာ တစ်ပါးကိုဆွမ်းလှူရင် ဘဝကုဋတစ်သိန်းမက အောင်ချမ်းသာပါတယ်”
သူတော်ကောင်းဆိုတော့ သေမယ့်နေ့ကို ကြိုသိပါတယ်၊ အသက်လည်း ၉၀ ကျော်လောက်နေရတယ်လို့မှတ်မိနေတယ်၊သူ့အမျိုးသမီးကိုမှာတယ်
“မနက်ဖြန်ညနေ ၄ နာရီ ငါဆုံးမှာ မဆုံးခင် သံဃာတွေနေ့ဆွမ်းကပ်ပြီး ဓမ္မစကြာတရားနာချင်တယ် စီစဉ်ပေးပါ”ဆွမ်းကပ်တရားနာပြီး ပြောတဲ့အတိုင်းယင်းညနေ ၄ နာရီမှာဆုံးပါတယ်၊
ဒီထက်အကျယ်ကို ဆရာရေးတဲ့ မေတ္တာဖြင့်စီးပွားရှာခြင်းစာအုပ်မှာဖတ်ပါ။
ငွေတိုးချေးစားသူတိုင်းအပြစ်ဖြစ်ပါသလားလို့မေးလာလို့ ဒီပို့စ် ကိုတင်ပေးတာပါ။
ကိုယ်အတိုးရပြီးရောဆိုပြီးတစ်ရာ ၂၀ တိုး၃၀ တိုးလောက်ထိယူပြီး မဆပ်နိုင်တဲ့အခါ အိမ်သိမ်း ခြံသိမ်းလုပ်တဲ့သူတွေကတော့ အပြစ်ရှိပြီး အပယ်ကျနိုင်တာပေါ့၊ဦးကျောက်ခဲလို တစ်ဖက်လူ အဆင်ပြေဘို့ဦးစားပေးသူတွေကတော့ အပြစ်မဖြစ်တဲ့အပြင် အတိုးငွေသာမက ကုသိုလ်တောင်ရပါတယ်။
ဆရာ့ရဲ့အခုအဆုံးအမ အတိုင်းလုပ်လို့ အတိုးလုပ်ငန်းလုပ်ရင်းကြီးပွားသွားတဲ့သာကေတက လင်မယားနှစ်ယောက်အကြောင်းကိုတော့ ဆရာရေးတဲ့ စာရေးဆရာနှင့်ရင်ပေါင်တန်း၍ စာဖတ်သူများ အကြောင်းစာအုပ်မှာဖတ်ပါ။
မေတ္တာရှင် (ရွှေပြည်သာ)၏ မေတ္တာဖြင့်စီးပွားရှာခြင်းစာအုပ်မှအောင်ဝင်း မျှဝေပေးသည်။
Unicode
ငွွေတိုးချေးစားသော သူတော်ကောင်း
လွွန်ခဲ့တဲ့နှစ်ပေါင်းအတော်ကြာလောက်က မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့နယ်ထဲမှာ ငွေတိုးချေးစားတဲ့ သူူတော်ကောင်းကြီးတစ်ယောက်ပေါ်ထွက်ခဲ့ဘူးတယ်။
သူ့ကိိုတစ်နယ်လုံးကကြည်ညိုလေးစား ကြတယ်။အခုအချိန်ထိိအောင် တစ်သသပြောကြတုန်းပါ။
ဆရာတော်် ပျော်ဘွယ်မြို့ကိိုတရား တစ်ညသွားဟောတာနဲ့သိခဲ့ရတာ။
သူက အတိုးကိိုအနည်းဆုံးယူတယ်။ ဥပမာ တစ်ရာနှစ်ကျပ်တိုးလောက်ပေါ့ ။
ထူးခြားချက်ကတော့ ယာတစ်ကွက်ကိို ငါးသောင်းနဲ့အပေါင်ခံထားတယ် ၊အဲဒီလယ်ကိို လုပ်စားရင်းနဲ့အရင်းကြေသွားပြီဆိုရင် ပေါင်တဲ့သူကိုခေါ်ပြီး တစ်ခါတည်း ပြန်ပေးလိိုက်တယ်။
လစဉ်ရတဲ့အတိုးနဲ့တင်် ကျေနပ်လိုက်တဲ့သဘောပေါ့သူခြံရှေ့မှာ စာရေးထားတယ်် စားရေး အတွက် အခက်အခဲရှိရင် စပါးတစ်တောင်းနှင့် ဆီတစ်ပုလင်းလူတိုင်းလာယူနိုိင်သည် တဲ့။
အိိမ်ရှေ့အမှာဆီကိုရာဝင်အိုးကြီးနဲ့ထည့်ထားပြီး၊ စပါးကိုတော့အမိုးလုပ်ပြီး ပုံပေးထားတယ်။
စပါးတိို့ ဆီတို့လာယူတဲ့သူကို သူပြောတဲ့ စကားလေးက“ကလေးမ ,,,,,, အပေါ်ယံကြည့်ရင်် စပါးတစ်တောင်းနဲ့ဆီတစ်ပုလင်းရတဲ့ ကလေးမက ဦးကိိုကျေးဇူးတင်ရမှာ၊ နက်နက်နဲနဲတွေးကြည့်ရင် ဦးက ကလေးမကိိုကျေးဇူးတင်ရမှာပါ၊
ဘာ့ကြောင့်လဲဆိိုတော့ ကလေးမက စပါးတစ်တောင်း ဆီီတစ်ပုလင်းနဲ့ပြီးသွားပေမယ့်် ဦးကတော့ ဘဝပေါင်း တစ်သိိန်းစပါးတင်းပေါင်းများစွာ၊ ဆီပုလင်းပေါင်းများစွာပြန်ရမှာမို့ပါ၊ပညာမဲဲ့အမြင်နဲ့ကြည့်ရင်ယူသူကရသွားတာပါ။ ပညာရှိအမြင်နဲ့ကြည့်တော့ပေးသူကရတာပါ”
“ဒါ့ကြောင့်ပညာမဲ့ကယူရတာကိိုပျော် ပေမယ့် ၊ ပညာရှိက လှူရတာကိုပျော်တာပါ၊ဘာသာခြားတစ်ဦးက ဘုရားရှင်ကိိုမေးဘူးတယ် လူတိုင်းချမ်းသာချင်တယ်၊ ချမ်းသာအောင်လည်းန ည်းမျိုးစုံနဲ့ကြိုးစားနေကြတယ်၊ဒါပေမယ့်တစ်ရာမှာတစ်ယောက်လောက်သာ ချမ်းသာပြီး ၉၉ ယောက်က ဘာ့ကြောင့်ဆင်းရဲတာလဲဲတဲ့၊ဘုရားရှင်ကဖြေတယ် လူတစ်ရာမှာ တစ်ယောက်လောက်ပဲလှူရတာကိုပျော်် ခဲ့ကြလိို့ချမ်းသာပြီး ကျန် ၉၉ ယောက်ကတော့ ယူရတာကိုပျော်ခဲ့ကြလို့ဆင်းရဲတာပါတဲ့”
ကလေးမကဦးချမ်းသာအောင်် အကျိုးဆောင်ပြီးပြီ ဦးကလည်း ကလေးမချမ်းသာအောင်် အကျိုးဆောင်ပါ့မယ် ထမင်းကျက်တာနဲ့ ကြွလာတဲ့သံဃာတော်တွေကိုဆွမ်းလောင်းပါသံံဃာ တစ်ပါးကိုဆွမ်းလှူရင် ဘဝကုဋတစ်သိန်းမက အောင်ချမ်းသာပါတယ်”
သူတော်ကောင်းဆိုတော့ သေမယ့်နေ့ကိို ကြိုသိိပါတယ်၊ အသက်လည်း ၉၀ ကျော်လောက်နေရတယ်လို့မှတ်မိနေတယ်၊သူ့အမျိုးသမီးကိုမှာတယ်
“မနက်ဖြန်ညနေ ၄ နာရီ ငါဆုံးမှာ မဆုံးခင်် သံံဃာတွေနေ့ဆွမ်းကပ်ပြီး ဓမ္မစကြာတရားနာချင်တယ်် စီီစဉ်ပေးပါ”ဆွမ်းကပ်တရားနာပြီး ပြောတဲ့အတိုင်းယင််းညနေ ၄ နာရီမှာဆုံးပါတယ်၊
ဒိီထက်အကျယ်ကိို ဆရာရေးတဲ့ မေတ္တာဖြင့်စီးပွားရှာခြင်းစာအုပ်မှာဖတ်ပါ။
ငွွေတိုးချေးစားသူတိုင်းအပြစ်ဖြစ်ပါသလားလို့မေးလာလို့ ဒီပို့စ် ကိုတင်ပေးတာပါ။
ကိိုယ်အတိုးရပြီးရောဆိုပြီးတစ်ရာ ၂၀ တိုး၃၀ တိုးလောက်ထိယူပြီး မဆပ်နိုင်တဲ့အခါ အိမ်သိမ်း ခြံသိမ်းလုပ်တဲ့သူတွေကတော့့ အပြစ်ရှိပြီး အပယ်ကျနိုင်တာပေါ့၊ဦးကျောက်ခဲလိို တစ်ဖက်လူ အဆင်ပြေဘို့ဦးစားပေးသူတွေကတော့ အပြစ်မဖြစ်တဲ့အပြင် အတိုးငွေသာမက ကုုသိုလ်တောင်ရပါတယ်။
ဆရာ့ရဲ့အခုုအဆုံးအမ အတိုင်းလုပ်လိို့ အတိုးလုပ်ငန်းလုပ်ရင်းကြီးပွားသွားတဲ့သာကေတက လင်မယားနှစ်ယောက်အကြောင်းကိုတော့ ဆရာရေးတဲ့ စာရေးဆရာနှင့်ရင်ပေါင်တန်း၍ စာဖတ်သူများ အကြောင်းစာအုုပ်မှာဖတ်ပါ။
မေတ္တာရှှင် (ရွှေပြည်သာ)၏ မေတ္တာဖြင့်စီးပွားရှာခြင်းစာအုပ်မှအောင်ဝင်း မျှဝေပေးသည်။