အနု ပညာေလာကမွာ မွတ္တိုင္မ်ားစြာ ထူေထာင္ျပီးေနာက္ ေအာင္ျမင္မႈမ်ားစြာ ဆြတ္ခူးရရိွထားတဲ့ မင္းသားေခ်ာလြင္မိုးက လက္ရိွမွာေတာ့ စီးပြားေရးလုပ္ငန္းေတြကို ဦးစီးလုပ္ကိုင္ေနတာပဲ ျဖစ္ပါတယ္။

လြင္မိုးက စီးပြားေရးလုပ္ငန္းမ်ားစြာကို ဦးစီးျပီး လုပ္ကိုင္ေနတာေၾကာင့္ အနုပညာလုပ္ငန္းေတြကို သိပ္ျပီးမလုပ္ကိုင္ေတာ့ေပမယ့္ သူ့ကုိခ်စ္တဲ့ ပရိသတ္ေတြကေတာ့ အနယ္နယ္ အရပ္ရပ္မွာ ရိွေနဆဲ ျဖစ္ပါတယ္။

လြင္မိုးက ၿပီးခဲ့တဲ့ ဇန္နဝါရီလ (၁၉) ရက္ေန႔က ျပင္ဦးလြင္ၿမိဳ႕မွာ က်င္းပျပဳလုပ္တဲ့ ျပည့္ၿဖိဳးေတဇရဲ႕ မဂၤလာဧည့္ခံပြဲကို ခ်စ္ရတဲ့ ဇနီးေခ်ာေလး ေမသူနဲ႔ အတူတူ တက္ေရာက္ခဲ့တာပဲ ျဖစ္ပါတယ္။

ေမသူက အစပိုင္းမွာ ဆံပင္စည္းၿပီးခ်ည္ေႏွာင္ထားတာျဖစ္ၿပီး ဓာတ္ပံု႐ိုက္ခ်ိန္မွာေတာ့ သူမရဲ႕ ဆံပင္ေတြကို ျဖည္ခဲ့တာ ေတြ႔ရပါတယ္။ မင္းသားႀကီးလြင္မိုးကလည္း ဇနီးေမသူရဲ႕ ေခါင္းစည္းႀကိဳးကို လက္မွာပတ္ေပးၿပီး ဇနီးေလးအလွမျပတ္ေအာင္ ပံ့ပိုးေပးခဲ့ပါတယ္။

လြင္မိုးနဲ႔ ေမသူက အခုဆိုရင္ အိမ္ေထာင္သက္ ႏွစ္(၂၀) ေက်ာ္ၿပီျဖစ္ၿပီး သမီးေလးႏွစ္ေယာက္နဲ႔ ေျမးေခ်ာေလးတစ္ေယာက္ကိုပါ ပိုင္ဆိုင္ထားၾကၿပီပဲ ျဖစ္ပါတယ္။

လြင္မိုးရဲ႕ လုပ္ရပ္ကေတာ့ ဘာမွႀကီးႀကီးမားမားမဟုတ္ေပမယ့္ ဇနီးေလးကို ဘယ္ေလာက္ ဂ႐ုစိုက္ၾကင္နာလဲဆိုတာ သိသာထင္႐ွားေနတာပဲေနာ္။ ပရိသတ္ႀကီးလည္း လြင္မိုးရဲ႕ ပံုရိပ္ေလးကိုၾကည့္ၿပီး သေဘာက်ေနၾကမယ္ ထင္ပါတယ္။

Rowena
Source: May Thu’s fb

Unicode

အနု ပညာလောကမှာ မှတ်တိုင်များစွာ ထူထောင်ပြီးနောက် အောင်မြင်မှုများစွာ ဆွတ်ခူးရရှိထားတဲ့ မင်းသားချောလွင်မိုးက လက်ရှိမှာတော့ စီးပွားရေးလုပ်ငန်းတွေကို ဦးစီးလုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။

လွင်မိုးက စီးပွားရေးလုပ်ငန်းများစွာကို ဦးစီးပြီး လုပ်ကိုင်နေတာကြောင့် အနုပညာလုပ်ငန်းတွေကို သိပ်ပြီးမလုပ်ကိုင်တော့ပေမယ့် သူ့ကိုချစ်တဲ့ ပရိသတ်တွေကတော့ အနယ်နယ် အရပ်ရပ်မှာ ရှိနေဆဲ ဖြစ်ပါတယ်။

လွင်မိုးက ပြီးခဲ့တဲ့ ဇန်နဝါရီလ (၁၉) ရက်နေ့က ပြင်ဦးလွင်မြို့မှာ ကျင်းပပြုလုပ်တဲ့ ပြည့်ဖြိုးတေဇရဲ့ မင်္ဂလာဧည့်ခံပွဲကို ချစ်ရတဲ့ ဇနီးချောလေး မေသူနဲ့ အတူတူ တက်ရောက်ခဲ့တာပဲ ဖြစ်ပါတယ်။

မေသူက အစပိုင်းမှာ ဆံပင်စည်းပြီးချည်နှောင်ထားတာဖြစ်ပြီး ဓာတ်ပုံရိုက်ချိန်မှာတော့ သူမရဲ့ ဆံပင်တွေကို ဖြည်ခဲ့တာ တွေ့ရပါတယ်။ မင်းသားကြီးလွင်မိုးကလည်း ဇနီးမေသူရဲ့ ခေါင်းစည်းကြိုးကို လက်မှာပတ်ပေးပြီး ဇနီးလေးအလှမပြတ်အောင် ပံ့ပိုးပေးခဲ့ပါတယ်။

လွင်မိုးနဲ့ မေသူက အခုဆိုရင် အိမ်ထောင်သက် နှစ်(၂၀) ကျော်ပြီဖြစ်ပြီး သမီးလေးနှစ်ယောက်နဲ့ မြေးချောလေးတစ်ယောက်ကိုပါ ပိုင်ဆိုင်ထားကြပြီပဲ ဖြစ်ပါတယ်။

လွင်မိုးရဲ့ လုပ်ရပ်ကတော့ ဘာမှကြီးကြီးမားမားမဟုတ်ပေမယ့် ဇနီးလေးကို ဘယ်လောက် ဂရုစိုက်ကြင်နာလဲဆိုတာ သိသာထင်ရှားနေတာပဲနော်။ ပရိသတ်ကြီးလည်း လွင်မိုးရဲ့ ပုံရိပ်လေးကိုကြည့်ပြီး သဘောကျနေကြမယ် ထင်ပါတယ်။

Rowena
Source: May Thu’s fb