ရွမ္းျပည္နယ္ ဖယ္ခုံၿမိဳ႕တြင္ ၾကြက္ႏိွမ္ႏွင္းရန္ လႊတ္လိုက္သည့္ေျမြမ်ား လူကိုအႏၲရာယ္မျပဳေၾကာင္း သစ္ေတာဦးစီးဌာနရွင္းလင္း…

ႂကြက္မ်ားႏွိမ္နင္းကာကြယ္ရန္အတြက္ ဖယ္ခုံၿမိဳ႕တြင္ လႊတ္ေပးခဲ့သည့္ ေႁမြမ်ားမွာ လူကို အႏၲရာယ္မျပဳႏိုင္သည့္ လင္းေႁမြမ်ားသာ ျဖစ္ေၾကာင္း ရွမ္းျပည္နယ္သစ္ေတာဦးစီးဌာနက ဇန္နဝါရီလ ၂၁ ရက္ ညေနပိုင္းက ျပန္လည္ ရွင္းလင္းခဲ့သည္။

လားရႈိးၿမိဳ႕နယ္အတြင္းတြင္ ၿပီးခဲ့သည့္ရက္ပိုင္းက ဖမ္းဆီးရမိခဲ့သည့္ လင္းေႁမြ (၂၅၂)ေကာင္ကို ႂကြက္မ်ား ေသာင္းၾကမ္းသည့္ ဖယ္ခုံၿမိဳ႕နယ္အတြင္းမွ ေက်း႐ြာအခ်ိဳ႕တြင္ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ကယန္းတိုင္းရင္းသားေရးရာ ဝန္ႀကီး၏ အစီအမံျဖင့္ ဇန္နဝါရီလ ၁၅ ရက္ နံနက္ပိုင္းက လႊတ္ေပးခဲ့ျခင္း ျဖစ္ေၾကာင္း သိရိွရသည္။

လားရႈိးၿမိဳ႕နယ္တြင္ ဖမ္းဆီးရမိၿပီး ေပးပို႔လာသည့္ လင္းေႁမြ (၂၅၂)ေကာင္ထဲမွ (၃)ေကာင္ေသဆုံးခဲ့ၿပီး က်န္သည့္ (၂၄၉)ေကာင္ကို အလယ္ကယန္းေက်း႐ြာအုပ္စု၊ ျပင္ေဆာင္ေက်း႐ြာတြင္ (၆၃)ေကာင္၊ သိက်ိတ္ေက်း႐ြာအုပ္စု၊ ေမာင္တိုးသစ္ေက်း႐ြာတြင္ (၉၅)ေကာင္၊ သိက်ိတ္ေက်း႐ြာအုပ္စု သိက်ိတ္ေက်း႐ြာတြင္ (၃၁)ေကာင္ႏွင့္ သိက်ိတ္ေက်း႐ြာအုပ္စု၊ ေလဒူေကာင္းေက်း႐ြာတြင္ (၅၉) ေကာင္ျဖင့္ အသီးသီး လႊတ္ေပးခဲ့ျခင္းျဖစ္ေၾကာင္း သိရိွရသည္။

ဖယ္ခုံၿမိဳ႕နယ္အတြင္းရွိ ေက်း႐ြာမ်ားတြင္ ရာသီစပါးေပၚခ်ိန္၏ ႂကြက္မ်ားက သီးႏွံမ်ားကို ႏွစ္စဥ္ဖ်က္ဆီးေလ့ရွိၿပီး လက္ရွိအခ်ိန္တြင္မူ သီးႏွံေပၚခ်ိန္မဟုတ္ေတာ့သည့္အတြက္ ႂကြက္ေသာင္းက်န္းမႈ နဲသြားျခင္းျဖစ္ေၾကာင္း ဖယ္ခုံေဒသခံတစ္ဦးက ေျပာသည္။

ဓာတ္ပံု-MeKongNews / MPA

Unicode

ရှမ်းပြည်နယ် ဖယ်ခုံမြို့တွင် ကြွက်နှိမ်နှင်းရန် လွှတ်လိုက်သည့်မြွေများ လူကိုအန္တရာယ်မပြုကြောင်း သစ်တောဦးစီးဌာနရှင်းလင်း…

ကြွက်များနှိမ်နင်းကာကွယ်ရန်အတွက် ဖယ်ခုံမြို့တွင် လွှတ်ပေးခဲ့သည့် မြွေများမှာ လူကို အန္တရာယ်မပြုနိုင်သည့် လင်းမြွေများသာ ဖြစ်ကြောင်း ရှမ်းပြည်နယ်သစ်တောဦးစီးဌာနက ဇန်နဝါရီလ ၂၁ ရက် ညနေပိုင်းက ပြန်လည် ရှင်းလင်းခဲ့သည်။

လားရှိုးမြို့နယ်အတွင်းတွင် ပြီးခဲ့သည့်ရက်ပိုင်းက ဖမ်းဆီးရမိခဲ့သည့် လင်းမြွေ (၂၅၂)ကောင်ကို ကြွက်များ သောင်းကြမ်းသည့် ဖယ်ခုံမြို့နယ်အတွင်းမှ ကျေးရွာအချို့တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ကယန်းတိုင်းရင်းသားရေးရာ ဝန်ကြီး၏ အစီအမံဖြင့် ဇန်နဝါရီလ ၁၅ ရက် နံနက်ပိုင်းက လွှတ်ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

လားရှိုးမြို့နယ်တွင် ဖမ်းဆီးရမိပြီး ပေးပို့လာသည့် လင်းမြွေ (၂၅၂)ကောင်ထဲမှ (၃)ကောင်သေဆုံးခဲ့ပြီး ကျန်သည့် (၂၄၉)ကောင်ကို အလယ်ကယန်းကျေးရွာအုပ်စု၊ ပြင်ဆောင်ကျေးရွာတွင် (၆၃)ကောင်၊ သိကျိတ်ကျေးရွာအုပ်စု၊ မောင်တိုးသစ်ကျေးရွာတွင် (၉၅)ကောင်၊ သိကျိတ်ကျေးရွာအုပ်စု သိကျိတ်ကျေးရွာတွင် (၃၁)ကောင်နှင့် သိကျိတ်ကျေးရွာအုပ်စု၊ လေဒူကောင်းကျေးရွာတွင် (၅၉) ကောင်ဖြင့် အသီးသီး လွှတ်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ဖယ်ခုံမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ရာသီစပါးပေါ်ချိန်၏ ကြွက်များက သီးနှံများကို နှစ်စဉ်ဖျက်ဆီးလေ့ရှိပြီး လက်ရှိအချိန်တွင်မူ သီးနှံပေါ်ချိန်မဟုတ်တော့သည့်အတွက် ကြွက်သောင်းကျန်းမှု နဲသွားခြင်းဖြစ်ကြောင်း ဖယ်ခုံဒေသခံတစ်ဦးက ပြောသည်။

ဓာတ်ပုံ-MeKongNews / MPA