အ သက္ ၃၆ ႏွစ္အ႐ြယ္ လူငယ္တစ္ဦးဟာ အလုပ္အသစ္အတြက္ ကုမၸဏီတစ္ခုတြင္ အင္တာဗ်ဴးဝင္ေနစဥ္အတြင္း အလုပ္အင္တာဗ်ဴးသူရဲ႕ေရွ႕မွာတင္ ႐ုတ္တရက္ ေမ့လဲက်ခဲ့ၿပီး ေသဆုံးခဲ့ရမႈတစ္ခု ႏိုဝင္ဘာလ ၂၆ ရက္ေန႔က ျဖစ္ပြားခဲ့ပါတယ္။

တ႐ုတ္ႏိုင္ငံ ဟန္က်ိဳးၿမိဳ႕မွ အမ်ိဳးသားတစ္ဦးဟာ အလုပ္အင္တာဗ်ဴးဝင္ေနခ်ိန္တြင္ ႐ုတ္တရက္ လဲက်သြားခဲ့တာေၾကာင့္ ေဆး႐ုံကို အေရးေပၚတင္ပို႔ခဲ့ရပါတယ္။ ေဆး႐ုံေရာက္တဲ့အခ်ိန္မွာေတာ့ သူ႔ရဲ႕မ်က္စိသူငယ္အိမ္ဟာ က်ယ္ေနတာကို စစ္ေဆးေတြ႕ခဲ့ရၿပီးေနာက္ ေသဆုံးသြားၿပီျဖစ္ေၾကာင္း ဆရာဝန္ေတြက အတည္ျပဳေပးခဲ့ပါတယ္။

အလုပ္အင္တာဗ်ဴးသူရဲ႕ အဆိုအရ လူငယ္ဟာ ယခင္အလုပ္မွာတုန္းက အလုပ္အလြန္ႀကိဳးစားခဲ့ၿပီး အၿမဲတမ္းလိုလို ညနက္သည္အထိ အခ်ိန္ပိုအလုပ္လုပ္ခဲ့ရေၾကာင္း၊ ဒါေၾကာင့္မို႔ သူ႔အေနနဲ႔ အလုပ္ေျပာင္းဖို႔ ႀကိဳးစားေနတာျဖစ္ေၾကာင္း သိရပါတယ္။ ဒါ့အျပင္ လူငယ္ဟာ ေသြးတိုးေရာဂါလည္း ရွိသူျဖစ္ပါတယ္။

လူငယ္ဟာ ႐ုတ္တရက္ ႏွလုံးေဖာက္တဲ့ ေဝဒနာေၾကာင့္ အခုလို ႐ုတ္တရက္ေသဆုံးခဲ့ရေၾကာင္း ဆရာဝန္ေတြက ဆိုပါတယ္။ ေသဆုံးသူဟာ ႏွလုံးေသြးေၾကာနဲ႔ဆိုင္တဲ့ ေရာဂါနဲ႔ ေသြးတိုးေရာဂါရွိသူျဖစ္ပါတယ္။ ဒီလိုေရာဂါရွိေနသူေတြဟာ ေရွ႕ေျပးေရာဂါလကၡဏာေတြမျပပဲ က်န္းမာေရးအကာင္းႀကီးကေန ႐ုတ္တရက္ အခ်ိန္မေ႐ြး ႏွလုံးရပ္ၿပီး ေသဆုံးႏိုင္ေျခ ျမင့္မားတယ္လို႔ ဆိုပါတယ္။ ဒါေၾကာင့္ ႏွလုံးနဲ႔ ပက္သက္တဲ့ေရာဂါ ရွိသူေတြအေနနဲ႔ က်န္းမာေရးကို ဂ႐ုစိုက္ၿပီး လုပ္သင့္တဲ့အလုပ္ခ်ိန္ထက္ ပိုၿပီး အလုပ္လုပ္တာေတြကို ေရွာင္က်ဥ္ၾကဖို႔ ဆရာဝန္က သတိေပးလိုက္ပါတယ္။

Unicode

အ သက် ၃၆ နှစ်အရွယ် လူငယ်တစ်ဦးဟာ အလုပ်အသစ်အတွက် ကုမ္ပဏီတစ်ခုတွင် အင်တာဗျူးဝင်နေစဉ်အတွင်း အလုပ်အင်တာဗျူးသူရဲ့ရှေ့မှာတင် ရုတ်တရက် မေ့လဲကျခဲ့ပြီး သေဆုံးခဲ့ရမှုတစ်ခု နိုဝင်ဘာလ ၂၆ ရက်နေ့က ဖြစ်ပွားခဲ့ပါတယ်။

တရုတ်နိုင်ငံ ဟန်ကျိုးမြို့မှ အမျိုးသားတစ်ဦးဟာ အလုပ်အင်တာဗျူးဝင်နေချိန်တွင် ရုတ်တရက် လဲကျသွားခဲ့တာကြောင့် ဆေးရုံကို အရေးပေါ်တင်ပို့ခဲ့ရပါတယ်။ ဆေးရုံရောက်တဲ့အချိန်မှာတော့ သူ့ရဲ့မျက်စိသူငယ်အိမ်ဟာ ကျယ်နေတာကို စစ်ဆေးတွေ့ခဲ့ရပြီးနောက် သေဆုံးသွားပြီဖြစ်ကြောင်း ဆရာဝန်တွေက အတည်ပြုပေးခဲ့ပါတယ်။

အလုပ်အင်တာဗျူးသူရဲ့ အဆိုအရ လူငယ်ဟာ ယခင်အလုပ်မှာတုန်းက အလုပ်အလွန်ကြိုးစားခဲ့ပြီး အမြဲတမ်းလိုလို ညနက်သည်အထိ အချိန်ပိုအလုပ်လုပ်ခဲ့ရကြောင်း၊ ဒါကြောင့်မို့ သူ့အနေနဲ့ အလုပ်ပြောင်းဖို့ ကြိုးစားနေတာဖြစ်ကြောင်း သိရပါတယ်။ ဒါ့အပြင် လူငယ်ဟာ သွေးတိုးရောဂါလည်း ရှိသူဖြစ်ပါတယ်။

လူငယ်ဟာ ရုတ်တရက် နှလုံးဖောက်တဲ့ ဝေဒနာကြောင့် အခုလို ရုတ်တရက်သေဆုံးခဲ့ရကြောင်း ဆရာဝန်တွေက ဆိုပါတယ်။ သေဆုံးသူဟာ နှလုံးသွေးကြောနဲ့ဆိုင်တဲ့ ရောဂါနဲ့ သွေးတိုးရောဂါရှိသူဖြစ်ပါတယ်။ ဒီလိုရောဂါရှိနေသူတွေဟာ ရှေ့ပြေးရောဂါလက္ခဏာတွေမပြပဲ ကျန်းမာရေးအကာင်းကြီးကနေ ရုတ်တရက် အချိန်မရွေး နှလုံးရပ်ပြီး သေဆုံးနိုင်ခြေ မြင့်မားတယ်လို့ ဆိုပါတယ်။ ဒါကြောင့် နှလုံးနဲ့ ပက်သက်တဲ့ရောဂါ ရှိသူတွေအနေနဲ့ ကျန်းမာရေးကို ဂရုစိုက်ပြီး လုပ်သင့်တဲ့အလုပ်ချိန်ထက် ပိုပြီး အလုပ်လုပ်တာတွေကို ရှောင်ကျဉ်ကြဖို့ ဆရာဝန်က သတိပေးလိုက်ပါတယ်။