Unicode
ဘဝမှာ တက်ရောက်ဖူးသမျှ မင်္ဂလာဆောင်တွေထဲမှာ အခမ်နားဆုံးပွဲကို တက်ရောက်ခဲ့ရတယ်ဆိုတဲ့ AH BOY နဲ့ မြတ်ရတနာကျော်
ပရိသတ်ကြီးရေ မြတ်ရတနာကျော်ကကတော့ ပရိသတ်ကြီးကိုအထူမတိဆက်ပေးစရာလိုမယ်မထင်ပါဘူးနော်။ ဘာဘီ ကြွေအရုပ်လေးလို ချစ်စရာကောင်းတဲ့ မျက်နှာထားလေးကိုပိုင်ဆိုင်ထားပြီး
ထျန်ခေးရဲ့ ” ချစ်လွန်းလို့ပါ ” Music MTV လေးထဲကနေ စတင်ကာ အမျိုးသားပရိသတ်တွေရဲ့ တခဲနက်အားပေးမှုရရှိခဲ့တဲ့သူဆိုတာ သိပြီးသားဖြစ်မှာပါနော်။
အခုချိန်မှာတော့အနုပညာအလုပ်တွေကိုရပ်နားကာ အဆိုတော် Ah Boy နဲ့ အတူ သားယာပျော်ရွှင်ဖွယ်မိသားစုဘဝလေးကိုတည်ဆောက်ထားပြီး ချစ်စရာကောင်းတဲ့ သမီးလေး Scarlett ကိုလည်း ပိုင်ဆိုင်ထားပြီပဲ ဖြစ်ပါတယ်။
အိမ်ထောင်သက် (၂)နှစ်ကျော် ရှိခဲ့ပေမယ့် အချစ်တွေကတော့ အခုချိန်ထိ လတ်ဆတ်နေဆဲဖြစ်ပြီး ” Our Travel Diaries ” ဆိုတဲ့ Page လေးနဲ့ Vlog လေးတွေ ပြုလုပ်လျက်ရှိနေတာပဲ ဖြစ်ပါတယ်။
ဒီနေ့မှာလည်း သူတို့နှစ်ယောက်ရဲ့ ” Our Travel Diaries ” ဘဝမှာ တက်ရောက်ဖူးသမျှ မင်္ဂလာဆောင်တွေထဲမှာ တကယ်ကို အခမ်းနားဆုံးနှင့် အလှပဆုံးပါပဲ။ Big congratulations to my buddy Phyo Tay Za and beautiful bride Thet Hnin Hlaing.နှစ်ပေါင်း (၁၅၀) တိုင် ပျော်ရွှင်ပြီးပြည့်စုံသော မိသားစုဖြစ်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။ ” ဆိုပြီး
လတ်တလော လူတိုင်းပါးစပ်ဖျားမှာ ရေပန်းစားခဲ့ သိန်း(၅)ထောင်ဖိုး ပန်းတွေနဲ့အလှဆင်ထားတဲ့ မင်္ဂလာပွဲကို တက်ရောက်ခဲ့ကြောင်း ပြောပြခဲ့ပြီး ဂုဏ်ပြုစကားပြောခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ခမ်းနားလှတဲ့ မင်္ဂလာပွဲက ဇနီးမောင်နှံအတွက် ဂုဏ်ပြုစကားပြောခဲ့ပါဦးနော်။