G-fatt ကေတာ့ အခ်စ္ေရးထက္ မိသားစုအေရးကိုပဲ ဦးတည္ကာ ခ်စ္ရတဲ့ အႏုပညာအလုပ္ေလးေတြကို လုပ္ကိုင္ကာ ဘဝကိုေပါ့ပါးစြာ ျဖတ္သန္းေနတာပဲျဖစ္ပါတယ္..။

ခ်စ္ သူေဟာင္းမင္းသမီးေခ်ာေလး နန္းဆုရတီစိုးနဲ႔ လမ္းခြဲခဲ့ၿပီးတဲ့ေနာက္မွာ အခ်စ္ေရးထက္ ဘဝအေရးကိုသာအာ႐ုံစိုက္ လုပ္ကိုင္ေနခဲ့တာပါ..။

သူတို႔ႏွစ္ဦး လမ္းခြဲခဲ့ရတာေတာ့ တစ္ေယာက္နဲ႔တစ္ေယာက္ရဲ႕အျပစ္ေတြထက္ ႏွစ္ဦးသားလမ္းခြဲဖို႔ ျဖစ္လာတာပါလို႔လည္း အင္တာဗ်ဴးတစ္ခုမွာ ေျပာျပခဲ့ ဖူးပါတယ္ …။

G-Fattကေတာ့ လတ္တေလာမွာ ရႈိးပြဲေလးေတြမွာ ေဖ်ာ္ေျဖေနသလို သူငယ္ခ်င္းေတြနဲ႔ေပ်ာ္႐ႊင္စြာအခ်ိန္ကုန္ေနတာပဲျဖစ္ပါတယ္..။

အခ်ိန္ေတြကို ေပ်ာ္႐ႊင္ေပါ့ပါးစြာ ျဖတ္သန္းေနၾကေပမယ့္ ႏွစ္ဦးသားဟာ အမွတ္တရေလးေတြကို တိုက္ဆိုင္ရင္ သတိရေနၾကတဲ့အေၾကာင္းကိုလည္း မီဒီယာတစ္ခုရဲ႕ အင္တာဗ်ဴးေလးတစ္ခုမွာ ေျပာျပခဲ့ပါေသးတယ္..။

ဇန္နဝါရီလ(၁၉)ရက္ေန႔မွာေတာ့ g-fattဟာ “အေတြးေတြကို မီးျငႇိလိုက္ရင္ မင္း ဆိုတဲ့ အခိုးအေငြ႕ေလးပဲ ထြက္တယ္”ဆိုတဲ့စာသားေလးကို သူ႔ရဲ႕ လူမႈကြန္ရက္စာမ်က္ႏွာေပၚမွာ တင္လာခဲ့ပါတယ္ …။

G-fatt တစ္ေယာက္ဟာလည္း မခ်စ္ၾကေတာ့လို႔ လမ္းခြဲခဲ့တာမဟုတ္တဲ့ သူတို႔ႏွစ္ဦးရဲ႕ လမ္းခြဲျခင္းေၾကာင့္ ခံစားမႈေလးေတြေတာ့ က်န္ေနေသးတယ္ထင္ပါတယ္ ။

G-Fatt နဲ႔ နန္းဆုရတီစိုးတို႔က ျပန္ဆက္လို႔မရေတာ့တဲ့ လမ္းခြဲျခင္းမ်ိဳးမို႔ ျပန္ဆက္ေစခ်င္ေနတဲ့ ပရိသတ္ေတြလည္း ထပ္တူဝမ္းနည္းေနၾကရပါတယ္။ ပရိသတ္ႀကီးလည္း အလြမ္းေတြပိုကာ ဝမ္းနည္းေနတဲ့ G-Fatt အတြက္ အားေပးစကားေလးေတြေျပာေပးသြားပါအုံးေနာ္ …။ ။

Source:G-Fatt

Unicode

G-fatt ကတော့ အချစ်ရေးထက် မိသားစုအရေးကိုပဲ ဦးတည်ကာ ချစ်ရတဲ့ အနုပညာအလုပ်လေးတွေကို လုပ်ကိုင်ကာ ဘဝကိုပေါ့ပါးစွာ ဖြတ်သန်းနေတာပဲဖြစ်ပါတယ်..။

ချစ် သူဟောင်းမင်းသမီးချောလေး နန်းဆုရတီစိုးနဲ့ လမ်းခွဲခဲ့ပြီးတဲ့နောက်မှာ အချစ်ရေးထက် ဘဝအရေးကိုသာအာရုံစိုက် လုပ်ကိုင်နေခဲ့တာပါ..။

သူတို့နှစ်ဦး လမ်းခွဲခဲ့ရတာတော့ တစ်ယောက်နဲ့တစ်ယောက်ရဲ့အပြစ်တွေထက် နှစ်ဦးသားလမ်းခွဲဖို့ ဖြစ်လာတာပါလို့လည်း အင်တာဗျူးတစ်ခုမှာ ပြောပြခဲ့ ဖူးပါတယ် …။

G-Fattကတော့ လတ်တလောမှာ ရှိုးပွဲလေးတွေမှာ ဖျော်ဖြေနေသလို သူငယ်ချင်းတွေနဲ့ပျော်ရွှင်စွာအချိန်ကုန်နေတာပဲဖြစ်ပါတယ်..။

အချိန်တွေကို ပျော်ရွှင်ပေါ့ပါးစွာ ဖြတ်သန်းနေကြပေမယ့် နှစ်ဦးသားဟာ အမှတ်တရလေးတွေကို တိုက်ဆိုင်ရင် သတိရနေကြတဲ့အကြောင်းကိုလည်း မီဒီယာတစ်ခုရဲ့ အင်တာဗျူးလေးတစ်ခုမှာ ပြောပြခဲ့ပါသေးတယ်..။

ဇန်နဝါရီလ(၁၉)ရက်နေ့မှာတော့ g-fattဟာ “အတွေးတွေကို မီးငြှိလိုက်ရင် မင်း ဆိုတဲ့ အခိုးအငွေ့လေးပဲ ထွက်တယ်”ဆိုတဲ့စာသားလေးကို သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ် …။

G-fatt တစ်ယောက်ဟာလည်း မချစ်ကြတော့လို့ လမ်းခွဲခဲ့တာမဟုတ်တဲ့ သူတို့နှစ်ဦးရဲ့ လမ်းခွဲခြင်းကြောင့် ခံစားမှုလေးတွေတော့ ကျန်နေသေးတယ်ထင်ပါတယ် ။

G-Fatt နဲ့ နန်းဆုရတီစိုးတို့က ပြန်ဆက်လို့မရတော့တဲ့ လမ်းခွဲခြင်းမျိုးမို့ ပြန်ဆက်စေချင်နေတဲ့ ပရိသတ်တွေလည်း ထပ်တူဝမ်းနည်းနေကြရပါတယ်။ ပရိသတ်ကြီးလည်း အလွမ်းတွေပိုကာ ဝမ်းနည်းနေတဲ့ G-Fatt အတွက် အားပေးစကားလေးတွေပြောပေးသွားပါအုံးနော် …။ ။

Source:G-Fatt